နိုင်ငံသား စိစစ်ရေးကတ်တွင် လီရှောတိုင်းရင်းသားဟု ဖော်ပြမှု လီဆူတိုင်းရင်းသားများ ကန့်ကွက်

မန္တလေးတိုင်း ပြင်ဦးလွင်ခရိုင် မိုးကုတ်မြို့နယ်တွင် နေထိုင်သော လီဆူတိုင်းရင်းသားများ နိုင်ငံသားစိစစ် ရေးကတ်လုပ်ရာတွင် လီရှောတိုင်းရင်းသားဟု သတ်မှတ်ပေးခဲ့မှုကို ကန့်ကွက်သည့် အနေနှင့် ပြည်သူ့ လွှတ်တော်သို့ တင်ပြမည်ဖြစ်ကြောင်း လီဆူလူငယ်ခေါင်းဆောင် ဦးအားလုက ပြောကြားသည်။ (more…)


ရွေးကောက်ပွဲရလဒ်ပြန်လည်သုံးသပ်ရန် SNLD ဗဟို အလုပ်အမှုဆောင် အစည်းအဝေး ကျင်းပမည်

ပြီးခဲ့သည့် ကြားဖြတ် ရွေးကောက်ပွဲရလဒ်ကို ပြန်လည်သုံးသပ်ရန် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) ပါတီ၏ ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးကို ယခုလကုန် (သို့မဟုတ်) မေလဆန်း တွင် ကျင်းပမည်ဖြစ်ကြောင်း SNLDမှ သတင်းရရှိသည်။ (more…)


မြန်မာ MOU လုပ်သားများကို ထိုင်းအလုပ်ပါမစ် စမတ်ကတ်စတင်ထုတ်ပေး

မြန်မာ MOU လုပ်သားများကို ထိုင်းအလုပ်ပါမစ် စမတ်ကတ်များ စတင်ထုတ်ပေးနေပြီဖြစ်ကြောင်း သိရ သည်။ ဧပြီ ၂၁ ရက်မှစ၍ မဲဆောက်မြို့တွင် ထိုင်းအလုပ်သမားဝန်ကြီးဌာနမှ အလုပ်သမား လက်ခံ ကြိုဆိုရေးစခန်းဖွင့်လှစ်ကာ မြန်မာ MOU များအား အလုပ်လုပ်ခွင့်ပါမစ်များကို စမတ်ကတ်စနစ်ဖြင့် ပြောင်းလဲထုတ်ပေးလျက်ရှိကြောင်း လုပ်သားပို့ အေဂျင်စီအချို့နှင့် မြန်မာရွှေ့ပြောင်း လုပ်သားကူညီပေး ရေးအဖွဲ့အချို့တို့မှ သိရသည်.။ (more…)


ဒုတိယ ၂၁ ပင်လုံညီလာခံကို မေလ ၁၉ ရက်တွင် ကျင်းပရန် လျာထား

ဒုတိယအကြိမ် ကျင်းပမည့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ – ၂၁ ရာစု ပင်လုံညီလာခံကို လာမည မေလ ၁၉ ရက်နေ့တွင် ကျင်းပရန် လျာထား သတ်မှတ်ထားကြောင်း ယင်းညီလာခံ ကျင်းပရေး တာဝန်ရှိသူ များထံမှ သိရသည်။ (more…)


မိုးညှင်းပြည်ခိုင်ဖြိုးပါတီမှ နိုင်ငံရေးစီမံခန့်ခွဲမှုသင်တန်းဖွင့်ပွဲကျင်းပ

 

