ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီညီလာခံ တက်ရောက်မည့်ကိုယ်စားလှယ်များနှင့်တွေ့ဆုံခြင်း

ဦးဝင်းမြင့်အောင် ပဲခူးမြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ

• လက်ရှိမြို့နယ်ဥက္ကဋ္ဌတာဝန်ဆိုတော့ အရင်ကဘယ်အပိုင်းကဏ္ဍကနေ တာဝန် ယူဆောင်ရွက်ခဲ့တယ်ဆိုတာ သိချင်ပါ တယ်။
ကျွန်တော်က အသင်းဘဝက ၂ဝဝ၃ ကတည်းက ဒုတိယစည်းမှူးအနေနဲ့ စတင်ဝင်ရောက်ခဲ့တာပေါ့။ အဲဒီကနေ ၂ဝ၁ဝမှာ ပါတီဖွဲ့လိုက်တော့ မြို့နယ်ပါတီ ကော်မတီဝင်အနေနဲ့ ရွေးချယ်ခြင်းခံရ တယ်။ ၂ဝ၁၁မှာ ပါတီတွေပြန်လည်ဖွဲ့ စည်းတဲ့နေရာမှာ တွဲဖက်အတွင်းရေးမှူး ဖြစ်လာတယ်။၂ဝ၁၅-၂ဝ၁၆မှာ ပြန်ရွေး တဲ့အခါမှာ မြို့နယ်ဥက္ကဋ္ဌအဖြစ် အရွေး ချယ်ခြင်းခံရတယ်။ အောက်ခြေကနေ ဒုစည်းရုံးရေးမှူး၊စည်းရုံးရေးမှူး၊ မြို့နယ် ကော်မတီဝင်၊ မြို့နယ်ဥက္ကဋ္ဌအဆင့်ဆင့် ဖြတ်သန်းလာရတာပါ။

• ပါတီညီလာခံကို မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီး အရွေးချယ်ခံကိုယ်စားပြု ကိုယ်စားလှယ်တွေ တက်ရောက်ရတော့ မယ်ဆိုတော့ အစ်ကို့မြို့နယ်အခြေအနေနဲ့ ရပ်ကျေးမျက်နှာစုံညီရွေးချယ်ပုံလေးတွေ ရှင်းပြပေးပါ။
ကျွန်တော့်မြို့နယ်မှာ ကျေးရွာအုပ်စု အားလုံးပေါင်း ၁ဝ၅ ရွာရှိတယ်။ မဲ ဆန္ဒနယ်က နှစ်ခုရှိတယ်။ မဲဆန္ဒနယ် (၁၊ ၂) ဆိုပြီးတော့။ ၁ဝ၅ ရွာကို မဲဆန္ဒနယ် နှစ်ခုအတွက် ကျေးရွာ ၅ဝ၊ ၅၅ ဆိုပြီး နှစ်မျိုးခွဲလိုက်တယ်။ ရပ်ကျေးမှာတော့ ဘယ်လိုရွေးချယ်လဲဆိုတော့ အရင်တုန်း ကစည်းရုံးရေးမှူးအဟောင်းတွေရှိတယ်။ တချို့ရွာတွေမှာဆို ကျန်းမာရေးမကောင်း တဲ့ စည်းရုံးရေးမှူးတွေ၊ ၊အဆင်မပြေတဲ့ စည်းမှူးတွေရှိတယ်။ အဲ့ဒီအထဲကမှ ကောင်းတဲ့သူတွေကိုရသလောက်ပြန်ခေါ် တယ်။ စိတ်ပါဝင်စားတဲ့သူတွေကိုတက် ခိုင်းတယ်။အများသဘောနဲ့ပဲစည်းရုံးရေး မှူး၊ အမှုဆောင်များကို ရွေးချယ်တယ်။ အရန်ငါးဦး။ တစ်ရွာကို စုစုပေါင်း ၁ဝဦး ရွေးချယ်တာပေါ့။ အဲ့ဒီကစည်းရုံးရေးမှူး တစ်ဦး၊ ဒုတိယစည်းရုံးရေးမှူး တစ်ဦးနဲ့ အမှုဆောင်သုံးဦးငါးဦးကိုရွေးချယ်တယ်။ အရန်အမှုဆောင် ငါးဦးထားခဲ့တယ်။ အဲဒါက ကျေးရွာတွေမှာ ရွေးချယ်တဲ့ပုံစံ။ မြို့ပေါ်မှာ ၃၁ရပ်ကွက် အဲ့ဒီလိုပဲရွေးချယ် ခဲ့တယ်။ ပါတီမျက်နှာစုံညီအစည်းအဝေး ကို ဇွန်လ ၁၃ ရက်ကလုပ်တယ်။ပုံမှန် အားဖြင့်တော့ မြို့နယ်ပါတီမှာ ကော်မတီ ဝင် ၁၅ဦးရှိတယ်။ ကျွန်တော်တို့ဆီမှာ တော့ ကော်မတီဝင်ကိုးဦးကျန်တယ်။ ကျန်းမာရေးမကောင်းတဲ့သူတွေရယ်၊ ဒီမှာမနေတဲ့သူတွေရယ်ကြောင့် ရှစ်ဦး ပဲကျန်တယ်။ အသစ်ရွေးရတော့မယ်။ ဘယ်လိုပုံစံနဲ့ရွေးလဲဆိုတော့ ကျေးရွာ တစ်ခုကို စည်းရုံးရေးမှူးနဲ့ ဒုစည်းရုံး ရေးမှူးနှစ်ဦး တက်ခိုင်းတယ်။ သူတို့ လည်းဝင်ရွေးလို့ရတယ်။ ရပ်ကျေးမှာဆို ရင် ပါတီဝင်အင်အား ၅ဝဝဝ ပြည့်တဲ့ ရပ်ကျေးတိုင်းတစ်ယောက်တက်ရတယ်။ ကျေးရွာတစ်ရွာမှာ ပါတီဝင်အင်အား ၁ဝဝဝဝ ရှိရင် စည်းရုံးရေးမှူး၊ ဒုစည်းရုံး ရေးမှူးနဲ့ နှစ်ယောက် တက်ခွင့်ရှိတယ်။နှစ်ယောက်လုံးလည်းရွေးချယ်ခွင့်ရှိတယ်။ အားလုံးအယောက် ၂ဝဝ ကျော်လောက် တက်လာတယ်။ဒီမြို့နယ်ကော်မတီဝင်ကို ရွေးချယ်ခဲ့တာပေါ့။ရွေးချယ်တာကဒီမိုက ရေစီကျကျ အများနည်းတူမဲပေးတယ်။ ကျွန်တော်တို့ဆီမှာ ကျေးရွာ ၁ဝ၅ရွာကို အုပ်စုခုနစ်စုခွဲပြီး တစ်စုကိုသုံးယောက် သုံးယောက်ပါအောင်ခွဲတယ်။ မြို့နယ် တက်ခိုင်းတယ်။ ခုနစ်စုကတက်လာတဲ့ သူနဲ့ ဒီမှာရှိတဲ့သူ စုစုပေါင်း ၃ဝရတယ်။ အဲ့ဒီထဲကမှ ၁၅ဦးပြန်ရွေးတယ်။ မဲပြန် ပေးပြီး ဥက္ကဋ္ဌ၊အတွင်းရေးမှူး၊ဘဏ္ဍာရေး မှူးပြန်ရွေးချယ်တယ်။

