ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေး မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂသံအမတ်ကြီးအား လက်ခံတွေ့ဆုံ

 

နေပြည်တော် မတ် ၂၁
===============
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးသည် မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂသံအမတ်ကြီး H.E.Mr. Kristian Schmidt အား ယနေ့ မွန်းလွဲ ၂နာရီခွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ်၊ နေပြည်တော်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။ယင်းသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံနှင့် ဥရောပသမဂ္ဂနိုင်ငံများအကြား ချစ်ကြည်ရေး၊ ဆက်ဆံရေးတိုးမြှင့်ဆောင်ရွက်ရေး၊ မြန်မာနိုင်ငံအပေါ် ကုန်သွယ်မှုအထူးအခွင့်အရေး ဆက်လက်ပေးအပ်ထားရှိရေး၊ ၂ဝ၂ဝ ရွေးကောက်ပွဲဆိုင်ရာကိစ္စများ အမြင်ချင်းဖလှယ် ခြင်း၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ နိုင်ငံရေးသဘောထားရပ်တည်မှု အခြေအနေများအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေး ခဲ့ကြသည်။
တွေ့ဆုံပွဲသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌဦးသန်းဌေးနှင့်အတူ အထွေထွေအတွင်းရေးမှူးဦးသက်နိုင်ဝင်း၊ ဗဟိုအတွင်းရေးမှူးဒေါက်တာကျော်ကျော်ဌေး၊ ဗဟိုအလုပ်အမှုဆောင် ဦးဝဏ္ဏမောင်လွင်နှင့် ဗဟိုကော်မတီဝင် ဒေါက်တာနန္ဒာလှမြင့် တို့တက်ရောက်ခဲ့ကြသည်။