ပျဉ်းမနားပြည်ခိုင်ဖြိုးပါတီမှ မြို့နယ်နှင့်ရပ်ကျေး ပုံမှန်လပတ်တွေ့ဆုံပွဲ ကျင်းပ
မတ်လ ၁၂
ပျဉ်းမနားမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ မြို့နယ်နှင့်ရပ်ကျေး ပုံမှန်လပတ် တွေ့ဆုံပွဲအခမ်းအနားအား ယမန်နေ့ (၁၂-၃-၂၀၁၉) ရက်နေ့ နံနက် (၉) နာရီမှ (၁၁) နာရီအထိ မြို့နယ်ပါတီရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပြီး အခမ်းအနားသို့ ပြည်ခိုင်ဖြိုးပါတီ ခရိုင်ကော်မတီဝင် ဒေါ်ဖြူဖြူကျော်၊ မြို့နယ်ပါတီဥက္ကဌ ဒေါ်ဝင်းဝင်းသီနှင့် မြို့နယ်ကော်မတီဝင်များ၊ ရပ်ကျေးအုပ်စုများမှ ပါတီဥက္ကဌများနှင့် ကော်မတီဝင်များ၊ သီဟသွေးလူငယ်များ စုံလင်စွာ တက်ရောက်ခဲ့ကြပါသည်။
အစီအစဉ်အရ ပထမဦးစွာ ခရိုင်ကော်မတီဝင် ဒေါ်ဖြူဖြူကျော်မှ လတ်တလော နိုင်ငံရေးအကြောင်းအရာများ ၊ စည်းရုံးရေးကိစ္စများကိုလည်းကောင်း၊ မြို့နယ်ပါတီဥက္ကဌ ဒေါ်ဝင်းဝင်းသီမှ ပါတီစည်းရုံးရေးဆိုင်ရာ လုပ်ငန်းကိစ္စရပ်များ၊ ရှေ့လုပ်ငန်းစဉ်များ၊ လတ်တလောပါတီအသစ်များ ဖွဲ့စည်းထူထောင်ကာ ကွင်းဆင်းနေမှုများကို လည်းကောင်း ဆွေးနွေးခဲ့ပြီး မြို့နယ်ကော်မတီဝင်များမှလည်း လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့ပြီးနောက် တက်ရောက်လာကြသော ရပ်ကျေးကော်မတီဝင်များနှင့် အပြန်အလှန် ဆွေးနွေးခဲ့ကြပါသည်။
Akaris Arthawka