နွားထိုးကြီးပြည်ခိုင်ဖြိုး စည်းရုံးရေးစွမ်းရည်(မွမ်းမံ)သင်တန်းဖွင့်

မန္တလေးတိုင်းဒေသကြီး နွားထိုးကြီးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ကျေးရွာ/ရပ်ကွက် စည်းရုံးရေးမှူးများ၏ စည်းရုံးရေးစွမ်းရည်မွမ်းမံသင်တန်းဖွင့်ပွဲကို နိုဝင်ဘာ (၁၉) ရက် နံနက်က နွားထိုးကြီးမြို့နယ် ပြည်ခိုင်ဖြိုးခန်းမ၌ ကျင်းပရာ ပြည်ခိုင်ဖြိုးပါတီ မြို့နယ်တာဝန်ခံ ဦးမြတ်သူ၊ မြင်းခြံခရိုင်ပါတီ အတွင်းရေးမှူး ဦးကျော်ဇင်မျိုး တို့က သင်တန်းဖွင့် အမှာစကားပြောကြားသည်။

 

ngwa-htogyi

သင်တန်းသို့ နွားထိုးကြီးမြို့နယ် ပါတီဥက္ကဋ္ဌ ဦးကြည်ဖေနှင့် ပါတီကော်မတီဝင်များ၊ သင်တန်းသား စည်းရုံးရေးမှူး ၄၂ ဦး တက်ရောက်ကြပြီး သင်တန်းမှာ နှစ်ရက်ကြာမည်ဖြစ်ကြောင်း သိရသည်။

ဌေးမြင့်မောင်(နွားထိုးကြီး)


Leave a Reply