နွားထိုးကြီးမြို့နယ်ပါတီမျက်နှာစုံညီအစည်းအဝေး ကျင်းပပြီးစီး

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မျက်နှာစုံညီအစည်းအဝေးကို ဇူလိုင်လ (၅) ရက် နံနက် (၉) နာရီအချိန်က မြို့နယ်ပါတီရုံးခန်းမ၌ ကျင်းပပြီးစီးခဲ့ကြောင်း သိရသည်။

13537760_504827242975456_4784054151531479367_n

(more…)


မိတ္ထီလာတွင် ပါတီဥက္ကဋ္ဌနှင့်အတွင်းရေးမှူး ဘဏ္ဍာရေးမှူး နေရာများ ပြန်လည်ပြင်ဆင်ရွေးချယ်

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့်ဘဏ္ဍာရေးမှူးနေရာများကိုယခုလ ၁ရက် နံနက် ၉ နာရီက မြို့နယ်ပါတီရုံးအစည်း အဝေးခန်းမ၌ကျင်းပသည့် မြို့နယ်ပြည်ခိုင်ဖြိုး ပါတီမျက်နှာစုံညီအစည်းအဝေးနှင့် ပြန်လည်ပြင် ဆင်ရွေးချယ်ဖွဲ့စည်းရေးအခမ်းအနားတွင် ရွေးချယ် ပြီးစီးခဲ့ကြောင်း သိရသည်။

13533229_616408205195361_3572776001352482788_n

(more…)


မြင်းခြံခရိုင်လေးမြို့နယ် ပါတီမျက်နှာစုံညီစည်းဝေး

မြင်းခြံခရိုင် လေးမြို့နယ်၏ ပြည်ခိုင်ဖြိုးပါတီ မျက်နှာစုံညီ အစည်းအဝေးများကို ယမန်နေ့က အောင်မြင်စွာ ကျင်းပခဲ့ပြီး မြို့နယ် ပါတီဥက္ကဋ္ဌသစ်များ ရွေးချယ်နိုင် ကြောင်း မြင်းခြံခရိုင် ပါတီကော် မတီအတွင်းရေးမှူး ဦးတင်အောင်ညွန့်က ပြောသည်။

Taung Tha Nga Zoon

(more…)


အမရပူရမြို့နယ် ပြည်ခိုင်ဖြိုးပါတီကော်မတီသစ် (၁/၂၀၁၆) အစည်းအဝေး

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး အစည်းအဝေး ခန်းမ၌ ဇူလိုင်လ (၄) ရက် နံနက်ပိုင်းက ပြန်လည်ပြင်ဆင်ရွေးချယ်ဖွဲ့စည်းထားသော မြို့နယ်ပါတီ ကော်မတီများ၊ မြို့နယ်ပါတီအရန်ကော်မတီများ အစည်းအဝေး(၁/၂၀၁၆) ကို ကျင်းပ ပြုလုပ်ရာ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးသိန်းထွန်းဦး၊ အတွင်းရေးမှူး ဒေါ်စောမြိုင်နှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ မြို့နယ်ပါတီအရန်ကော်မတီဝင်များ စုံစုံညီညီ တက်ရောက်ခဲ့ကြပြီး မြို့နယ်ပါတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူး တို့က လိုအပ်သည်များကို ရှင်းလင်းပြောကြားကာ တက်ရောက်လာကြသူများ တစ်ဦးချင်းစီအလိုက် မိတ်ဆက်စကား ပြောကြားခဲ့ကြကြောင်း သိရသည်။

သပိတ်ကျင်းပြည်ခိုင်ဖြိုးပါတီ မျက်နှာစုံညီစည်းဝေး

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ မျက်နှာစုံညီ အစည်းအဝေးနှင့် ပြန်လည် ရွေးချယ်ဖွဲ့စည်းခြင်း အခမ်းအနားကို ဇွန်လ (၃၀) ရက်) နံနက် (၁၀) နာရီ အချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။

ယင်းမျက်နှာစုံညီ အစည်းအဝေးသို့ တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးရဲမြင့်၊ တိုင်းဒေသကြီး ပါတီ ကော်မတီဝင်များ၊ ပြင်ဦးလွင်ခရိုင် ပါတီ အတွင်းရေးမှူးနှင့် ခရိုင်ပါတီကော်မတီဝင်များ၊ မြို့နယ်ပါတီ ကော်မတီဝင်
များ၊ တက်ရောက်ခဲ့ကြသည်။

မတ္တရာမြို့နယ် ပြည်ခိုင်ဖြိုးပါတီ မျက်နှာစုံညီအစည်းအဝေး ကျင်းပပြုလုပ်

Ma Ta Yar2.jpg 13438861_509881649209576_3510671332103704800_n

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မျက်နှာစုံညီအစည်းအဝေးကို ဇွန်လ (၂၉) ရက် နံနက် (၉) နာရီအချိန်က မတ္တရာမြို့နယ် ပြည်ခိုင်ဖြိုး ပါတီရုံး၌ ကျင်းပပြုလုပ် ရာ တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးရဲမြင့်၊ တိုင်းဒေသကြီး ပါတီ ကော်မတီဝင်များ၊ တိုင်းဒေသကြီး ပြန်လည်ရွေးချယ်ဖွဲ့စည်းရေး ကော်မတီ ဝင်များ၊ ခရိုင်/မြို့နယ်များမှ တာဝန်ရှိသူများ တက်ရောက် အားပေး
ခဲ့ကြသည်။