• အရင်က ပါတီမှာ ဘယ်လိုရွေးချယ်ခဲ့ သလဲဆိုတာ ပြောပြပေးပါ။
ပါတီကနေ ချမှတ်ထားတဲ့ မူဝါဒ ဖွဲ့စည်းရေးလုပ်ထုံးလုပ်နည်းများနဲ့ပဲ မဲ ပေးရွေးချယ်ခဲ့တာပါ။ အသင်းကနေ ပါတီကို ကူးလိုက်တဲ့အချိန်လေးတစ်ချက် ပဲ။ ရွေးကောက်ပွဲလည်းဝင်ရမယ်ဆိုလို့၊ ရွေးချိန်လည်းမရတော့လို့ ရွေးကောက်ပွဲ မှာနိုင်လောက်တဲ့သင့်တော်တဲ့ လူ ၁၅ဦး ကိုရွေးလိုက်တယ်။ ရွေးကောက်ပွဲဝင်ပြိုင် တယ်။ နိုင်သွားတယ်။ ၂ဝ၁၁ မှာ မျက် နှာစုံညီပွဲပြန်လုပ်တယ်။ ၁ဝ၅ ရွာကလူ တွေကို အကုန်ပြန်ခေါ်ပြီးတော့ အဆင့် ဆင့်ရွေးချယ်ခဲ့ပါတယ်။ ကျွန်တော်တို့ ပဲခူးမြို့နယ်မှာဆိုရင် မထင်မှတ်ထားတဲ့ သူတွေတောင်ဖြစ်လာတယ်။အရင်၂ဝ၁၁ ကတည်းကလည်းဒီလိုပဲရွေးချယ်ခဲ့တာပဲ။

