ပြည်​ခိုင်​ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်း​ဌေး ကန်​ပက်​လက်​မြို့​ပေါ်ရှိ ဘုန်​​တော်​ကြီး​ကျောင်းနှင့်​မက်​ဒရစ်​အသင်း​တော်​များသို့ သွား​ရောက်​၍ လှူဖွယ်​ပစ္စည်းများနှင့်​အလှူ​ငွေများ​ပေးအပ်​ လှူဒါန်း

အောက်​တိုဘာ ၃၊ ကန်​ပက်​လက်

ချင်းပြည်​နယ်​၊မင်းတပ်​ခရိုင်​၊ကန်​ပက်​လက်​မြို့နယ်​၊ကန်​ပက်​မြို့သို့​ရောက်​ရှိ​နေ​သော ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီ ဥက္ကဋ္ဌဦးသန်း​ဌေးသည်​ မြို့​ပေါ်ရှိ ​မြို့မထေရဝါဒဗုဒ္ဓသာသနာပြုဗဟို​ကျောင်းတိုက်​နှင့်​မက်​ဒရစ်​အသင်း ​တော်​များသို့ ယနေ့ ၁၁နာရီ သွား​ရောက်​၍လှူဖွယ်​ပစ္စည်းများနှင့်​အလှူ​ငွေများ​ပေးအပ်​လှူဒါန်းခဲ့သည်​။

ရှေးဦးစွာ ပြည်​ခိုင်​ဖြိုးပါတီဥက္ကဋ္ဌဦးသန်း​ဌေးနှင့်​အဖွဲ့သည်​ ကန်​ပက်​လက်​မြို့ရှိ မြို့မထေရဝါဒဗုဒ္ဓသာသနာပြုဗဟို​ကျောင်းတိုက်​သို့ ​ရောက်​ရှိလာပြီး ​တိုက်​အုပ်​ဆရာ​တော်​ ဘဒ္ဒန္တ ဥတ္တမကို ဖူး​မျှော်​ကြည်​ညို၍ လှူဖွယ်​ပစ္စည်းများနှင့်​အလှူ​ငွေများ​ပေးအပ်​လှူဒါန်းခဲ့သည်​။

ထို့​နောက်​ မြို့​ပေါ်ရှိ မက်​ဒရစ်​အသင်းတော်​သို့ ဂိုဏ်းချုပ်​ ဆရာ​တော်​ဦးမနားနိုင်​နှင့်​​တွေ့ဆုံပြီး အသင်း​တော်​အတွက်​ အလှူ​ငွေများ ​ပေးအပ်​လှူဒါန်းခဲ့သည်​။

ထိုသို့ လှူဒါန်းရာသို့ ပြည်​ခိုင်​ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်း​ဌေးနှင့်
ဇနီး​ဒေါ်စိုးဝတ်​ရည်​၊ ပါတီအ​ထွေ​ထွေအတွင်း​ရေးမှူး ဦးသက်​နိုင်​ဝင်း၊ ပါတီဗဟိုအလုပ်​အမှု​ဆောင်​ဦးဝဏ္ဏ​မောင်​လွင်​နှင့်​​ဒေါ်လင်းလင်းတင်​၊ပါတီဗဟိုအလုပ်​အမှု​ဆောင်​များဖြစ်​ကြ​သော ဦး​သောင်း​အေး၊ ဦး​အောင်​တင်​မြင့်​၊ချင်းပြည်​နယ်​ပါတီဥက္ကဋ္ဌ​​ဒေါက်​တာမူထန်​၊ ဗဟို​ကော်​မတီဝင်​ ဒေါက်​တာနန္ဒာလှမြင့်​၊ပြည်​နယ်​ပါတီ​ကော်​မတီဝင်​များ၊ မင်းတပ်​ခရိုင်​ပါတီဥက္ကဋ္ဌဦးအုန်းလွင်​နှင်​ခရိုင်​ပါတီ​ကော်​တီဝင်​များ၊ကန်​ပက်​လက်​မြို့နယ်​ပြည်​သူ့လွှတ်​​တော်​ကိုယ်​စားလှယ်​​လောင်းကန်​ပက်​လက်​မြို့နယ်​ပါတီဥက္ကဋ္ဌ ဦးမနားနိုင်းနှင့်​မြို့နယ်​ပါတီ​ ကော်​မတီဝင်​များလိုက်​ပါခဲ့​ကြောင်း သိရသည်​။