မိုးညှင်းပြည်ခိုင်ဖြိုး ရပ်/ကျေးပါတီအဆင့်ဆင့် ရွေးချယ်ပွဲများ ပြုလုပ်

မိုးညှင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ  ရပ်/ကျေးပါတီအဆင့်ဆင့် ရွေးချယ်တင်မြောက်ပွဲများကို ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာအသီးသီးသို့ ကွင်းဆင်း ရွေးချယ်ကျင်းပလျှက် ရှိရာ မေလ (၁၈) ရက်နေ့က နန်းမားကျေးရွာအုပ်စု မြို့မရပ်ကွက်၊ ညောင်ကုန်းရပ်ကွက်၊ ရှမ်းစုရပ်ကွက်၊ နန်းခမ်းရွာ၊ သာယာကုန်းရွာ၊ အလယ်တောကျေးရွာများသို့ မြို့နယ်ပြည်ခိုင်ဖြိုး ပါတီကော်မတီဝင်များ၊ ရပ်မိရပ်ဖများနှင့် ပါတီဝင်ကေဒါများ အသီးသီး တက်ရောက်ရွေးချယ်ဖွဲ့စည်း
ပေးခဲ့ပြီး အုပ်စုအဆင့် ရွေးချယ်ပွဲအား ယနေ့ ( မေ ၁၉ ) တွင် ပြန်လည်ရွေးချယ်သွားမည် ဖြစ် ကြောင်းနှင့် အခြားအုပ်စုကြီးဖြစ်သော လယ်မှီး(၆)ရွာ၊ အင်းကုန်း(၈)ရွာသို့ ဆက်လက်၍ အဆင့်ဆင့်ရွေးချယ်သွားမည်ဖြစ်ကြောင်း သိရသည်။

Credit –Sai Tin Nyunt


Leave a Reply