ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး တနင်္သာရီမြို့နယ် ရပ်မိရပ်ဖများ ပါတီကော်မတီ ဝင်များနှင့် တွေ့ဆုံ

 

တနင်္သာရီ ဖေဖော်ဝါရီ ၂၇

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ ဦးသန်းဌေး မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H.E.Mr.Chen Hai အား လက်ခံတွေ့ဆုံ

 

ဖေဖော်ဝါရီ ၂၆၊ နေပြည်တော်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ ဦးသန်းဌေးသည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H.E.Mr.Chen Hai အား ၂၀၂၀ခုနှစ်၊ ဖေဖော်ဝါရီလ ၂၆ ရက်နေ့ ၀၉း၃၀ နာရီအချိန်တွင် နေပြည်တော် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဌာနချုပ် ဧည့်ခန်းမ၌ တွေ့ဆုံခဲ့ပါသည်။

ဂေါ်သဇင်ကျေးရွာ ရေနွေးကြမ်းစကားဝိုင်းသို့ ပါတီဗဟိုအတွင်းရေးမှူး တက်ရောက်

 

(ဖေဖေါ်ဝါရီ) ၂၆

ရန်ကုန်မြောက်ပိုင်းခရိုင် ထန်းတပင်မြို့နယ် ကျွဲကူးကျေးရွာအုပ်စု ရေကျော်ကုန်းးကျေးရွာတွင် မွန်းလွဲ (၁) နာရီအချိန် ကျေးရွာရှိ ရပ်မိ/ရပ်ဖ ဒေသခံများနှင့် ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး ဒေါက်တာစန်းစန်းနွယ် ဗဟိုကော်မတီဝင် ရန်ကုန်တိုင်း ပါတီကော်မတီဝင် ဒေါက်တာနေလင်း ထန်းတပင်မြို့နယ် ပါတီဥက္ကဋ္ဌ ဦးသိန်းရီတို့ တွေ့ဆုံမိတ်ဆက်ကြကြပြီး ရေနွေးကြမ်းစကားဝိုင်း ကျင်းပကြောင်း သိရှိရသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး တိုင်းဒေသကြီးနယ်မြေတာဝန်ခံ ဒေါက်တာဦးကျော်ကျော်ဌေးနှင့်အဖွဲ့ ပါတီဝင်များအား တွေ့ဆုံ

 

ဖေဖော်ဝါရီ ၂၅၊ ပုလော

ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီ ဗဟိုအတွင်း​ရေးမှူး တိုင်း​ဒေသကြီးနယ်​​မြေတာဝန်​ခံ ​ဒေါက်​တာဦး​ကျော်​​ကျော်​​ဌေးနှင့်​အဖွဲ့မှ ​ပါတီဝင်​များအား ​တွေ့ဆုံခြင်းကို ၂၅.၂.၂၀၂၀ ၁၂း၄၅ နာရီအချိန်​ မြိတ်​ခရိုင်​၊ပု​​လောမြို့နယ်၊ ပြည်​ခိုင်ဖြိုးပါတီရုံးတွင် ​နိုင်​ငံ​တော်​အလံအား အ​လေးပြု​ ဆောက်​ရွက်​ခဲ့ပါသည်​။ တွေ့ဆုံပွဲသို့ ပြည်​ခိုင်​ဖြိုးပါတီ ဗဟိုအတွင်း​ရေးမှူး ​ဒေါက်​တာဦး​ကျော်​​ကျော်​​ဌေးနှင့်​အတူ ဗဟိုအလုပ်​အမှု​ဆောင်​ တနင်္သာရီတိုင်း​ဒေသကြီး ပြည်ခိုင်ြ​ဖိုး ပါတီဥက္ကဌ ဦးသန်း​အောင်​၊ အတွင်း​ရေးမှူး ဦး​နေမျိုး၊ ပြန်​ကြား​ရေးနှင့်​ပြည်​သူ့ဆက်​ဆံ​ရေး တာဝန်​ခံ ဦးမင်း​ဇော်​တို့ လိုက်​ပါတွေ့ဆုံ ခဲ့ပါသည်။

မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီရုံးတွင် ပါတီဥက္ကဋ္ဌ ဦးသန်းဌေးပုံပါ ပြည်သူ့အတွက် အာမခံချက်မြေစိုက်ဗီနိုင်းပိုစတာ စိုက်ထူ

 

ဖေ​ဖော်​ဝါရီ(၂၆)
မန္တ​လေးမြို့၊ ၇၃ လမ်း၊၂၇ လမ်းနှင့်​ ၂၈ လမ်းကြားရှိ မန္တ​လေးတိုင်း​ဒေသကြီး ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီရုံးတွင်​ ပြည်​ခိုင်​ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်း​ဌေးပုံပါ “ပိုမို​တောက်​ပ​သော အနာဂတ်​ဆီသို့´´​မြေစိုက်​ပိုစတာ နှင့်​ပြည်​သူ့အတွက်​ အာမခံချက် ​(၉) ချက်​ပါ ​မြေစိုက်​ပိုစတာ (၂) ခုအား စိုက်​ထူပွဲ မင်္ဂလာအခမ်းအနားကို ယ​နေ့ နံနက်​ (၉) နာရီ (၃၀) မိနစ်​က ကျင်းပခဲ့သည်​။

