ပါးမီးရပ်စ်မှ ဘရာဇီးလူငယ်တောင်ပံကစားသမား ဂါဘရီရယ်ဂျီးဆက်ကို မန်စီးတီးခေါ်ယူ

Brazil-v-Portugal-Quarter-Final-FIFA-U-20-World-Cup-New-Zealand-2015

သြဂုတ် ၄၊ အင်္ဂလန်

မန်စီးတီးအသင်းသည် ပါးမီးရပ်စ်အသင်းမှ ဘရာဇီး လူငယ်တောင်ပံကစားသမား ဂါဘရီရယ်ဂျီးဆက်ကို ပြောင်းရွှေ့ ကြေးပေါင် ၂၇ သန်းဖြင့် ခေါ်ယူလိုက်ပြီ ဖြစ်သည်။

ဂျီးဆက်ကို မန်စီးတီးအသင်းက ငါးနှစ်စာချုပ်ဖြင့်ခေါ်ယူခဲ့ခြင်း ဖြစ်ပြီး ဘရာဇီးလိဂ်ပြီးဆုံးသည့်ဒီဇင်ဘာလအထိ ပါးမီးရပ်စ်အသင်းတွင် ဆက်လက်ကစားစေမည် ဖြစ်သည်။

ဂျီးဆက်သည် ပါးမီးရပ်စ်အသင်းအတွက် ၆၇ ပွဲ ပါဝင်ကစားထားပြီး ၂၆ ဂိုးသွင်းယူပေးထားသူ ဖြစ်သည်။ ဘရာဇီးလိဂ်၏ အလားအလာ အကောင်းဆုံး လူငယ်ကစားသမားအဖြစ် သတ်မှတ်ခံထားရသူဖြစ်ပြီး ဘရာဇီး အသင်းကြီးတွင် ပါဝင်ခွင့်မရသေးသော်လည်း ရီယိုအိုလံပစ်အသင်းတွင် ရွေးချယ်ခံထားရသူ ဖြစ်သည်။

ပြောင်းရွှေ့ကြေးမှာ ပေါင် ၂၇ သန်းဖြစ်သော်လည်း ဂျီးဆက်၏မန်စီးတီးအသင်းတွင် အောင်မြင်မှုအပေါ်မူတည်၍ ပေါင်လေးသန်း ထပ်မံတိုးမြင့်သွားမည်ဖြစ်သည်။

‘မန်စီးတီးမှာ ထိပ်တန်းကစားသမားတွေအများကြီးရှိပြီး နည်းပြဂွါဒီယိုလာကလည်း တကယ်ကောင်းတဲ့နည်းပြ ဖြစ်တာကြောင့် ဒီမှာ အများကြီးသင်ယူနိုင်မှာပါ။

ကျွန်တော်ဘာလုပ်နိုင်တယ်ဆိုတာကို မန်စီးတီးပရိသတ်တွေကို ပြသသွားမှာပါ။ ကောင်းမွန်တဲ့အနာဂတ်ကို ကျွန်တော်တို့ အတူတကွသွားနိုင်မယ်လို့ ထင်ပါတယ်’ ဟု ဂျီးဆက်က ပြောဆိုခဲ့သည်။

Ref ; ဘီဘီစီ


Leave a Reply