ယနေ့ဧပြီ၁၀ရက်နေ့ ကချင်ပြည်နယ် မိုးညှင်းခရိုင်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှကြီးမှူးကျင်းပသောနိုင်ငံရေးစီမံခန့်ခွဲမှုနည်းပြဆင့်ပွားသင်တန်းကို ယနေ့နံနက်9:00နာရီအချိန်တွင်ခရိုင်ပါတီတိုးချဲ့ခန်းမ၌ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုရေးပါတီဗဟိုပါတီကော်မတီဝင် ကချင်ပြည်နယ် ကော်မတီဝင် ဦးစိုးဝင်း ခရိုင်ဥက္ကဋ္ဌဦးစိန်ဝင်းထွန်း ခရိုင်ကော်မတီဝင်များ မိုးညှင်းမြို့နယ် မိုးကောင်းမြို့နယ် ဖားကန့်မြို့နယ်မှဥက္ကဋ္ဌနှင့် ကော်မတီဝင်များတက်ရောက်ကြောင်းသတင်းရရှိသည်။


ရှမ်းရှေ့ပြည်ခိုင်ဖြိုးပါတီမှ ပါတီနှစ်စဉ်ကြေးပေးအပ်ပွဲကျင်းပ

 

ရှမ်းပြည်နယ်အရှေ့ပိုင်း၊မိုင်းဖြတ်မြို့နယ်၊ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီလစဉ်ပုံမှန်လုပ်ငန်းညှိနိုင်းအစည်းအဝေးကျင်းပခြင်းနှင့်ရပ်ကွက်/ ကျေးရွာပါတီဝင်များမှကောက်ခံရရှိသောပါတီဝင်နှစ်စဉ်ကြေးများအား ပေးအပ်ခြင်းအခမ်းအနားကျင်းပရာပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးလင်းဇော်ထွန်း(ဗဟိုကော်မတီဝင်)၊ပြည်နယ်အရန်ကော်မတီဝင်ဦးစိုင်းကျောက်(ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်)၊ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအားကို(ပြည်နယ်အရန်က်ာမတီဝင်)၊မိုင်းဖြတ်ခရိုင်ဥက္ကဋ္ဌဦးညွှန့်ဝင်းနှင့် ခရိုင်ကော်မတီဝင်များ၊မြို့နယ်ဥက္ကဋ္ဌဦးစိုင်းရီတစ်နှင့်မြို့နယ်ကော်မတီဝင်များ၊ရပ်ကွက်/ကျေးရွာပါတီခေါင်းဆောင်များနှင့်(၁၀.၄.၂၀၁၇)ရက်နေ့တွင်
မိုင်းဖြတ်ခရိုင်ပြည်ခိုင်ဖြိုးပါတီရုံးအစည်းအဝေးခန်းမတွင်ကျင်းပပြုလုပ်ခဲ့ ကြ ကြောင်းသိရှိရပါသည် ။


သင်္ဃန်းကျွန်းပြည်ခိုင်ဖြိုးပါတီ မျိုးဆက်သစ်လူငယ်အင်အားရရှိရန် ကွင်းဆင်းဆောင်ရွက်

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ သင်္ဃန်းကျွန်းမြို့နယ်ဥက္ကဋ္ဌ ဦးအောင်မြတ်ဇော်၊ မြို့နယ်ကော်မတီဝင် ဒေါ်မြင့်မြင့်ဌေးနှင့် ဒေါ်သင်း သင်းရီတို့သည် ယခုလ ၈ရက် ညနေ ၄ နာရီတွင် မိကျောင်းကန်အပိုင်း(၁)နှင့် ၁၆/၂ ရပ်ကွက်များသို့ ပါတီဝင်စိစစ်ခြင်းနှင့် ပါတီ၏ အမာခံမျိုးဆက်သစ် ကေဒါများအင်အားတိုးရရှိစေရန် ကွင်းဆင်းဆောင် ရွက်ခဲ့ကြောင်း သိရသည်။

Union daily

ပြည်ခိုင်ဖြိုးပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် လူငယ်ရေးရာတာဝန်ခံနှင့် ကချင်ပြည်နယ်ရှိ ပြည်ခိုင်ဖြိုးပါတီမှ လူငယ်ရေးရာတာဝန်ခံများတွေ့ဆုံ