အောင်လံမြို့နယ်၊ မြို့လှကျေးရွာတွင် ပြည်ခိုင်ဖြိုးပါတီမှ အခမဲ့ကျန်းမာရေး စောင့်ရှောက်မှုပြုလုပ်

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ပြည်သူများအား အခမဲ့ကျန်းမာရေး စောင့်ရှောက်ကုသမှုများအား စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိရာ ၂၄-၂-၂၀၂၀ ရက်နေ့တွင် ပါတီဗဟိုအတွင်းရေးမှူး ဦးတင်အောင်ချစ်၏ စီစဉ်လမ်းညွှန်မှုဖြင့် မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ်၊ ဘမြို့လှကျေးရွာတွင် အခမဲ့ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများအား ဆောင်ရွက်ခဲ့ကြပါသည်။ ယခုအခမဲ့ ကျန်းမာရေးစောင့်ရှောက်မှုသည် အောင်လံ မြို့နယ်အတွင်းရှိ ကျေးရွာများသို့ သွားရောက်၍ ကုသရခြင်းဖြစ်ကာ တတိယအကြိမ်မြောက် ဆောင်ရွက်ခြင်း ဖြစ်ပြီး လူနာဦးရေ ၃၀၀ ခန့်အား ကုသပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #BrighterFuture