ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးလှထွန်း မတူပီမြို့နယ်နှင့် မင်းတပ်မြို့နယ်အတွင်းရှိ ကျေးရွာများမှ ဒေသခံ ချင်းတိုင်းရင်းများအား ရင်းရင်းနှီးနှီးတွေ့ဆုံ

 

မတ်​(၅)၊မတူပီ

ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေး ပါတီဒုတိယဥက္ကဋ္ဌ ဦးလှထွန်းသည်​ မတူပီမြို့နယ်​နှင့်​ မင်းတပ်​မြို့နယ်​အတွင်း ရှိ ​ချင်းတိုင်းရင်းသားများ ​နေထိုင်​ရာကျေးရွာများမှ ဒေသခံများအား ယ​မန်နေ့ နံနက်​ပိုင်းက ရင်းရင်း နှီးနှီးတွေ့ဆုံ ခဲ့သည်​။ ထိုသို့​တွေ့ဆုံရာတွင်​ ​ပြည်​ခိုင်​ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးလှထွန်းနှင့်​ အဖွဲ့သည်​ ရှေးဦးစွာ နံနက်​၈နာရီက မတူပီမြို့နယ်​အတွင်းရှိ ရမ်​တိန်း (၈၆​) ကျေးရွာတွင်​လည်း​ကောင်း၊ နံနက်​ ၈ နာရီ ၃၀ မိနစ်​တွင်​ ရမ်​တိန်း (၈၄)​ကျေးရွာတွင်​လည်း​ကောင်း၊ ထို့​နောက်​ နံနက်​ ၉ နာရီ ၃၀ မိနစ်​က မင်းတပ်​မြို့နယ်​ အတွင်းရှိ ​လေရှိ​ကျေးရွာတွင်​ လည်း​ကောင်း၊ နံနက်​ ၁၀ နာရီ ၃၀ မိနစ်​က တွီဒိန်​ကျေးရွာတွင်​လည်း​ကောင်း ​ဒေသခံချင်းတိုင်းရင်းသားများအား ​ရင်းရင်းနှီးနှီး​တွေ့ဆုံကာ ပြည်​ခိုင်​ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်း​ဌေးပုံပါ ပြက္ခဒိန်​များနှင့်​ အိတ်​​ဆေင်​ပြက္ခဒိန်​များအား အမှတ်​တရ လက်​​ဆောင်​အဖြစ်​ ​ပေးအပ်​ခဲ့သည်​။

တွေ့ဆုံရာသို့ ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးလှထွန်း၊ ပါတီဗဟိုအတွင်း​ရေးမှူး ဦးပိုက်ထွေး၊ ပါတီဗဟိုအတိုင်​ပင်​ခံ ဦးဟုန်းငိုင်း၊ ပါတီဗဟို​ကော်​မတီဝင်​များ ဖြစ်​ကြ​သော ဦးဆန်​ကျုံး၊ ချင်းပြည်​နယ်​ပါတီအတွင်း​ရေးမှူး ဦးကျုံးဘိခ်​၊ မတူပီမြို့နယ်​ ပါတီဥက္ကဋ္ဌ ဦးဗန်​လျန်​မာန်း၊ မြို့နယ်​ပါတီ​ကော်​မတီဝင် ​ဦး​ပေါလုတို့ လိုက်​ပါခဲ့​ကြောင်း သိရသည်​။