ဘေးတစ်စောင်း အိပ်စက်ခြင်းရဲ့ ကောင်းကျိုးများ

သင့်ရဲ့ အိပ်စက်တဲ့အနေအထားဟာ သင့်ကို အယ်လ်ဇိုင်းမားလိုရောဂါမျိုး ဖြစ်လာစေဖို့အတွက် အခွင့်အလမ်း များစေနိုင်တယ်လို့ သုတေသနအသစ်တစ်ခုက ဆွေးနွေး တင်ပြလိုက်ပါတယ်။ ဘေးတစ်စောင်း အိပ်စက်ခြင်းဟာ လည်း သင့်ဦးနှောက်အတွင်းမှာရှိတဲ့ တစ်နေ့တာရဲ့ ဓါတုဗေဒပစ္စည်းတွေ ကပ်တွယ်ရှုပ်ပွနေခြင်းကို အိပ်စက် အနားယူတဲ့အခါမှာ ရှင်းလင်းသွားစေတယ်လို့ သုတေသီတွေရဲ့ အဆိုအရသိရပါတယ်။

New Picture

(more…)


ဖန်ခါးသီးရဲ့ အသုံးဝင်ပုံ

ဖန်ခါးသီးပင်သည် မြန်မာနိုင်ငံ အနှံ့အပြားတွင် စိုက်ပျိုးနိုင်သည်။ မြန်မာနိုင်ငံ အလယ်ပိုင်းဒေသတွင် သဘာဝ အလျောက် ပိုမိုဖြစ်ထွန်းပေါက်ရောက်သည်။ မြန်မာဆေးကျမ်းများအလိုအရ ဖန်ခါးသီး သည် ဖန်၏။ ချဉ်၏။ ခါး၏။ စပ်၏။ ပူ၏။ ၀မ်းမီးကို တောက်စေ၏။ သွေးသားကို စင်ကြယ်စေ၏။ မျက်စိကို ကောင်းစေ၏။ အထူးသဖြင့် အူနှင့် စပ်သော ရောဂါများ၊ အရေပြားရောဂါ၊ ကိုယ်ရေ၀ါ မြင်းသရိုက်၊ ညောင်းကျ၊ ကြို့ထိုး၊ ၀မ်းဗိုက်အောင့်၊ အစာမကြေ ရောဂါတို့၌ ဖန်ခါးသီးကို သုံးရ၏။

Phan Khar

အသီးအသုံးပြုပုံ- (more…)


ထမင်းချက်ခြင်းရဲ့ လျှို့ဝှက်ချက်များ

အိမ်ရှင်မ/ထီးများအတွက် ထမင်းချက်ရာတွင် အရသာသာမက ကျန်းမာရေး အဟာရဓါတ်တွေပါ မဆုံးရှုံးစေမည့် နည်းလမ်းလဲလွယ်ကူစေမည့် ထမင်းချက်ခြင်း၏ လျှို့ဝှက်ချက်များကို စုစည်းဖော်ပြ ပေးလိုက်ပါသည်။

IMG_2224

(more…)


နံနံပင်နဲ့ ကျောက်ကပ် ကုနိုင်ပါတယ်

ဒါက အိန္ဒိယကနေအာရှအထိပျံနှံ့လာတဲ့ သဘာဝဆေးနည်းဖြစ်ပြီး နိုင်ငံတကာဆေး ပညာရှင်များပါ လက်ခံ အသုံးပြုနေပြီ ဖြစ်တယ်လို့ သိရပါတယ်။

NNOP

(more…)


သွေးလွန်တုပ်ကွေး ကာကွယ်ဆေး တစ်မျိုးကို WHO ပထမဆုံးအကြိမ် အသိအမှတ်ပြု

သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ဆေးတစ်မျိုးကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO)က ပထမဆုံးအကြိမ် တရားဝင် အသိအမှတ်ပြုလိုက်ကြောင်းသိရသည်။ Dengvaxiaဟု အမည်ပေးထားသည့် ကာကွယ်ဆေးသည် ပြင်သစ်အခြေစိုက် Sanofi Pasteur သုတေသနဌာန၏ ဆယ်စုနှစ် နှစ်ခုကြာ ကြိုးစားသုတေသနပြုမှု၏ ရလဒ် အဖြစ် ထွက်ပေါ်လာခြင်းဖြစ်သည်။

New Picture

(more…)


ဒန့်သလွန်သီးစားရင်‬ သင့်ခန္ဓာကိုယ်မှာ ဒါတွေဖြစ်မယ်

ဒန့်သလွန်သီးက အစာအိမ်ရောဂါတွေကို ကုသရာမှာ အထူးထိရောက်ပါတယ်။
၁ – အသည်းကို ကာကွယ်ပေးတယ်

ဒန့်သလွန်သီးမှာ ဗီတာမင် စီ၊ ferulic အက်ဆစ်နဲ့ catechin တွေ ပါဝင်ပါတယ်။ ဆေးဝါးနဲ့ အခြားကိစ္စတွေကြောင့်ဖြစ်ပွားတဲ့ အသည်းထိခိုက်မှုကို မြန်မြန်ဆန်ဆန်ပြန်ကောင်းလာဖို့ ကူညီပေးပါတယ်။

