ချင်းပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြောရေးဆိုခွင့်ရှိသူများနှင့် ဒေသတွင်းသတင်းဌာနများ တွေ့ဆုံမိတ်ဆက်ပွဲကျင်းပ

 

ရန်ကုန် ဧပြီ ၁ဝ

ချင်းပြည်နယ်ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီ ပြောရေးဆိုခွင့်ရှိသူများ နှင့် ဒေသတွင်းရှိ သတင်းဌာနများ တွေ့ဆုံ မိတ်ဆက်ပွဲကို ယမန်နေ့ နံနက် ၁ဝ နာရီမှ မွန်းလွဲ ၁ နာရီ ၁၅ မိနစ်အထိ ပြည်နယ် ပါတီရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။

ချင်းပြည်​နယ်​၊မင်းတပ်​ခရိုင်​၊ကန်​ပက်​လက်​မြို့နယ်​တွင်​ ကျင်းပသော လူထု​တွေ့ဆုံပွဲအခမ်းအနားသို့ ပြည်​ခိုင်​ဖြိုးပါတီဥက္ကဋ္ဌဦသန်း​ဌေးတက်​​ရောက်​အား​ပေး

 

အောက်​တိုဘာ ၃၊ ကန်​ပက်​လက်

ချင်းပြည်​နယ်​၊မင်းတပ်​ခရိုင်​၊ကန်​ပက်​လက်​မြို့နယ်​၊ကန်​ပက်​လက်​မြို့၊မြို့မ(၂)ရပ်​ကွက်​၊အထက​ဘောလုံးကွင်းတွင်​ ယ​နေ့နံနက်​(၉)နာရီမှ(၁၀)နာရီ၃၀မိနစ်​အထိ ကျင်းပ​သောလူထု​တွေ့ဆုံပွဲအခမ်းအနားသို့အခမ်း အနားသို့ ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီဥက္ကဋ္ဌဦးသန်း​ဌေး တက်​​ရောက်​အား​ပေး ချီးမြှင့်​ခဲ့သည်​။

အခမ်းအနားအား နိုင်​ငံ​တော်​အလံအား အ​လေးပြု၍ နိုင်​ငံတော်​သီချင်း သံပြိုင်​သီဆိုဖွင့်​လှစ်​ခဲ့ကာ ကန်​ပက်​လက်​မြို့ နယ်​၊ပြည်​သူ့လွှတ်​​တော်​ကိုယ်​စားလှယ်​​လောင်းဦးမနားနိုင်း၏ ကိုယ်​​ရေးအကျဉ်းအား မြို့နယ်​ပါတီအတွင်း​ရေးမှူးဦးကီးပိုင်းမှ ဖတ်​ကြား​ပြီး​နောက်​ပြည်​ခိုင်​ဖြိုးပါတီဥက္ကဋ္ဌဦးသန်း​ဌေးက နှုတ်​ခွန်းဆက်​အမှာစကား​ပြောကြားခဲ့သည်​။

ပြည်​ခိုင်​ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်း​ဌေး ကန်​ပက်​လက်​မြို့​ပေါ်ရှိ ဘုန်​​တော်​ကြီး​ကျောင်းနှင့်​မက်​ဒရစ်​အသင်း​တော်​များသို့ သွား​ရောက်​၍ လှူဖွယ်​ပစ္စည်းများနှင့်​အလှူ​ငွေများ​ပေးအပ်​ လှူဒါန်း

အောက်​တိုဘာ ၃၊ ကန်​ပက်​လက်

ချင်းပြည်​နယ်​၊မင်းတပ်​ခရိုင်​၊ကန်​ပက်​လက်​မြို့နယ်​၊ကန်​ပက်​မြို့သို့​ရောက်​ရှိ​နေ​သော ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီ ဥက္ကဋ္ဌဦးသန်း​ဌေးသည်​ မြို့​ပေါ်ရှိ ​မြို့မထေရဝါဒဗုဒ္ဓသာသနာပြုဗဟို​ကျောင်းတိုက်​နှင့်​မက်​ဒရစ်​အသင်း ​တော်​များသို့ ယနေ့ ၁၁နာရီ သွား​ရောက်​၍လှူဖွယ်​ပစ္စည်းများနှင့်​အလှူ​ငွေများ​ပေးအပ်​လှူဒါန်းခဲ့သည်​။