အောင်လံမြို့နယ်၊ မြို့လှကျေးရွာတွင် ပြည်ခိုင်ဖြိုးပါတီမှ အခမဲ့ကျန်းမာရေး စောင့်ရှောက်မှုပြုလုပ်

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ပြည်သူများအား အခမဲ့ကျန်းမာရေး စောင့်ရှောက်ကုသမှုများအား စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိရာ ၂၄-၂-၂၀၂၀ ရက်နေ့တွင် ပါတီဗဟိုအတွင်းရေးမှူး ဦးတင်အောင်ချစ်၏ စီစဉ်လမ်းညွှန်မှုဖြင့် မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ်၊ ဘမြို့လှကျေးရွာတွင် အခမဲ့ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများအား ဆောင်ရွက်ခဲ့ကြပါသည်။ ယခုအခမဲ့ ကျန်းမာရေးစောင့်ရှောက်မှုသည် အောင်လံ မြို့နယ်အတွင်းရှိ ကျေးရွာများသို့ သွားရောက်၍ ကုသရခြင်းဖြစ်ကာ တတိယအကြိမ်မြောက် ဆောင်ရွက်ခြင်း ဖြစ်ပြီး လူနာဦးရေ ၃၀၀ ခန့်အား ကုသပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #BrighterFuture

ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး ဦးတင်အောင်ချစ်နှင့်အဖွဲ့ အောင်လံမြို့နယ် အင်းလယ်ကျေးရွာများမှ ပါတီဝင်များနှင့် တွေ့ဆုံ

 

ဖေဖော်ဝါရီ ၂၄ အောင်လံ

ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဦးတင်အောင်ချစ် အပါအဝင် အောင်လံမြို့နယ် ပြည်ခိုင်ဖြိုးပါတီ အဖွဲ့ဝင်များသည် ယမန်နေ့ အောင်လံမြို့နယ်မှ အင်းလယ်ကျေးရွာမှ ဒေသခံပြည်ခိုင်ဖြိုး ပါတီဝင်များနှင့် တွေ့ဆုံခဲ့ပါသည်။ တွေ့ဆုံပွဲတွင် ကျေးရွာဒေသခံပါတီဝင်များက လက်ရှိဒေသတွင်း ဖြစ်ပေါ်လျက် ရှိသည့် အခက်အခဲများကို ရင်ဖွင့်ပြောဆိုခဲ့ပြီး ပါတီဗဟိုအတွင်းရေးမှူး အပါအဝင် မြို့နယ်ပါတီတာဝန်ရှိသူများ ပြန်လည်ရှင်းလင်းဆွေးနွေးကာ ဒေသခံပါတီဝင်များ၏ အကူညီတောင်းခံချက်များကို ဖြည့်ဆည်းပေးခဲ့ပါသည်။ အဆိုပါ တွေ့ဆုံပွဲကို ပါတီဗဟိုအတွင်းရေးမှူး ဦးတင်အောင်ချစ်၊ တိုင်းဒေသကြီးကော်မတီဝင် ဦးတင်ဝင်း၊ အောင်လံမြို့နယ် ပါတီဥက္ကဌ ဦးစန်းလွင် အပါအဝင် ပါတီမှတာဝန်ရှိသူများနှင့် ဒေသခံပါတီဝင်များ တက်ရောက် ခဲ့ကြပါသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူးနှင့်အဖွဲ့ နာရေးထောက်ပံ့ငွေနှင့် အလှူငွေများ ပေးအပ်

 

ကြံခင်း ဖေဖော်ဝါရီ ၂၄

* နိုင်ငံရေးပါတီများ တွေ့ဆုံဆွေးနွေး *

 

ရန်ကုန် ဖေဖော်ဝါရီ ၂၄

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဌာနချုပ် (ရန်ကုန်) တွင် နိုင်ငံရေးပါတီများ စုပေါင်းတွေ့ဆုံ ဆွေးနွေး ပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီက ကျင်းပခဲ့သည်။

အဆိုပါ ပုံမှန်တွေ့ဆုံဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ၏ လတ်တလောဖြစ်ပေါ်နေသော အခြေအနေများနှင့်ပတ်သက်၍ ပါတီအချင်းချင်း ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးညှိနှိုင်း ခဲ့ကြသည်။ အဆိုပါ ဆွေးနွေးပွဲကို ညနေ ၄ နာရီခွဲတွင် ပြီးမြောက်ခဲ့ကြောင်း သိရသည်။