မြန်မာ MOU လုပ်သားများကို ထိုင်းအလုပ်ပါမစ် စမတ်ကတ်စတင်ထုတ်ပေး

မြန်မာ MOU လုပ်သားများကို ထိုင်းအလုပ်ပါမစ် စမတ်ကတ်များ စတင်ထုတ်ပေးနေပြီဖြစ်ကြောင်း သိရ သည်။ ဧပြီ ၂၁ ရက်မှစ၍ မဲဆောက်မြို့တွင် ထိုင်းအလုပ်သမားဝန်ကြီးဌာနမှ အလုပ်သမား လက်ခံ ကြိုဆိုရေးစခန်းဖွင့်လှစ်ကာ မြန်မာ MOU များအား အလုပ်လုပ်ခွင့်ပါမစ်များကို စမတ်ကတ်စနစ်ဖြင့် ပြောင်းလဲထုတ်ပေးလျက်ရှိကြောင်း လုပ်သားပို့ အေဂျင်စီအချို့နှင့် မြန်မာရွှေ့ပြောင်း လုပ်သားကူညီပေး ရေးအဖွဲ့အချို့တို့မှ သိရသည်.။

“အရင်ကဆို အလုပ်သမားတွေက လုပ်ငန်းခွင်ထဲဝင်မှ လုပ်ကြရတယ်။ အခုကတော့ အဲ့ဒီလိုမဟုတ်ဘူး။ နယ်စပ်ကနေ ထိုင်းကို ၀င်ပြီဆိုတာနဲ့ လုပ်ကြရတယ်။ ဘာကြောင့် ခုလိုပြောင်းလိုက်လဲဆိုရင် ထိုင်း အလုပ်ရှင်နဲ့ အလုပ်သမားအချို့က ဥပဒေအတိုင်း နေထိုင်လုပ်ကိုင်ခြင်းမရှိတာလည်း ပါတာပေါ့။ အခု လောလောဆယ်တော့ အသစ်ဝင်လာတဲ့ အလုပ်သမားတွေကို အရင်လုပ်ပေးနေတယ်။ နောက်ဆိုရင်တော့ တစ်နိုင်ငံလုံးအတွက် ရည်ရွယ်မှာပေါ့။ အခုတော့ မြန်မာလုပ်သားအတွက်ကို အရင်ဆုံးလုပ်ပေးတာပါ။ လုပ်ပေးတဲ့အရေအတွက်ကတော့ ပြောရခက်တယ်။ ဒါပေမဲ့ MOU ကတော့ လစဉ် ၃၀၀၀ ကနေ ၇၀၀၀ အထိ ထိုင်းကို ပုံမှန်ဝင်တယ်” ဟု လစ်ဘရယ်လိုက် ပြည်ပအလုပ်အိုင်အေဂျင်စီမှ ဦးလူမင်းက ပြောသည်။

ယင်အလုပ်လုပ်ကိုင်ခွင့်ပါမစ်ကို လုပ်သားများကိုယ်တိုင်ပြုလုပ်ရမည်ဖြစ်ပြီး ပါမစ်တွင်လုပ်ကိုင်သည့် အလုပ် နှင့် အမှန်တကယ် လုပ်ကိုင်သည့်အလုပ် လွဲနေပါက ဥပဒေအရ အရေးယူခြင်းခံရမည်ဖြစ်ကြာင်း ဦးလှမင်း က ပြောသည်။

“အရင်က အလုပ်လုပ်ခွင့်ပါမစ်ကို အစိမ်းရောင်စာနဲ့ထုတ်ပေးတယ်။ နောက်တော့ အခု အပြာရောင်စာအုပ် ပြောင်းတယ်။ အခုတော့ စမတ်ကတ်ပြန်ပြောင်းတာပေါ့။ အခုက လုပ်ငန်းခွင်ထဲမရောက်ခင် ကြိုလျှောက် ရတာ ဗီဇာကိစ္စ၊ အလုပ်လုပ်ခွင့်ပါမစ် ကိစ္စတွေလုပ်ပြီးမှ နယ်စပ်ကို ဖြတ်လို့ရမယ်” ဟု ရွှေ့ပြောင်း လုပ်သားအခွင့်အရေး ကွန်ရက်ဥက္ကဋ္ဌ ဦးစိန်ဌေးက ပြောသည်။

ထိုင်းနိုင်ငံအနေဖြင့် ရွှေ့ပြောင်းလုပ်သားများအားလုံးကို MOU စနစ်ဖြင့် ၀င်ရောက်လုပ်ကိုင်သည့် လုပ်သား များဖြစ်စေရန် ပြောင်းလဲနေခြင်းဖြစ်ကြောင်းနှင့် မြန်မာ MOU လုပ်သားသည်လည်း လစဉ်ဦးရေ ၃၀၀၀ မှ ၇၀၀၀ ကြား ထိုင်းနိုင်ငံသို့ ရွှေ့ပြောင်းလုပ်ကိုင်နေကြောင်း သိရသည်။

# Democracy today