ပုဂံဒေသလုပ်အားပေး မိုးညှင်းပြည်ခိုင်ဖြိုးပါတီ လူငယ်အဖွဲ့အား မန္တလေးတိုင်းပါတီဥက္ကဋ္ဌနှင့်အဖွဲ့ တွေ့ဆုံနှုတ်ဆက်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင် မန္တလေးတိုင်း ဒေသကြီးပါတီ ဥက္ကဌ ဦးဝင်းမောင်နှင့် အဖွဲ့ဝင်များသည် မန္တလေးမြို့သို့ ရောက်ရှိနေကြသော မိုးညင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ပုဂံဒေသ လုပ်အားပေး လူငယ်အဖွဲ့အား စက်တင်ဘာလ (၂၆) ရက် နေ့လည် (၂) နာရီခွဲအချိန်က တိုင်းဒေသကြီးပါတီရုံးခန်းမ၌ တွေ့ဆုံ နှုတ်ဆက်စကားပြောကြားခဲ့ကြောင်း သိရသည်။

ပျော်ဘွယ်မြို့နယ် အေးသန်းကုန်းရွာ မီးလင်းပြီ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် တက်ရောက်ဖွင့်လှစ်ပေး

ပျော်ဘွယ်မြို့နယ် တောတွင်လှအုပ်စု အေးသန်းကုန်းကျေးရွာ လျှပ်စစ်မီးဖွင့်ပွဲကို စက်တင်ဘာလ (၂၅) ရက် ညနေပိုင်းတွင် ကျင်းပခဲ့ရာ ဖွင့်ပွဲသို့ ပျော်ဘွယ်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးသောင်းအေး၊ အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင်စိုး၊ မန္တလေးတိုင်းဒေသကြီး ပါတီ ကော်မတီဝင် ဒေါ်သန်းသန်းအေး၊ ရမည်းသင်းခရိုင်ပါတီဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်း၊ ပျော် ဘွယ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌဦးကြည်မြင့်နှင့် မြို့နယ်ပါတီ ကော်မတီဝင်များ၊ ရပ်/ကျေးစည်းမှူးများ၊ ပါတီဝင်များ၊ ရွာမိရွာဖများနှင့် ကျေးရွာနေပြည်ျား တက်ရောက် ခဲ့ကြသည်။

မန္တလေးမြို့အခြေစိုက် နိုင်ငံရေးပါတီ ရှစ်ပါတီနှင့် မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ မိတ်ဆက်တွေ့ဆုံ

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မန္တလေးမြို့အခြေစိုက် နိုင်ငံရေးပါတီ ရှစ်ပါတီမှ တာဝန်ရှိ သူများနှင့် မန္တလေးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ တိုင်းဒေသကြီး ပါတီကော်မတီဝင်သစ်များ မိတ်ဆက်တွေ့ဆုံပွဲကို စက်တင်ဘာလ (၂၃) ရက် မွန်းလွဲ ၂ နာရီက တိုင်းဒေသကြီးပါတီ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ချမ်းမြသာစည်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ မိုးရာသီသစ်ပင်စိုက်ပျိုး

မန္တလေးတိုင်းဒေသကြီ၊ ချမ်းမြသာစည်မြို့နယ် ပြည် ခိုင်ဖြိုးပါတီ၏ မိုးရာသီ သစ်ပင် စိုက်ပျိုးပွဲ အခမ်းအနားကို ဦးပွားဘုရား ပရိဝုဏ်အတွင်း၌ စက်တင်ဘာ (၂၄) ရက် နံနက် ၇ နာရီ ကျင်းပခဲ့ကြသည်။

