ကျောက်တံတားမြို့နယ်တွင် ဆဋ္ဌမအကြိမ်မြောက် စုပေါင်းဝါဆိုသင်္ကန်းကပ်လှူ

ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အနောက်ပိုင်းခရိုင် ကျောက် တံတားမြို့နယ်မှ ဆဋ္ဌမအကြိမ်မြောက် စုပေါင်းဝါဆိုသင်္ကန်း ကပ်လှူပွဲကို မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး၌ ဇူလိုင် (၃၁) ရက် နံနက် (၆) နာရီက ကျင်းပ ခဲ့သည်။

အဆိုပါ မြို့နယ်ပါတီရုံး၌ပြုလုပ်သော ဆဋ္ဌမအကြိမ်မြောက် စုပေါင်းဝါဆိုသင်္ကန်းကပ်လှူပွဲ၌ ဗဟို၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်များမှ ဖိတ်ကြားထားသည့်ဧည့်သည်တော်များ၊ မြို့နယ် ပါတီဥက္ကဋ္ဌ ဦးစိုးဝင်း ဦးဆောင်သည့် ကော်မတီဝင်များ၊ ပါတီဝင်များ၊ မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာ အဖွဲ့အစည်းများနှင့် ပြည်သူများက စုပေါင်းကပ်လှူခဲ့ကြကြောင်း သိရသည်။

မောင်စိန်ဝင်း


Leave a Reply