စဥ့်ကူးပြည်ခိုင်ဖြိုးပါတီ မျက်နှာစုံညီစည်းဝေး တိုင်းပါတီဥက္ကဋ္ဌ တက်ရောက် အားပေး

13516445_509944095869998_1136246489859099601_n 13524291_509943899203351_5331187168015326578_n

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ စဥ့်ကူးမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မျက်နှာစုံညီအစည်းအဝေးကို ဇွန်လ (၂၉) ရက် နေ့လည် (၁) နာရီအချိန်က စဥ့်ကူးမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးရဲမြင့်၊ တိုင်းဒေသကြီး ပါတီကော်မတီဝင်များ၊ တိုင်းဒေသကြီးပြန်လည်ရွေးချယ်ဖွဲ့စည်းရေး ကော်မတီဝင်များ၊ ခရိုင်/မြို့နယ်များ မှ တာဝန်ရှိသူများ တက်ရောက် အားပေးခဲ့ကြသည်။

ကျောက်ဆည် ပါတီမျက်နှာစုံညီ အစည်းအဝေးခရိုင်ပါတီရုံးတွင် ကျင်းပ

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ ၂ဝ၁၆ မျက်နှာစုံညီ အစည်းအဝေးကို ယမန်နေ့ နံနက် ၉ နာရီတွင် ခရိုင် ပြည်ခိုင်ဖြိုးပါတီခန်းမ၌ ကျင်းပခဲ့သည်။

13516261_613510218818493_1945964651616338580_n

(more…)


ပြည်ကြီးတံခွန်တွင် ပါတီမျက်နှာစုံညီ အစည်းအဝေးကျင်းပ

ပြည်ကြီးတံခွန်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မျက်နှာစုံညီအစည်းအဝေးကို မြို့ နယ်ပါတီရုံး အစည်းအဝေးခန်းမတွင် ယခုလ ၂၅ရက် နံနက် ၉ နာရီက ကျင်းပရာ ပြည်ခိုင်ဖြိုးပါတီ ဗဟို အလုပ်အမှုဆောင် မန္တလေးတိုင်း ဒေသကြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးရဲမြင့် တက်ရောက်ခဲ့သည်။
အစည်းအဝေးသို့ ပါတီဗဟို အလုပ်အမှုဆောင် တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးရဲမြင့်၊တိုင်းဒေသကြီး ပါတီအတွင်းရေးမှူးဦးဝင်းမောင်၊ တိုင်းဒေသကြီးပါတီကော် မတီဝင်များ၊ခရိုင်ပါတီအတွင်းရေးမှူးနှင့် ခရိုင်ပါတီကော်မတီဝင်များ၊ မြို့နယ် ပြန်လည်ပြင်ဆင်ရွေးချယ် ရေးကော်မတီဝင်များ၊ လေ့လာသူ မြို့နယ်ပါတီအတွင်းရေးမှူးများနှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ အစည်းအဝေးသို့ တက်ရောက်ခွင့် ရှိသူကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော် များအပါအဝင် စုစုပေါင်းအင်အား ၁ဝဝ ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

တံတားဦးတွင် ပြည်ခိုင်ဖြိုးပါတီ မျက်နှာစုံညီ အစည်းအဝေး ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မျက်နှာစုံညီ အစည်းအဝေးကို ဇွန်လ (၂၈) ရက် နံနက် (၉) နာရီက မြို့နယ်ပါတီရုံး အစည်းအဝေး ခန်းမတွင် ကျင်းပကြောင်းသိရသည်။

အခမ်းအနား၌ သဘာပတိအဖြစ် ကျောက်ဆည်ခရိုင်ပါတီကော်မတီဝင် ဦးစန်းမြင့် က အမှာစကား ပြောကြားရာတွင် ပါတီဖွဲ့စည်းပုံအခြေခံစည်းမျဉ်းနဲ့အညီ ကျစ်လျစ်ခိုင်မာပြီး အင်အားတောင့်တင်းရေး ဆောင်ရွက်စေလိုကြောင်း၊ ဒါ့အပြင် နိုင်ငံနဲ့ပြည်သူ့အကျိုး သယ်ပိုးဆောင်ရွက်နိုင်ရေးနှင့် ရေရှည်တည်တံ့ ခိုင်မြဲရေး၊ ဖွဲ့စည်းမှု ကျစ်လျစ် ခိုင်မာရေးတို့အတွက် ယခုလို ပြန်လည်ပြင်ဆင် ဖွဲ့စည်းခြင်းဖြစ်ကြောင်း ပြောကြားသည်။