သစ်ပင်စိုက်ပျိုးရာသို့ တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးဝင်းမောင်၊ တိုင်းဒေသကြီး ပါတီအတွင်းရေးမှူး ဦးအောင်ကျော်မိုးနှင့် တိုင်းဒေသကြီးပါတီကော်မတီဝင်များ၊ မန္တလေးခရိုင်ပါတီ ဥက္ကဋ္ဌဦးဘိုသင်းနှင့် ခရိုင်ပါတီကော်မတီဝင်များ၊ ချမ်းမြသာစည်မြို့နယ် ပါတီဥက္ကဋ္ဌ ဦးကိုကိုဦးနှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ ပါတီဝင်များ စုစုပေါင်း အင်အား ၁ဝဝ ဦးခန့် တပျော်တပါး အမှတ်တရသစ်ပင်စိုက်ပျိုးပေးခဲ့ကြသည်။

အောင်မြေသာစံမြို့နယ်ပါတီကော်မတီဝင်များနှင့် ရပ်/ကျေစည်းမှူးများ လုပ်ငန်းညှိနှိုင်းစည်းဝေး

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကော်မတီဝင်များ၊ အရံကော်မတီဝင်များနှင့် ရပ်ကွက်စည်းရုံး ရေးမှူးများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာ (၂၁) ရက်က မြို့နယ်ပါတီရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။

တိုင်းပါတီကော်မတီဝင်၊ ခရိုင်နယ်မြေတာဝန်ခံ ခရိုင်/မြို့နယ်ပါတီကော်မတီဝင် များနှင့် တွေ့ဆုံ

14332987_431233253718474_7725299612725066796_n

မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ ချမ်းအေးသာစံမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး၌ စက်တင်ဘာ (၁၉) ရက် နေ့လည် (၁) နာရီအချိန်က တိုင်းဒေသကြီး ပါတီကော်မတီဝင်၊ မန္တလေးခရိုင် နယ်မြေ တာဝန်ခံ ဦးမျိုးမြင့်နှင့် ချမ်းအေးသာစံမြို့နယ် ပါတီကော်မတီဝင်များ တွေ့ဆုံ အစည်းအဝေးပြုလုပ်ရာ ခရိုင်ပါတီဥက္ကဌ ဦးဘိုသင်းနှင့် ခရိုင်ပါတီ အတွင်းရေးမှူး ဦးကျော်စန်း၊ ခရိုင်ပါတီကော်မတီများ၊ ချမ်းအေးသာစံမြို့နယ် ပါတီ ဥက္ကဌ ဦးသောင်းညွန့်နှင့် မြို့နယ်ပါတီကော်မတီဝင်များ တက်ရောက်ခဲ့ ကြသည်။

ပုသိမ်ကြီးမြို့နယ် လိမ်ပင်ကျေးရွာတွင် ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်တင်ပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ် ရှင်တော်ကုန်းကျေးရွာအုပ်စု လိမ်ပင်ကျေးရွာ စည်းမှူးဦးသောင်းတင့်၏ နေအိမ်တွင် စက်တင်ဘာလ (၁၇) ရက် နံနက် ၈နာရီ ၄၅မိနစ်က ရပ်/ကျေး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဆိုင်း ဘုတ်တင်ပွဲ အခမ်းအနားပြုလုပ်ရာ မန္တလေးခရိုင်ပါတီဥက္ကဋ္ဌ ဦးဘိုသင်း၊ အတွင်းရေးမှူး ဦးကျော်စန်း၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးဆွေသန်း၊ အတွင်းရေးမှူး ဦးကိုကိုလွင်၊ ဘဏ္ဍာရေးမှူး ဦးဝင်းနိုင်(နယ်မြေမှူး)၊ ကော်မတီ ဝင်များ၊ ရပ်/ကျေးပါတီစည်းမှူးနှင့်အဖွဲ့ဝင်များ အင်အား ၁ဝဝ ခန့် တက်ရောက်ခဲ့ပြီး အခမ်းအနားတွင် ဦးဆွေသန်းနှင့်ဦးဝင်းနိုင်တို့က အမှာစကားပြောကြားခဲ့ပြီး ဆိုင်းဘုတ်ကို အမွှေးနံ့သာများဖြင့်ပက်ဖျန်းပြီး မင်္ဂလာအချိန်တွင် အခမ်းအနားကို ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ကျောင်းသုံးဗလာစာအုပ်များနှင့် ဆိုလာပြား ဘက်ထရီအိုးဖန်ချောင်းများ ပေးအပ်လှူဒါန်း