ရှေးဦးစွာ ပြည်​ခိုင်​ဖြိုးပါတီဥက္ကဋ္ဌဦးသန်း​ဌေးနှင့်​အဖွဲ့သည်​ ကန်​ပက်​လက်​မြို့ရှိ မြို့မထေရဝါဒဗုဒ္ဓသာသနာပြုဗဟို​ကျောင်းတိုက်​သို့ ​ရောက်​ရှိလာပြီး ​တိုက်​အုပ်​ဆရာ​တော်​ ဘဒ္ဒန္တ ဥတ္တမကို ဖူး​မျှော်​ကြည်​ညို၍ လှူဖွယ်​ပစ္စည်းများနှင့်​အလှူ​ငွေများ​ပေးအပ်​လှူဒါန်းခဲ့သည်​။

ပြည်​ခိုင်​ဖြိုးပါတီဥက္ကဋ္ဌဦးသန်း​ဌေး ချင်းပြည်​နယ်​၊မင်းတပ်​ခရိုင်​၊ကန်​ပက်​လက်​မြို့နယ်​ ပြည်​ခိုင်​ဖြိုးပါတီဝင်​များနှင့်​​တွေ့ဆုံအမှာစကား​ပြောကြား

အောက်​တိုဘာ ၃ ၊ ကန်​ပက်လက်

ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီဥက္ကဋ္ဌဦးသန်း ​ဌေးသည်​ အောက်တိုဘာ ၂ ရက်နေ့ ည​နေ၄နာရီက ကန်​ပက်​လက်​မြို့နယ်​ပါတီရုံးတွင်​ ချင်းပြည်​နယ်​၊မင်းတပ်​ခရိုင်​၊ကန်​ပက်​လက် ​မြို့နယ်​ ပြည်​ခိုင်​ဖြိုးပါတီဝင်​များနှင့်​​တွေ့ဆုံ၍ အမှာစကား ​ပြောကြားခဲ့သည်​။

ထို့​နောက်​ ပါတီအ​ထွေ​ထွေအတွင်း​ရေးမှူးဦး သက်​နိုင်​ဝင်း၊ပါတီဗဟိုအလုပ်​အမှု​ဆောင်​များဖြစ်​ကြ​သောဦးဝဏ္ဏ​မောင်​လွင်​၊ဦး​သောင်း​အေး၊ဦး​အောင်​တင်​မြင့်​တို့မှ မိတ်​ဆက်​အမှာစကားများ အသီးသီး ​ပြောကြားခဲ့သည်​။

၂၀၁၈-ကြားဖြတ်​​ရွေး​ကောက်​ပွဲတွင်​ ကန်ပက်လက် မြို့နယ်​မှပါဝင်​ယှဉ်​ပြိုင်​မည့်​ ကိုယ်​စားလှယ်​​လောင်းမိတ်​ဆက်

 

၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲတွင် ချင်းပြည်နယ် ကန်ပက်လက်မြို့နယ် ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် နေရာတွင် အဓိကအနေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေ ၊ ပြည်ထောင်စုနဲ့ ပြည်နယ်အစိုးရကြား ချိတ်ဆက်ပြီးလုပ်နိုင်တဲ့ အတိုင်းအတာတွင်းကြိုးစားပြီးလုပ်ဆောင်နိုင်ဖို့ရည်ရွယ်ချက်နဲ့ ဝင်ရောက်ယှဉ်ပြိုင်မည့် ပြည်ခိုင်ဖြိုးပါတီမှ
လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမနားနိုင်း ….

ကန်ပက်လက်မြို့နယ် ပြည်သူ့လွှတ်တော်လစ်လပ်နေရာကို ပြည်ခိုင်ဖြိုးပါတီကိုယ်စား ဦးမနားနိုင်း(၆၂ နှစ်)က ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ် ၊

ချင်းပြည်နယ် ပြည်ခိုင်ဖြိုးပါတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

 

ချင်းပြည်နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယခုလ ၁ ရက်နှင့် ၂ ရက်တို့တွင် ကျင်းပခဲ့သည်။

