စစ်တွေမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်လောင်းများ အောင်နိုင်ရေး ဗီနိုင်းစိုက်ထူ

 

စစ်တွေ၊ အောက်တိုဘာ ၁

လာမည့်ရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားပြု ၀င်ရောက်ယှဉ်ပြိုင်ကြမည့် စစ်တွေမြို့နယ် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ ရွေးကောက်ပွဲမဲဆွယ်စည်းရုံးရေး ဗီနိုင်းပိုစတာအား စိုက်ထူခဲ့ကြသည်။

အဆိုပါ ဗီနိုင်းပိုစတာအား ယမန်နေ့ အောက်တိုဘာလ ၁ ရက်နေ့ နံနက် ၉ နာရီက ရခိုင်ပြည်နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး ခြံဝင်းထဲတွင် စိုက်ထူခဲ့ကြသည်။ ရွေးကောက်ပွဲအောင်နိုင်ရေး ဗီနိုင်းပိုစတာ စိုက်ထူပွဲသို့ ပါတီဗဟိုအလုပ်အမှုဆောင်၊ ပြည်နယ်ပါတီဥက္ကဋ္ဌ ဒေါက်တာစန်းရွှေ၊ ပါတီဗဟိုကော်မတီဝင် ပြည်နယ် ပါတီအတွင်းရေးမှူး ဦးသန်းဝေနှင့် ပြည်နယ်ပါတီ ကော်မတီဝင်များ၊ ပြည်နယ်ပါတီပြောရေး ဆိုခွင့်ရှိသူများ၊ စစ်တွေခရိုင်ပါတီဥက္ကဋ္ဌနှင့် ခရိုင်ပါတီကော်မတီဝင်များ၊ စစ်တွေမြို့နယ် ပါတီဥက္ကဋ္ဌနှင့် မြို့နယ်ပါတီ ကော်မတီ ၀င်များ၊ စစ်တွေမြို့နယ် လွှတ်တော်ကိုယ်စားလှယ်လောင်းများ တက်ရောက်ခဲ့ကြသည်။

လာမည့် ၂၀၂၀ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် လွှတ်တော် ကိုယ်စားလှယ်လောင်း #ဦးသန်းထွန်း၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ် (၃) လွှတ်တော်ကိုယ်စား လှယ်လောင်း #ဦးစန်းငွေ၊ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်အမှတ် (၁) လွှတ်တော်ကိုယ်စားလှယ်လောင်း #ဦးသိန်းလွင် (ခ) သိန်းရွှေ၊ ပြည်နယ်လွတ်တော် မဲဆန္ဒနယ်မြေအမှတ် (၂) လွှတ်တော်ကိုယ်စားလှယ်လောင်း #ဦးကျော်စိုး တို့မှ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားပြုပြီး စစ်တွေမြို့နယ်မှ ၀င်ရောက် အရွေးချယ်ခံသွားကြမည် ဖြစ်သည်။