ကော်ဖီသောက်သုံးခဲ့တဲ့ အဆင့် ၃ အူမကြီးကင်ဆာအဆင့်ရှိ လူနာများဟာ သူတို့ရဲ့ကင်ဆာရောဂါ တစ်ဝက်နီးပါး သက်သာပျောက်ကင်းကြပြီး သေဆုံးနိုင်တဲ့ အခွင့်အလမ်း သုံးပုံပုံတစ်ပုံခန့် နည်းပါးသွားကြောင်း လေ့လာမှုအသစ်အရ သိရှိပါတယ်။
လေ့လာသူတွေက ကော်ဖီအတွင်းမှာပါဝင်တဲ့ ကဖင်းဓါတ်ဟာ ကင်ဆာရောဂါပြန်လည်ဖြစ်ပွားနိုင်မှုကို လျော့ကျစေတယ်ဆိုတာ လေ့လာတွေ့ရှိခဲ့ပါတယ်။ ကော်ဖီ သောက်သုံးခြင်းဖြင့် ကောင်းမွန်တဲ့ကာကွယ်မှုတွေသို့ ရင်သား ကင်ဆာ၊ အသည်းကင်ဆာ၊ အရေပြားကင်ဆာ၊ ဆီးကျိတ်ကင်ဆာစတဲ့ ကင်ဆာရောဂါတွေကို ကာကွယ်နိုင်ပြီး ဆီးချိုရောဂါကိုလည်း လျော့နည်းသွားစေကြောင်း လေ့လာတွေ့ရှိထားပြီး ဖြစ်ပါတယ်။
ဝမ်းဗိုက်မှ အဆီလျှော့ချခြင်းဖြင့် နှလုံးရောဂါကို ကာကွယ်နိုင်
ခါးအတိုင်းအတာကို လျှော့ချနိုင်တာကြောင့် နှလုံးရောဂါ ဖြစ်နိုင်ခြေ ၇၂ ရာခိုင်နှုန်း လျှော့ချနိုင်ပြီး လေဖြတ်နိုင်ခြေနဲ့ ဆီးချိုရောဂါ ဖြစ်နိုင်ခြေ ထက်ဝက်လျှော့ချ နိုင်ပါတယ်။ တခြား အဆီအမျိုးအစားတွေဖြစ်တဲ့ ပေါင်နဲ့တင်ပါးမှာ အဆီရှိ တာဟာ ခန္ဓာကိုယ် ဝစေသလိုသာ ဖြစ်တတ်ပေမယ့် ဝမ်းဗိုက်မှ အဆီတွေဟာ ရောင်ရမ်းမှု ဖြစ်စေတဲ့ ပစ္စည်းတွေ ထုတ်လုပ်တတ်လို့ပါလို့ သုတေသီတွေက ဆိုပါတယ်။ ဝမ်းဗိုက်မှအဆီတွေ အမြန်ဆုံး ပျော်ဝင်သွားအောင် အောက်ပါတို့ကို ပြုလုပ်ပါလို့ ကျွမ်းကျင် သူတွေက အကြံပေးထားပါတယ်။ (more…)
ကယ်လိုရီတွေ လောင်ကျွမ်းစေနိုင်တဲ့ တရုတ်နံနံ
အချိန် ၁၂ နာရီအတွင်းမှာ သိသိသာသာ လောင်ကျွမ်းသွားတာပါ။
စမ်းသပ်မှုတစ်ခုအရ သိလိုက်ရတာက တရုတ်နံနံကိုစားရင် ကယ်လိုရီတွေ လောင်ကျွမ်းစေတယ်ဆိုတာပါပဲ။ ဝိတ်ကျလိုသူတွေက ပိုပြီးများများစားပေးရပါမယ်။ သူ့မှာ ရေဓာတ် ၇၅ ရာခိုင်နှုန်းနဲ့ အမျှင်ဓာတ် ၂၅ ရာခိုင်နှုန်း ပါဝင်ပါတယ်။
တရုတ်နံနံရဲ့ ကယ်လိုရီတွေကိုလောင်ကျွမ်းပေးနိုင်စွမ်းကလည်း လျှင်မြန်ပါတယ်။ အချိန် ၁၂ နာရီအတွင်းမှာ သိသိသာသာ လောင်ကျွမ်းသွားတာပါ။