• ၂ဝ၁၅ရွေးချယ်ပွဲမှာ နေရာတော် တော်များများရှုံးနိမ့်သွားတယ်။ အဲဒီ့အခါ ပါတီဝင်တွေအနေနဲ့ နုတ်ထွက်သွားတာ တွေ၊ အားငယ်သွားတာတွေရှိတယ်လို့ ကြားရတယ်။ အစ်ကို့မြို့နယ်ထဲမှာရော ဘယ်လိုပုံသဏ္ဌာန်ရှိပါသလဲ။
မြို့နယ်မှာတော့မရှိပါဘူး။ကျွန်တော် တို့ အတတ်နိုင်ဆုံး၊ တာဝန်အကျေဆုံး ဖြစ်အောင်လုပ်ခဲ့တယ်။ ဒါပေမဲ့ ကျွန် တော်တို့ အတွေ့အကြုံလေးတစ်ခုပေါ့။ထုံးကြီးဆိုတဲ့ကျေးရွာလေးကို ဆင်းသွား တယ်။ ပထမဆုံးကွင်းဆင်းကြည့်တာ ပေါ့။၂ဝ၁၅ ရွေးကောက်ပွဲမတိုင်ခင်ပေါ့။ အဘွားတစ်ယောက်ကို မဲ ဘယ်သူ့ကိုပေး မှာလဲမေးလိုက်တော့ အဘွားက ”ငါတို့ ကတော့အမေစုပဲထည့်မယ်”။ဘာဖြစ်လို့ လဲဆိုတော့ ”ငါ နင်တို့ကိုသိတာပေါ့။ နင်တို့ဝန်ကြီးကိုငါသိတယ်။ ငါနဲ့လည်း သိတယ်။ ဒီလမ်းတွေအားလုံးကလည်း နင်တို့ဝန်ကြီးပဲခင်းပေးတာ၊ ကြိုက်လည်း ကြိုက်တယ်။ကြံ့ခိုင်ရေးကိုအရမ်းသဘော ကျတယ်။အလုပ်လည်းအရမ်းလုပ်တယ်။ အခြားသူတွေဆိုအလုပ်လည်းမလုပ်ဘူး။ ဒါပေမဲ့ ငါတို့ကအမေစုကိုချစ်တယ်။ ဘာလို့လဲဆိုတော့ဗိုလ်ချုပ်သမီးမို့လို့။ သူ ကိုလည်းတစ်ခါမှမဲမပေးဖူးဘူး။ဒါကြောင့် ငါတို့မဲပေးမှာ”လို့ပြောတယ်။ ကျွန်တော် တို့ အောက်ခြေကလူအကုန်သိတယ်။ ယှဉ်ရင်ကျွန်တော်တို့အများကြီးသာတယ်။ကျွန်တော်တို့မသာတာ ဗိုလ်ချုပ်သမီးကို မယှဉ်နိုင်တာပဲရှိတယ်။ ရှုံးပေမဲ့ဖြေသာ တယ်။ အခုလာပြိုင်တဲ့သူတွေကို ရှုံး တာမဟုတ်ဘူး။ ငါတို့ကိုပြည်သူတွေ ထောက်ခံတယ်။ ခုမဲအများကြီးရပါ တယ်။ ကျွန်တော်တို့ခုနစ်သန်းရတယ်။ သူတို့သာ ဗိုလ်ချုပ်သမီးသာ မဟုတ်ရင် ကွာစရာအကြောင်းကိုမရှိတာ။ ဒီလိုစိတ် ဓာတ်မျိုး စည်းရုံးရေးမှူး၊ အမှုဆောင်တွေ အသိကို ရအောင်ပြောလိုက်ပါတယ်။ ဒါကြောင့်မို့ သူတို့တက်ကြွတယ်။ ညီလာခံကိုတက်ရောက်ရင်အစုအဖွဲ့ တွေနဲ့ ကျရာနေရာကနေ ဆွေးနွေးပြော ဆိုရတော့မယ်။ ညီလာခံပြီးရင် အစ်ကို အနေနဲ့ဘယ်လိုဆက်လက်ဆောင်ရွက် သွားချင်တယ်ဆိုတာလေးပြောပြပေးပါ။က ကျွန်တော်တို့ကတော့ ပါတီမူဝါဒနဲ့ မဆန့်ကျင်ဘူး။ ဥပဒေနဲ့လည်း မဆန့် ကျင်တဲ့ ပြည်သူ့အကျိုးမှန်သမျှကို ကျွန် တော်တို့လုပ်မယ်။ပြည်ခိုင်ဖြိုးပါတီအနေ နဲ့။ ဥပမာ-ကျွန်တော်လမ်းတစ်လမ်းကို ဖောက်မယ်။ အားလည်းရှိတယ်။ အဲ့လမ်း က သူများလယ်ကို ဖြတ်ဖောက်ရမယ် ဆိုရင်တော့ ဥပဒေနဲ့ငြိတယ်။ ဒါမျိုးဆို ရင်တော့ ကျွန်တော်လုပ်လို့မရဘူး။

• ကျွန်တော်မေးတဲ့အထဲမှာ ဖြည့်စွက် ပြောချင်တာများရှိရင်ပြောကြားပေးပါ။
အဓိကပြောချင်တာတော့ ပြည်ခိုင်ဖြိုး ပါတီဝင်တွေရော၊ အမှုဆောင်တွေရော စိတ်ဓာတ်မကျဘူး။ အများပြောသလို တောင်ပြို ကမ်းပြို ရှုံးခဲ့တာမဟုတ်ဘူး။လွတ်လပ်ရေးဖခင်ဗိုလ်ချုပ်အောင်ဆန်းရဲ့ ပုံရိပ်ကြောင့် သူ့သမီးကို မနိုင်ခဲ့တာပါ။

နေထက်ဝေ


Leave a Reply