စစ်တွေခရိုင်/မြို့နယ်ပါတီမှ ကျေးရွာပါတီဝင်မိသားစု ကျောင်းသားကျောင်းသူ များအတွက် စာရေးကိရိယာများ လှူဒါန်း

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ် ငတောက်တက်ကျေးရွာမှ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်မိသားစု ကျောင်းသား ကျောင်းသူ (၈၃)ဦးအား ပညာရေးမြှင့်တင်နိုင်ရန် စာရေးကရိယာများကို စစ်တွေ ခရိုင်နှင့် မြို့နယ် ပေါင်းစပ်၍ ဇူလိုင်လ (၂၉) ရက် မွန်းလွဲ (၃) နာရီခွဲအချိန်က သွားရောက် လှူဒါန်းခဲ့သည်။

MMA5

(more…)


ပဲခူးတိုင်းဒေသကြီး(အရှေ့)ပါတီမျက်နှာစုံညီစည်းဝေး ပါတီပြန်လည် ပြင်ဆင်ရွေးချယ်ရေး အခမ်းအနားကျင်းပ

ပဲခူးမြို့နယ် ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အစည်းအဝေးခန်းမ၌ ဇူလိုင် (၂၉) ရက် နံနက် ၁ဝ နာရီက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပဲခူးတိုင်းဒေသကြီး (အရှေ့)မျက်နှာစုံညီအစည်းအဝေးနှင့် ပါတီပြန်လည်ပြင်ဆင်ရွေးချယ် ရေးအခမ်းအနားကို ကျင်းပခဲ့သည်။

Bago East2

(more…)


ရန်ကုန်တောင်ပိုင်းခရိုင်ပါတီပြန်လည်ပြင်ဆင်ရွေးချယ်ဖွဲ့ စည်းရေးနှင့် မျက်နှာစုံညီအစည်းအဝေးကျင်းပ

ရန်ကုန်တောင်ပိုင်းခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပြန်လည်ပြင်ဆင် ရွေးချယ်ဖွဲ့စည်းရေးနှင့် မျက်နှာစုံညီ အစည်းအဝေးကို ဇူလိုင်လ (၃၀) ရက် နံနက် (၁ဝ) နာရီက သန်လျင်မြို့နယ်ရှိ တောင်ပိုင်းခရိုင် ရုံးခန်းမ၌ ကျင်းပသည်။

YGN South

(more…)


ရှမ်းပြည်နယ်(မြောက်ပိုင်း) မျက်နှာစုံညီအစည်းအဝေးသို့ ဒုတိယဥက္ကဋ္ဌ သူရဦးအေးမြင့် တက်ရောက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)လားရှိုးမြို့ ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီရုံး အစည်းအဝေးခန်းမ၌ ဇူလိုင် (၂၉) ရက် နံနက် (၉) နာရီက ပါတီမျက်နှာစုံညီအစည်းအဝေးသို့ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ သူရဦးအေးမြင့် တက်ရောက်အမှာ စကားပြောကြားခဲ့သည်။`

အခမ်းအနားအစီအစဉ်အရ သဘာပတိဦးစိုင်းကြူက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဗဟို ပြည်ခိုင်ဖြိုးပါတီဒုတိယဥက္ကဋ္ဌ သူရဦးအေးမြင့်က လမ်းညွှန်အမှာ စကားပြောကြားခဲ့သည်။

ဧရာဝတီမြစ်ရေဝင်ရောက်လျက်ရှိသည့် မတ္တရာမြို့နယ်အတွင်းမှ ကျေးရွာ ၁၃ ရွာသို့ ပြည်ခိုင်ဖြိုးပါတီက ရေသန့်စက် ၃၄ လုံးလှူဒါန်း

ဧရာဝတီမြစ်ရေ နှစ်စဉ်ဝင်ရောက်သည့် မတ္တရာမြို့နယ်အတွင်း မှ ကျေးရွာ၁၃ရွာနေ ပြည်သူများ သန့်ရှင်းသော သောက်သုံးရေရရှိရေးအတွက် မန္တလေးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးရဲမြင့်၏ ဦးဆောင်လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီးပါတီမှ ငွေကျပ် သိန်း၂ဝ ခန့် တန်ဖိုးရှိ သြစတြေးလျ နိုင်ငံထုတ် ရေသန့်စက် ၁၃လုံးကို ဇူလိုင် ၂၆ရက် နံနက်၉နာရီခွဲနှင့် မွန်းတည့် ၁၂နာရီတို့တွင် အေး ကျွန်းကျေးရွာနှင့် သဲကျွန်းကျေးရွာ တို့မှ ရွာဦးဘုန်းတော်ကြီးကျောင်း များတွင် ပေးအပ်လှူဒါန်းခဲ့သည်။

