သီပေါမြို့နယ်ပြည်ခိုင်ဖြိုးပါတီ လုပ်ငန်းညှိနှိုင်းစည်းဝေး

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ သီပေါမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး အစည်းအဝေးခန်းမတွင် မြို့နယ်ပါတီကော်မတီဝင်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာလ (၆) ရက် နံနက် (၉) နာရီ အချိန်က ကျင်းပပြုလုပ်ရာ ပြည်နယ်ပါတီကော်မတီဝင် ဦးစိုင်းစိန်လင်း၊ မြို့နယ်ဥက္ကဌ ဦးအောင်အောင်နှင့် မြို့နယ် ပါတီကော်မတီများ အရံပါတီကော်မတီများ တက်ရောက်ခဲ့ပြီး မြို့နယ်ပါတီဥက္ကဌ ဦးအောင်အောင်မှ အဖွင့်အမှာ စကား ပြောကြားခဲ့သည်။

ဆက်လက်၍ ကျင်းပပြီးစီးခဲ့သည့် ဒုတိယအကြိမ်ပါတီညီလာခံ အတွေ့အကြုံ များ ရှင်းလင်းပြောကြားခြင်း၊ ပြည်နယ်ပါတီအစည်းအဝေးမှ ချမှတ်ပေး လာသည့် ရှေ့လုပ်ငန်းစဉ် အချက်အလက်များအား ရှင်းလင်းခြင်း၊ ရေးရာ ကော်မတီ(၁၂) ခုတွင် တာဝန်ပေးအပ်မည့် မြို့နယ်ပါတီကော်မတီဝင် (၁၂) ဦးတို့အား ကော်မတီဝင်များ၏ ဆန္ဒဖြင့် ရွေးချယ်ခဲ့ကြပြီး မြို့နယ်ပါတီ ကော်မတီဝင်များမှ မိမိတို့ စည်းရုံးရေးနယ်မြေအလိုက် ပါတီဝင်အင်အား ရရှိရေးတို့အား ဆွေးနွေးခဲ့ကြသည်။

ထို့နောက် ကော်မတီဝင်များမှ တင်ပြချက်များအပေါ် ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြသည်။ အစည်းအဝေးသို့ မြို့နယ်ကော်မတီဝင်နှင့် မြို့နယ် အရန်ကော်မတီဝင်များ စုစုပေါင်း (၂၃) ဦး တက်ရောက်ခဲ့ကြပြီး နေ့လည် (၁၁း၃၀) အချိန်တွင် အစည်းအဝေး ပြီးစီးကြောင်း သတင်းရရှိသည်။

Wai Mar Hein


Leave a Reply