အသည်းခြောက်လူနာ၊ စီပိုးနဲ့ အိတ်ခ်ျအိုင်ဗီ ပူးတွဲလူနာတွေကို အခမဲ့ကုသပေးမယ်
ပြည်တွင်းမှာရှိတဲ့ အသည်းခြောက်လူနာ၊ စီပိုးနှင့်အိတ်ခ်ျအိုင်ဗီ ပူးတွဲလူနာတွေကို နိုင်ငံတော်အစိုးရက စီပိုးကုသ ဆေးနဲ့ အခမဲ့ ကုသပေးသွားမယ်လို့ ရပါတယ်။ ဒီအစီအစဉ်ကို အသည်းဖောင်ဒေးရှင်းက ပံ့ပိုးကူညီမယ်လို့ သိရပြီး အစိုးရရဲ့ဦးဆောင်မှုနဲ့ အမေရိကန်နိုင်ငံ ဂျီလတ်(Gilead) ကုမ္ပဏီက မှာထားတဲ့ စီပိုးကုသဆေး (သုံးလစာ သောက်ဆေး) နဲ့ ကုသပေးသွားမယ်လို့ အသည်းဖောင်ဒေးရှင်းဥက္ကဋ္ဌ ဒေါက်တာခင်ပြုံးကြည်က ပြောပါတယ်။
ပန်းနာရောဂါ၊ လည်ချောင်းနာ၊ ချောင်းဆိုးခြင်းနဲ့ အဆုတ်ရောဂါတွေအတွက် အကောင်းဆုံးသဘာဝဆေးနည်း
အဖြစ်များဆုံးရောဂါတွေထဲမှာ အဆုတ်ရောဂါမျိုးစုံ၊ ပန်းနာရောဂါ၊ ချောင်းဆိုးရောဂါမျိုးမျိုး၊ လည်ချောင်းနာစတဲ့ ရောဂါတွေ ပါဝင်ကြောင်း သိရပြီး လူအများစုမှာ လည်း အဲဒီရောဂါတွေရှိနေကြောင်းတွေ့ရပါတယ်။ ဆေးလိပ် သောက်ခြင်း၊ ရောဂါကူးစက်ပျံ့နှံ့ခြင်းတွေနဲ့ ဓာတ်မတည့်ခြင်းတွေကြောင့် အဆုတ်ရောဂါ ဖြစ်ပွားစေ နိုင်ပါတယ်။ အဆုတ်နဲ့ ပတ်သက်တဲ့ ရောဂါမျိုးစုံ ၊အထူးသဖြင့် ပန်းနာရောဂါ၊ လည်ချောင်းနာနဲ့ နှလုံးရောဂါများ ကုသပေးမယ့် လူသိများတဲ့ သဘာဝဖြေဆေး ဖော်စပ်နည်းတွေကို တင်ဆက်ပေးသွားပါမယ်။
ဝမ်းဗိုက်ထဲမှာ အစာမရှိချိန် ကြက်သွန်ဖြူစားပါ
ကြက်သွန်ဖြူဟာ ရောဂါ အတော်များများအတွက် ကောင်းမွန်သော သဘာဝအစားအစာတစ်မျိုး ဖြစ်ပါတယ်။ ဒီအထဲကမှ မနက်အိပ်ယာထ ဝမ်းဗိုက်ထဲမှာ အစာမရှိတဲ့ အချိန်မှာ ကြက်သွန်ဖြူကို စားပေးသင့်ပါတယ်။
လေ့လာမူများ၏ အဆိုအရ အဲလိုမနက်ခင်း အိပ်ယာထတဲ့အခါမှာ စားခြင်းဟာပိုမိုပြီး ဆေးစွမ်းထက်တယ်လို့ သိရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဝမ်းထဲမှာ အစာမရှိတဲ့ အခါမှာ မကောင်းတဲ့ ဗက်တီးရီးယား ပိုးမွှားများကိုအလွယ် တကူ တိုက်ခိုက်ဖယ်ရှား ပေးနိုင်ခြင်းကြောင့် ဖြစ်ပါတယ်။ အထူးသဖြင့် ဝမ်းဗိုက်နဲ့ ပက်သက် တဲ့ ရောဂါ တွေကို ကြက်သွန်ဖြူက ကာကွယ်ပေးနိုင်ပါတယ်။
