ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌမှ အင်းစိန်(ရွာမ)ဆရာတော်ဘုရားကြီးအား ဝတ္ထုငွေနှင့် လှူဘွယ်ပစ္စည်းများ ဆပ်ကပ် လှူဒါန်း

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီသည် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၆ ရက်နေ့ နေ့လည် ၁၄၀၀ အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်ရှိ ရွာမပရိယတ္တိစာသင်တိုက် ဦးစီးပဓာနနာယကဆရာတော် နိုင်ငံတော်သြဝါဒစရိယ၊ ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်း  ဂေါပက အဖွဲ့သြဝါဒစရိယ၊ အဂ္ဂမဟာပဏ္ဍိတ အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တတိလောကာဘိဝံသ ထံသို့သွားရောက်ပြီး ဝတ္ထုငွေနှင့် လှူဘွယ်ပစ္စည်းများအား ဆပ်ကပ်လှူဒါန်းကာ သြဝါဒခံယူခဲ့ပါသည်။ အဆိုပါလှူဒါန်းရာသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌနှင့် အတူ ပါတီဗဟို အလုပ်အမှုဆောင် ရန်ကုန်တိုင်း ဒေသကြီး ပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုး၊ တိုင်း/ခရိုင်/မြို့နယ် ပါတီတာဝန်ရှိ သူများ မှလည်း ဆရာတော်အား ဖူးမျှော်ပြီး သြဝါဒခံယူခဲ့ကြပါသည်။

#USDP #Myanmar  #Yangon