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ မြို့နယ်ပါတီဥက္ကဋ္ဌ ဒေါ်ခင်လှိုင်မြင့်၊ျြွို့နယ်အတွင်းရေးမှူး ဦးမျိုးမြင့်သိန်း၊ ဦးအောင်တင့်၊ ဦးရန်မျိုးကျော်၊ ဦးစိုးဦး၊ ဦးကျော်ဟိန်း၊ ဒေါ်လှလှဝင်းနှင့် ညောင်အုပ်ဖီး အုပ်စု၊ကန်အုပ်စု၊ ရိုးစုံအုပ်စုမှ စည်းမှူးများနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယခုလ ၁ဝ ရက်တွင် ရိုးစုံကျေးရွာအုပ်စု မကျီးအုပ်ကျေးရွာ လက်ထောက်ဆရာတော် ဦးသမိတ်ထံ သွားရောက် ၍ပျံလွန်တော်မူသွားသော ကျောင်းထိုင်ဆရာတော် ဦးဥတ္တမ၏ ဈာပန အခမ်းအနားအတွက် အလှူတော်ငွေ ကျပ် ၅ဝဝဝဝ ပေးအပ်လှူဒါန်းခဲ့သည်။

14292430_647165535452961_5879084238897630843_n

(more…)


ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေး မိတ္ထီလာခရိုင်၊ ရမည်းသင်းခရိုင်နှင့် မြို့နယ်များမှ ပါတီ ကော်မတီဝင်များနှင့် တွေ့ဆုံ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးသည် ပါတီလုပ်ငန်း စိစစ်ရေး ကော်မတီဥက္ကဋ္ဌ ဦးစိုးနိုင်၊ ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်းနှင့် မန္တလေးတိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးဝင်းမောင်တို့လိုက်ပါလျက် ယခုလ ၁ဝ ရက် မွန်းလွဲ ၃ နာရီမှ ညနေ ၄ နာရီခွဲ အထိ မိတ္ထီလာခရိုင်၊ ရမည်းသင်းခရိုင်နှင့်မြို့နယ်ခြောက်မြို့နယ်မှ ပါတီကော်မတီဝင်များ ရပ်ကျေးစည်းရုံးရေးမှူးများ စုစုပေါင်းအင်အား ၄၅ဝ နှင့် တွေ့ဆုံပွဲ အခမ်းအနားကို မိတ္ထီလာမြို့ တော်ဝင်နန်းခန်းမ၌ ကျင်းပခဲ့သည်။

14292444_428978690610597_211675785017640937_n

(more…)


ရာဇသင်္ဂဟဖောင်ဒေးရှင်းကိုယ်စား မန္တလေးခရိုင်အတွင်းရှိ သက်ကြီးဘိုးဘွားများအား မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌက အိမ်တိုင်ရာရောက် ပူဇော်ကန်တော့

အဂ္ဂမဟာသရေစည်သူ၊ အဂ္ဂမဟာသီရိသုဓမ္မ ဦးသိန်းစိန် (နိုင်ငံတော်သမ္မတ-ငြိမ်း)နာယက အဖြစ် ဦးဆောင်တည်ထောင်ထားသည့် ရာဇသင်္ဂဟဖောင်ဒေးရှင်းမှ မန္တလေးခရိုင်အတွင်း နေထိုင်လျက်ရှိသော အသက် ၁ဝဝ ကျော် ဘိုးဘွားခုနစ်ဦးတို့အား ယမန်နေ့ မွန်းလွဲ ၃နာရီမှ ညနေ ၅ နာရီအထိ မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးဝင်းမောင်နှင့် အဖွဲ့မှ အိမ်တိုင်ရာရောက် ပူဇော်ကန်တော့ခဲ့ကြသည်။

14322615_647253815444133_6923204803569051756_n

(more…)