ကိုယ့်မြို့၊ ကိုယ့်တိုင်းဒေသကြီးကို တည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်စေ ချင်တဲ့ မုံရွာမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါက်တာ ၀င်းမြင့်အောင်

 

ပြည်ခိုင်ဖြိုးပါတီဟာ နိုင်ငံနဲ့ပြည်သူအတွက် အစဉ်ဆောင်ရွက်ပေးနေတဲ့ ပါတီဝင်တွေ၊ အမှုဆောင်တွေ ဦးဆောင်နေသူတွေနဲ့ ထာဝစဉ်တည်တံ့နေပြီး စိတ်ဓာတ်ခိုင်မာပြီး လေ့ကျင့်သား ပြည့်ဝနေသူတွေဖြစ်လို့ ဘယ်လို အခြေအနေရောက်ရောက် ပြန်လည်တည့်မတ် ဆောင်ရွက်နိုင်မယ်လို့ ယုံကြည်ပါတယ်။

မိမိကိုယ်တိုင်လည်း ပြည်သူက ရွေးချယ်သည်ဖြစ်စေ၊ မရွေးချယ်သည်ဖြစ်စေ၊ နိုင်ငံနဲ့ပြည်သူ့အတွက် အစဉ်ဆောင်ရွက်သွားလိုစိတ်၊ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်တို့ကြောင့် ကြားဖြတ်ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်တာ ဖြစ်ပါတယ်။

ကိုယ့်မြို့၊ ကိုယ့်တိုင်းဒေသကြီးကို တည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်စေ ချင်ပါတယ်။ ဒီမိုကရေစီ ပိုမိုပီပြင် ခိုင်မာအောင် တတ်နိုင်တဲ့ဘက်က ကူညီ ပံ့ပိုးပေးသွားမှာပါ။ မြန်မာနိုင်ငံကြီး ကမ္ဘာ့အလယ်မှာ ဂုဏ်တက်စေဖို့ တစ်ထောင့်တစ်နေရာက ပါဝင်ဆောင်ရွက်သွားပါမယ်။