၂ – ပိုးသတ်ပေးတယ်

ကြက်သွန်ဖြူ (garlic )ကိုစား ကျန်းမာခြင်းသည် လာဘ်တစ်ပါး

မြန်မာပြည်တွင် မက ကမ္ဘာတစ်ဝန်းလုံးတွင် ဟင်းချက်ပြုတ်၌ အသုံးပြုသော ကြက်သွန်ဖြူသည် ဆေးဖက်ဝင် အာနိသင်များဖြင့် ပြည့်စုံလှကြောင်း ၊ ကြက်သွန်ဖြူကို တစ်နေ့ တစ်လုံးစားသုံးပေးပါက ဗီတာမင်အေ ၊ ဘီ နှင့် စီ ပြည့်ဝစွာရရှိမည်သာမက သတ္တုဓာတ်အမျိုးမျိုးကို ခန္ဓာကိုယ်အတွက် ထောက်ပံ့ပေးနိုင်မည် ဖြစ်သည် ။

ခုခံအားကောင်းအောင် ဒီအစာတွေစားပါ

လက်ဖက်ရည်

လူ့ခန္ဓာကိုယ်မှ ရောဂါကို ခုခံနိုင်တဲ့ အစွမ်းထက်ဓာတုပစ္စည်းတစ်ခုကို Interferon လို့ခေါ်ပါတယ်။ သူ့ရဲ့ အလုပ်ဟာ ခန္ဓာကိုယ်အတွင်း ဗိုင်းရပ်စ်တွေ တိုးပွား လာတာကို ရပ်ဆိုင်းအောင်လုပ်ဖို့ပါ။ ဒီလို လုပ်တာကြောင့် ဗိုင်းရပ်စ်ပိုးတွေ သယ်ဆောင်လာတဲ့ ရောဂါမှန်သမျှကို ရပ်ဆိုင်းသွားစေနိုင်ပါတယ်။ ဘက်တီးရီးယားပိုးနဲ့ ဗိုင်းရပ်စ်ပိုးတွေ ခန္ဓာကိုယ်တွင်း ပိုများလာတိုင်း လက်ဖက်ရည်မှာပါဝင်တဲ့ L-theonineဟာ ခုခံအားစနစ်မှ Interferonကို ပုံမှန်ထက် ငါးဆ ပိုထုတ်ပေးနိုင်ပါတယ်။ လက်ဖက် ခြောက် အမည်း၊ အဖြူနဲ့ အစိမ်းရောင် အားလုံးမှာ L-theonine ပါဝင်ပါတယ်။

images

(more…)


နှလုံးရောဂါ ထဖောက်လာတဲ့အခါမျိုးမှာ အရေးပေါ်ကုသနည်း

heart_attack

နှလုံးရောဂါဖြစ်လာခဲ့ရင် တကယ် အကူအညီမဲ့ ဖြစ်ရပါတယ်။ နှလုံးခုန်နှုန်ုး ပုံမမှန် စဖြစ်လာပြီး သတိမမေ့ခင် ၁၀ မိနစ်ခန့်ကြာလေ့ရှိပါတယ်။ အတိအကျပြောရရင် ချောင်းဆိုးခြင်းက ကြီးမားတဲ့ အကူအညီ ရရှိစေပါတယ်။ ခန္ဓာကိုယ်ထဲကနေအရည် တချို့ကို ချောင်းဖြင့် ဟန့်ထုတ်ဖို့ လိုအပ်တာကြောင့် အားပါပါနဲ့ အဆက်မပြတ် ချောင်းဆိုးပေးရပါမယ်။ ပြီးတော့ အသက်ကို နှစ်နှစ်ကာကာ ရှူရှိုက်ပေးရပါမယ်။

စိတ်ဖိစီးမှုဖြစ်တဲ့အချိန် စားပေးသင့်တဲ့ အစားအစာများ

dark_chocolate

 (၁) ရေနွေးနဲ့သံပုယိုသီး —-ခန္ဓာကိုယ်ကနေ အညစ်အကြေးများ ဖယ်ထုတ်ပေးဖို့ အူတွေကို စေ့ဆော်ပေးပါတယ်။ သံပုယိုရောစပ်လိုက်ခြင်းဖြင့် ခေါင်းကြည်လင် စေပြီး စိတ်နိုးကြားဖို့ လိုအပ်တဲ့ ချဉ်စုတ်စုတ် အရသာကို ပေးပါတယ်။

(၂) ဆန်ဖြင့်လိပ်တဲ့ ဆာမွန်ဆူရှီလိပ် —-အဆီများတဲ့ ငါးတွေမှာ နှလုံးအကျိုးပြုပြီး စိတ်ဖိစီးမှုဖြစ်စေတဲ့ ရောဂါများမှ ကာကွယ်ပေးတဲ့ အိုမီဂါ-၃ အဆီအက်ဆစ် ကြွယ်ဝစွာ ပါဝင်တယ်။ ဆာမွန်ငါး၊ မက်ကရယ်ငါး သို့မဟုတ် ငါးသေတ္တာငါး တွေမှာ တွေ့ရတဲ့ အဆီအက်ဆစ်က စိတ်ခံစားချက်ကို ပုံမှန်ဖြစ်စေပြီး ဦးနှောက်ကို ပိုမို ကျန်းမာစေပါတယ်။