ပရိတ်သတ်တွေကို စိတ်မပူကြဖို့ ပြောကြားခဲ့တဲ့ Blackpink အဖွဲ့ဝင် Jennie

ဖေဖော်ဝါရီ ၁၆ ရက်မှာ အင်စတာဂရမ်မှာ နောက်ဆုံးပို့စ် တစ်ခုတင်ပြီးနောက် ဆိုရှယ်မီဒီယာပေါ်ကနေ ပျောက်နေခဲ့တဲ့ Blackpink အဖွဲ့ဝင် Jennie  က သူ့အနေနဲ့ လေ့ကျင့်ခန်း လုပ်ရင်း ရခဲ့တဲ့ ဒဏ်ရာအတွက် ကုသမှု ခံယူနေရတာကြောင့် ပျက်ကွက်နေတာဖြစ်ကြောင်း သူ့ပရိတ်သတ်တွေကို ကိုယ်တိုင် အသိပေး ပြောကြားခဲ့ပါတယ်။

သူ့အနေနဲ့ လေ့ကျင့်ခန်း လုပ်ရင်း မျက်နှာမှာ ဒဏ်ရာရခဲ့တာကြောင့် ပတ်တီးစည်းထားရကြောင်းနဲ့ ဖျော်ဖြေပွဲတွေလည်းရှိနေတာကြောင့် ကျန်းမာရေးကို ဂရုစိုက်နေကာ စိတ်မပူကြဖို့ Jennie က Weverse ပေါ်ကနေ ပြောကြားပါတယ်။

Blackpink အဖွဲ့က သူတို့ရဲ့ ကမ္ဘာပတ်ဖျော်ဖြေမှုရဲ့ အာရှပွဲတွေကို ဇန်နဝါရီမှာ စတင်ခဲ့ရာ ဘန်ကောက် ၊ ဟောင်ကောင် ရီးယာ့ဒ် ၊ အဘူဒါဘီ နဲ့ ကွာလာလမ်ပူမှာ‌ ဖျော်ဖြေပြီး ဖြစ်ကာ ဂျကာတာ ၊ မနီလာ နဲ့ စင်ကာပူ တို့မှာ ဆက်လက်ဖျော်ဖြေကြမှာ ဖြစ်ပါတယ်။

 

-Ref: CNA