Huawei Mate 9 တွင် Leica တံဆိပ် ကျောဘက် ကင်မရာနှစ်ခုနှင့် OIS ပါဝင်မည်ဟုဆို

Huawei သည် Mate 9 ကို ယခုနှစ်မကုန်မီတွင် ဖြန့်ချိဖွယ်ရှိကြောင်း၊ ၎င်းတွင် ကျောဘက်ကင်မရာနှစ်ခုနှင့် optical image stabilization ပါဝင်ဖွယ်ရှိကြောင်း သိရသည်။

Note

အဆိုပါ အချက်အလက်အားလုံးသည် လူသိများသည့် တရုတ်လေ့လာဆန်းစစ်သူတစ်ဦးထံမှ ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။ ၎င်း၏အဆိုအရ Mate 9 ပင်မကင်မရာသည် Leica အမှတ်တံဆိပ်ဖြစ်ကြောင်း၊ Huawei ၏ dual camera setup နှင့် Apple ၏ iPhone 7 Plus ၏ ခြားနားချက်မှာ Huawei က Mate 9 တွင် ကာလာ sensor တစ်ခုနှင့် အဖြူအမည်း sensor တစ်ခုကို အသုံးပြုထားခြင်းဖြစ်ပြီး Apple က ကာလာ sensor နှစ်ခု အသုံးပြု ထားခြင်းဖြစ်ကြောင်း သိရသည်။

Huawei ၏ အထင်ကရ phablet သစ်တွင် Kirin 960 chipset ကို အသုံးပြုထားပြီး EMUI 5.0 နှင့် Android 7.0 Nougat ဖြင့် အသုံးပြုနိုင်မည်ဟုဆိုသည်။ ထို့အပြင် 4GB သို့မဟုတ် 6GB RAM ဖြင့် အသုံးပြုနိုင်ပြီး Cat.12 LTE အတွက် အထောက်အပံ့ပါဝင်မည်ဟု ဖော်ပြထားသည်။

Ref: GSMArena

# Internet Journal


Leave a Reply