အဲဗာတန် နည်းပြဟောင်း မာတီနက်ဇ် ဘယ်လ်ဂျီယံနည်းပြအဖြစ် ခန့်အပ်ခံရ

13912445_1746660505586833_6286096465176988536_n

အဲဗာတန်၊ ဝီဂန်နှင့် ဆွမ်ဆီး နည်းပြဟောင်း ရောဘတ်တို မာတီနက်ဇ်ကို ဘယ်လ်ဂျီယံ လက်ရွေးစင်အသင်းရဲ့ နည်းပြအဖြစ် ခန့်အပ်ခြင်း ခံခဲ့ရကြောင်း သိရပါတယ်။

စပိန်နိုင်ငံသား အသက် (၄၃) နှစ်အရွယ်ရှိ မာတီနက်ဇ်ဟာ အဲဗာတန်အသင်းမှာ (၃) နှစ်ကြာ နည်းပြခဲ့ပြီးနောက် ယခုနှစ် မေလက အသင်းကနေ ထုတ်ပယ်ခြင်း ခံခဲ့ရပါတယ်။

ယူရို ၂၀၁၆ ပြိုင်ပွဲမှာ ဘယ်လ်ဂျီယံက ဝေးလ်အသင်းကို ရှုံးနိမ့်ပြီး နှစ်ပတ်အကြာမှာ ဘယ်လ်ဂျီယံ ဘောလုံးအဖွဲ့ချုပ်က မာ့ခ်ဝီးလ်မော့စ်ကို ထုတ်ပယ် လိုက်တာကြောင့် အခုလို မာတီနက်ဇ်နဲ့ အစားထိုးခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ လစ်လပ်နေတဲ့ နည်းပြနေရာကို ဘယ်လ်ဂျီယံ ဘောလုံးအဖွဲ့ချုပ်က အွန်လိုင်းမှာ ကြော်ငြာခဲ့တယ်လို့ သိရပါတယ်။

“ဒီလိုအနေအထားမှာ နည်းပြတစ်ဦးကို အလျင်အမြန် တွေ့ရှိခဲ့တဲ့အတွက် ဝမ်းမြောက် ဂုဏ်ယူပါကြောင်း”လို့ ဘယ်လ်ဂျီယံ ဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

မာတီနက်ဇ်ဟာ ယနေ့ ကြာသပတေးနေ့မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်မှာဖြစ်ပြီး သူ့ရဲ့ ပထမဦး ကိုင်တွယ်မယ့် ပွဲကတော့ စက်တင်ဘာ ၁ ရက်နေ့မှာ စပိန်နဲ့ ကစားမယ့်ပွဲပဲဖြစ်ပါတယ်။

မာတီနက်ဇ်က ဖလာနီ၊ လူကာကူနဲ့ ကီဗင် မီယာလပ်စ်တို့လို ဘယ်လ်ဂျီယံ လက်ရွေးစင်ကစားသမားတွေကိုကို အဲဗာတန်အသင်းကို နည်းပြစဉ်က ကိုင်တွယ်ခဲ့ ပါတယ်။

Ref: BBC


Leave a Reply