တာမွေပြည်ခိုင်ဖြိုးပါတီ ဝါဆိုသင်္ကန်းဆက်ကပ်

ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဒေါ်လဲ့လဲ့ဝင်းဆွေက ဦးဆောင်၍ ဇူလိုင် (၃၀) ရက် နံနက် (၁ဝ) နာရီတွင် မြို့နယ် ကော်မတီဝင်များ၊ ရပ်ကွက် စည်းရုံးရေးမှူးနှင့်အမှုဆောင်များသည် (၁၆)ကြိမ်မြောက် ဝါဆိုသင်္ကန်း ဆပ်ကပ် လှူဒါန်းခဲ့ကြကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ မျက်နှာစုံညီ အစည်းအဝေးကျင်းပ

မန္တလေးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မျက်နှာစုံညီအစည်း အဝေးကို တိုင်းဒေသကြီးပါတီရုံးအစည်းအဝေးခန်းမတွင် ဇူလိုင်လ (၃၀) ရက် နံနက် (၉) နာရီကကျင်းပရာ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအထွေထွေအတွင်းရေးမှူးဦးတင်နိုင်သိန်း တက်ရောက်ခဲ့သည်။

အောင်ဗောဓိစေတီရင်ပြင်တော်တွင် ပြည်ခိုင်ဖြိုးပါတီမှ သန့်ရှင်းရေးဆောင်ရွက်

ရန်ကုန်အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ၂ဝ ရပ်ကွက် ကန်တော်မင်္ဂလာလမ်း ရှိ အောင်ဗောဓိစေတီတော် ဘုရားရင်ပြင်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ပါတီဝင် လူငယ်ထုနှင့် အမျိုးသမီးလူငယ်ထုများစုပေါင်း၍ ဇူလိုင် (၃၁) ရက် နံနက် (၇) နာရီတွင် သန့်ရှင်းရေးပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျောက်တံတားမြို့နယ်တွင် ဆဋ္ဌမအကြိမ်မြောက် စုပေါင်းဝါဆိုသင်္ကန်းကပ်လှူ

ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အနောက်ပိုင်းခရိုင် ကျောက် တံတားမြို့နယ်မှ ဆဋ္ဌမအကြိမ်မြောက် စုပေါင်းဝါဆိုသင်္ကန်း ကပ်လှူပွဲကို မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး၌ ဇူလိုင် (၃၁) ရက် နံနက် (၆) နာရီက ကျင်းပ ခဲ့သည်။

အဆိုပါ မြို့နယ်ပါတီရုံး၌ပြုလုပ်သော ဆဋ္ဌမအကြိမ်မြောက် စုပေါင်းဝါဆိုသင်္ကန်းကပ်လှူပွဲ၌ ဗဟို၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်များမှ ဖိတ်ကြားထားသည့်ဧည့်သည်တော်များ၊ မြို့နယ် ပါတီဥက္ကဋ္ဌ ဦးစိုးဝင်း ဦးဆောင်သည့် ကော်မတီဝင်များ၊ ပါတီဝင်များ၊ မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာ အဖွဲ့အစည်းများနှင့် ပြည်သူများက စုပေါင်းကပ်လှူခဲ့ကြကြောင်း သိရသည်။

လွိုင်ကော်ခရိုင် ပြည်ခိုင်ဖြိုးပါတီ မျက်နှာစုံညီ စည်းဝေး ၊ ခရိုင်ကော်မတီဝင် အသစ်ရွေးချယ်

ကယားပြည်နယ်၊ လွိုင်ကော်ခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မျက်နှာစုံညီ အစည်းအဝေးနှင့် ခရိုင်ကော်မတီဝင်အသစ် ရွေးချယ်ခြင်း အခမ်းအနားကို ကယားပြည်နယ်၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီရုံး အစည်းအဝေးခန်းမ၌ ဇူလိုင်လ(၂၉)ရက် နံနက်(၀၉၀၀)အချိန်က ကျင်းပ ပြုလုပ်ရာ၊ ပါတီဗဟိုအလုပ်အမှုဆောင် ဦးစိုးသိန်း၊ ဗဟိုအလုပ်အမှုဆောင် ဦးခင်ရီတို့ တက်ရောက် အားပေးကြကြောင်း သိရသည်။