နှစ်နှစ်အတွင်း အမေရိကန်သမ္မတ ဝင်ငွေခွန် အမေရိကန်ဒေါ်လာ ၇၅ဝ သာ ပေးဆောင်ဟုဆို

အမေရိကန်သမ္မတဒေါ်နယ်ထရန့်သည် ၂ဝ၁၆ ခုနှစ်နှင့် ၂ဝ၁၇ ခုနှစ်များအတွင်း ၌ ဝင်ငွေခွန် အမေရိကန်ဒေါ်လာ ၇၅ဝ သာပေးဆောင်ခဲ့သည်ဟု နယူးယောက် တိုင်းမ်သတင်းဌာနက ဖော်ပြသည်။

နယူးယောက်တိုင်းမ်သတင်းဌာနသည် ဒေါ်နယ်ထရန့်၏ ဝင်ငွေခွန်ပေးဆောင်မှုမှတ်တမ်းများကို လေ့လာပြီးနောက် ဒေါ်နယ် ထရန့်သည် အမေရိကန်သမ္မတရွေးကောက် ပွဲဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ၂ဝ၁၆ ခုနှစ် မှ စတင်ကာ သမ္မတအဖြစ်သို့ ရောက်ရှိခဲ့သည့် ၂ဝ၁၇ ခုနှစ်အတွင်း ဝင်ငွေခွန် အမေရိကန်ဒေါ်လာ ၇၅ဝ သာ ပေးဆောင်ခဲ့သည်ဟု တွေ့ရှိခဲ့ခြင်းဖြစ်သည်။

ထို့အပြင် ဒေါ်နယ်ထရန့်သည်  ပြီးခဲ့သည့် ၁၅ နှစ် အတွင်း ဝင်ငွေခွန် ပေးဆောင်ခဲ့သည့်နှစ် မှာ ၅ နှစ်သာ ရှိခဲ့ပြီး ကျန် ၁ဝ နှစ်တွင် ၄င်းပိုင်စီးပွားရေးလုပ်ငန်းစုများက အရှုံးပေါ်သည်ဟု အကြောင်းပြကာ ဝင်ငွေခွန်  ပေးဆောင်ခဲ့ခြင်းမရှိဟုလည်း တွေ့ရှိခဲ့သည်။  Ref; NY Times