ပါတီအမျိုးသမီးအဖွဲ့တွေ့ဆုံပွဲမြန်အောင်တွင်ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ၏ အမျိုးသမီးအဖွဲ့တွေ့ဆုံပွဲကို ယမန်နေ့က မြန်အောင်မြို့နယ် ပြည်ခိုင် ဖြိုးပါတီရုံးအစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

အမျိုးသမီးအဖွဲ့တွေ့ဆုံပွဲတွင် မြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားကာ အတွင်းရေးမှူးနှင့် မြို့နယ်ပါတီ ကော်မတီများက နှုတ်ခွန်းဆက်စကားများပြောကြားခဲ့ကြပြီး မြို့ နယ်ပြည်ခိုင်ဖြိုးပါတီ အမျိုးသမီးအဖွဲ့တာဝန်ခံဒေါ်ယဉ်မြတ်သူက ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားသည်။
ထို့နောက် တွေ့ဆုံပွဲသို့ တက်ရောက်လာကြသောအမျိုးသမီး အဖွဲ့ဝင်များက တစ်ဦးချင်းဆွေးနွေးခြင်း၊ တာဝန်ခံက ပြန်လည် ဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။

မြို့နယ်ပါတီဥက္ကဋ္ဌနှင့်အတွင်းရေးမှူးတို့က အမျိုးသမီးအဖွဲ့ဝင် များကို ထောက်ပံ့ပစ္စည်းများပေးအပ်ကာ တွေ့ဆုံပွဲကိုရပ်နားလိုက် သည်။
မြန်အောင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ၏ အမျိုးသမီးအဖွဲ့တွေ့ဆုံပွဲ ကို လစဉ်ကျင်းပလျက်ရှိပြီး ပါတီ၏စည်းရုံးရေးလုပ်ငန်းများအပြင် လူထုအကျိုးပြုလုပ်ငန်းများတွင် အမျိုးသမီးထုပါဝင်နိုင်ရေးအတွက် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း အမျိုးသမီးအဖွဲ့တာဝန်ခံထံမှ သိရ သည်။

နေဝင်းဇော်(မြန်အောင်)


Leave a Reply