မိုးရာသီမှာ ကျန်းမာရေး ဘယ်လို ဂရုစိုက်မလဲ
၁ – အပြင်သွားတိုင်း ထီး ဒါမှမဟုတ် မိုးကာ ယူဖို့ မမေ့ပါနဲ့။
၂ – ဗီတာမင် စီ ကြွယ်ဝတဲ့ အစားအစာ ပိုစားပေးပါ။ ကိုယ်ခံအားစနစ်ကို ပိုကောင်းစေပြီး သာမန် နှာစေး၊ ချောင်းဆိုးကနေ ကာကွယ်ပေးထားပါတယ်။
၃ – မိုးရာသီမှာ လမ်းဘေးစာတွေနဲ့ အသီးအရွက် အစိမ်းစားတာမျိုး သတိထားပါ။
တရုတ်နံနံရဲ့ ကျန်းမာရေး အာနိသင်များ
တရုတ်နံနံကို ရှေးကတည်းက အသုံးပြုခဲ့ကြတယ်လို့ မှတ်တမ်းတင် ဖော်ပြ ထားခဲ့တာကြောင့် သက်တမ်းရင့် ဟင်းသီးဟင်းရွက် တစ်မျိုးလို့ ဆိုနိုင်ပါတယ်။ တရုတ်နံနံ ရဲ့ ကျန်းမာရေး အကျိုး ကျေးဇူးတွေကို တိတိကျကျ သိနိုင်ဖို့ ဖော်ပြ ပေးလိုက်ပါတယ်။
၁) တရုတ်နံနံမှာ ဗီတာမင်စီ ပမာဏများစွာ ပါဝင်တာကြောင့် ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်ကို ကျန်းမာနေအောင် အားပေးနိုင်ပါတယ်။
ဆံပင်နဲ့ အရေပြားအလှအပအတွက် အသုံးတည့်တဲ့ ဆန်ဆေးရည်
အာရှနိုင်ငံတွေရဲ့ အဓိကအစား အစာဖြစ်တဲ့ ဆန်မှာ ဗီတာမင်ဘီ၊ စီ၊ အီး၊ အမိုင်နိုအက်စစ်နဲ့ သတ္တု ဓာတ်တွေပါတဲ့ အတွက် ခန္ဓာကိုယ်တစ်ခုလုံး ကျန်းမာရေးသာ မက အလှအပရေးရာအတွက် ထောက်ကူပေးပါတယ်။ အဓိက အားဖြင့် ဆံပင်နဲ့ အသားအရေအ တွက် ကောင်းကျိုးပြုတာမို့ ဘယ် လိုသုံးစွဲရမလဲဆိုတာ ဖော်ပြပေး လိုက်ပါတယ်။
ဆေးဖြစ်အောင် သင်္ဘောသီးကို ဘယ်လိုအသုံးချမလဲ ??
သင်္ဘောသီးကို ကောင်းကောင်းအသုံးချ တတ်မယ်ဆိုရင်တော့ အစိတ်အပိုင်း အတော်များများက ဆေးဖြစ်ပြီး အသုံးဝင်ပါတယ်။ သင်္ဘောသီးကို ဆေးဖြစ်အောင် ဘယ်လို အသုံးချရမယ် ဆိုတာကိုတော့ အခုလိုပဲ တင်ပြလိုက် ရပါတယ်။
နံနက် ၈ နာရီ စားသုံးလျှင် – အစာအိမ်နှင့် အူလမ်းကြောင်း အတွက် ကောင်းမွန် ပါသည်။