ရန်ကုန် အရှေ့ပိုင်းခရိုင် ပြည်ခိုင်ဖြိုးပါတီမှ အခြေခံရုံးလုပ်ငန်း/ကွန်ပျူတာသင်တန်းနှင့် စက်ချုပ်သင်တန်း ဖွင့်လှစ်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

ရန်ကုန်၊ သြဂုတ် ၁၁

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ အခြေခံရုံးလုပ်ငန်း/ ကွန်ပျူတာသင်တန်းနှင့် စက်ချုပ်သင်တန်း ဖွင့်လှစ်နိုင်ရေးညှိနှိုင်းအစည်းအဝေးကို ယနေ့(၁၁.၈.၂၀၂၂) ကြာသပတေးနေ့ တွင် မင်္ဂလာတောင်ညွန့်မြို့နယ် ပါတီရုံးခန်းမတွင် ကျင်းပခဲ့ပါသည်။

အစည်းအဝေးသို့ ခရိုင်ပါတီဥက္ကဋ္ဌ ဦးညဏ်ဝင်းထိုက်၊ ခရိုင်အတွင်း​ရေးမှုး ဒေါ်ဇာခြည်လင်း၊ ကော်မတီဝင် ဒေါ်လဲ့လဲ့အေး၊ အရှေ့ပိုင်းခရိုင် အတွင်းရှိ (၁၄)မြို့နယ် ဥက္ကဋ္ဌများ၊ သင်တန်းနည်းပြများ၊ ကြီးကြပ်များ တက်ရောက်ကြပြီး နေ့လည် ( ၁ )နာရီ မှ( ၃ )နာရီ ထိ သင်တန်းများ ဖွင့်လှစ်နိုင်ရေး တိုင်ပင် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။