ယင်းအစည်းအဝေးသို့ ပါတီဗဟိုအတိုင်ပင်ခံဦးဟုန်းငိုင်း၊ ပြည် နယ်ပါတီဥက္ကဋ္ဌ ဒေါက်တာမှုထန်၊ ပြည်နယ်အတွင်းရေးမှူး (ဗဟိုကော်မတီဝင်) ဦးကျုံးဘိခ့်အပါအဝင် ပါတီဗဟိုကော်မတီဝင်များ၊အရန်ဗဟိုကော်မတီဝင်များ၊ ပြည်နယ်ပါတီကော်မတီဝင်များ၊ခရိုင်သုံးခုနှင့် မြို့နယ်ကိုးခုမှ ပါတီဥက္ကဋ္ဌ နှင့်အတွင်းရေးမှူးများ၊ ဘဏ္ဍာရေးမှူးများအပါအဝင် ကိုယ်စားလှယ် ၅၇ ဦး တက်   ရောက်ခဲ့ကြသည်။

ပါတီဥက္ကဋ္ဌ ဦးသန်းဌေး ချင်းပြည်နယ် ဖလမ်းမြို့နယ် ပါတီကော်မတီဝင်များ ရပ်/ကျေးပါတီကော်မတီ ဝင်များနှင့်တွေ့ဆုံ

ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေးသည် ချင်းပြည်နယ် ဖလမ်းမြို့နယ် ပါတီကော်မတီဝင်များ၊ ရပ်/ကျေးပါတီကော်မတီဝင်များနှင့် ပါတီဝင်များအား ဖလမ်းမြို့နယ် တောင်ဇလပ်ရိပ်သာ၌ မတ်လ (၂၄) ရက် နံနက် ၇ နာရီက တွေ့ဆုံခဲ့သည်။

 

(more…)


ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌဦးသန်းဌေး ချင်းပြည်နယ် ထန်တလန်မြို့နယ် မြို့နယ်နှင့် ရပ်/ကျေးပါတီကော်မတီဝင်များနှင့်တွေ့ဆုံ

 

ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌဦးသန်းဌေးသည် ချင်းပြည်နယ် ထန်တလန်မြို့နယ် ပါတီကော်မတီဝင်များ၊ ရပ်/ကျေး ပါတီကော်မတီဝင်များနှင့် ပါတီဝင်များအား ထန်တလန်မြို့နယ် ပြည်ခိုင်ဖြိုးရုံး၌ မတ်လ (၂၃) ရက် မွန်းလွဲ ၁ နာရီခွဲခန့်က တွေ့ဆုံခဲ့သည်။

တွေ့ဆုံပွဲတွင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေးက နှုတ်ခွန်းဆက်အမှာစကား ပြောကြား ခဲ့သည်။ မြို့နယ်ဥက္ကဋ္ဌက လုပ်ငန်းဆောင်ရွက်မှုများတင်ပြပြီး မြို့နယ်ပါတီကော်မတီဝင်များနှင့် ပါတီဝင်များက လိုအပ်ချက်များတင်ပြကြသည်။

ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ ဦးသန်းဌေး ချင်းပြည်နယ် ထန်တလန် မြို့သို့ရောက်ရှိခဲ့ပြီး ပြည်သူများနှင့် ချစ်ကြည်ရင်းနှီးစွာ တွေ့ရစဉ်


ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေး ချင်းပြည်နယ် ဟားခါးမြို့တွင် ပြည်နယ်၊ ခရိုင်၊ မြို့နယ် ရပ်/ကျေးပါတီကော်မတီဝင်များ ပါတီဝင်များနှင့်တွေ့ဆုံ

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးသည် ချင်းပြည်နယ် ဟားခါးမြို့ရှိ ပါတီဝင်များနှင့် ဟားခါးမြို့ရှိ ပြည်နယ်ပါတီရုံး ခန်းမ၌ မတ်လ (၂၂) ရက် ညနေ ၄ နာရီတွင် တွေ့ဆုံခဲ့ကြသည်။

ထိုသို့တွေ့ဆုံရာတွင် သက်ဆိုင်ရာ ပြည်နယ်၊ ခရိုင်၊ မြို့နယ် ပါတီ ဥက္ကဋ္ဌများမှ လုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံစာများ ဖတ်ကြားတင်သွင်းကြပြီး တက်ရောက်လာသော ပါတီဝင်များက လိုအပ်ချက်ကို တင်ပြခဲ့ကြသည်။