ချင်းပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြောရေးဆိုခွင့်ရှိသူများနှင့် ဒေသတွင်းသတင်းဌာနများ တွေ့ဆုံမိတ်ဆက်ပွဲကျင်းပ

 

ရန်ကုန် ဧပြီ ၁ဝ

ချင်းပြည်နယ်ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီ ပြောရေးဆိုခွင့်ရှိသူများ နှင့် ဒေသတွင်းရှိ သတင်းဌာနများ တွေ့ဆုံ မိတ်ဆက်ပွဲကို ယမန်နေ့ နံနက် ၁ဝ နာရီမှ မွန်းလွဲ ၁ နာရီ ၁၅ မိနစ်အထိ ပြည်နယ် ပါတီရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ပြီး ဗဟိုအလုပ်အမှုဆောင် ပြည်နယ်ပါတီ ဥက္ကဋ္ဌ ဒေါက်တာမှုထန်၊ အတွင်းရေးမှူး ဦးကျုံးဘိခ့်၊ ပြည်နယ်ပါတီ ပြောရေးဆိုခွင့် ရှိသူများဖြစ်သည့် ဆလိုင်းခွဲယန်၊ ဦးလာန် ဂိုးပေါင်၊ ဒေါ်ဗန်အီယန်ကြွယ် တို့နှင့် ဒေသတွင်းသတင်းဌာနများဖြစ်သည့်The Chinland Post, The Hakha Post, Chin News Journal တို့မှ အယ်ဒီတာများ၊ သတင်းထောက်များ တက်ရောက်ကြပြီး တွေ့ဆုံမိတ်ဆက်ရာတွင် ပြည်နယ်ပါတီ ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ ပြည်နယ်အဆင့် ပြောရေးဆိုခွင့်ရှိသူများနှင့် သတင်းဌာန များအချင်းချင်း မိတ်ဆက်ခြင်း၊ သတင်း ဌာနများမှ မေးခွန်းများ မေးမြန်းခြင်း၊ ပြန်လည်ဖြေကြားခြင်းများ ပြုလုပ်ပြီး တွေ့ဆုံမိတ်ဆက်ပွဲကို မွန်းလွဲ ၁ နာရီ ၁၅ မိနစ်တွင် ရုပ်သိမ်းလိုက်သည်။