ကျောက်ဆည် ပါတီမျက်နှာစုံညီ အစည်းအဝေးခရိုင်ပါတီရုံးတွင် ကျင်းပ

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ ၂ဝ၁၆ မျက်နှာစုံညီ အစည်းအဝေးကို ယမန်နေ့ နံနက် ၉ နာရီတွင် ခရိုင် ပြည်ခိုင်ဖြိုးပါတီခန်းမ၌ ကျင်းပခဲ့သည်။

13516261_613510218818493_1945964651616338580_n

မျက်နှာစုံညီအစည်းအဝေးသို့ ပါတီဗဟိုအကြံပေး ဦးသောင်း၊ မန္တလေးတိုင်းဒေသကြီး ပြည်ခိုင် ဖြိုးပါတီဥက္ကဋ္ဌ ဦးရဲမြင့်နှင့်တိုင်းကော်မတီဝင်များ၊ ကျောက်ဆည် ခရိုင်ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူး ဦးအောင်မြင့်သန်းနှင့် ကော်မတီဝင် များ၊ မြို့နယ်ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ဦးသန်းထွန်းနှင့် ကော်မတီဝင်များ၊ ရပ်မိရပ်ဖများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်ကြီးများ၊ ရပ်/ကျေး ၉၆ခုမှ ပခေါင်းဆောင်၊ ဒုခေါင်းဆောင်များ၊ ပါတီကေဒါအမျိုးသား အမျိုးသမီးလေးများ အင်အား ၁၈၂ဦး တက်ရောက်ကြသည်။

အစည်းအဝေးတွင်သဘာပတိ နှင့်ကိုယ်စားလှယ်တော်ကြီးများ နေရာယူပြီး ရှေးဦးစွာ သဘာပတိ မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌ ဦးရဲမြင့်က အဖွင့် အမှာစကားပြောကြားရာတွင် ပြည်ခိုင်ဖြိုးပါတီသည် အသင်းဘဝကနေ ပြည်သူ့အကျိုးပြုလုပ် ကိုင်ဆောင်ရွက်နေသည့် အဖွဲ့ အစည်းဖြစ်ကြောင်း၊ ၂ဝ၁ဝ ပြည့် နှစ်တွင် ပါတီအသွင်ကူးပြောင်းကာ ပြည်သူ့အကျိုးကို ဆက်လက် ထမ်းဆောင်ခဲ့ကြပြီး ခိုင်ခိုင်မာမာ ရပ်တည်နေခဲ့သည့် ပါတီဖြစ်ကြောင်း၊ ဒီမိုကရေစီအသွင်ကူး ပြောင်းရာမှာလည်း ချောမွေ့ညင် သာစွာ ကူးပြောင်းခဲ့သည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ပါတီကော်မတီ အသစ်ပြန်လည်ရွေးချယ်ရာ ကော်မတီ ၁၁ ဦးဖြင့် ဖွဲ့စည်းပြီး မြို့နယ် ပါတီဥက္ကဋ္ဌ ဦးစိုးစိုးထွန်း၊ အတွင်းရေးမှူး ဦးဇင်မင်းစိုး၊ ဘဏ္ဍာရေး မှူး ဦးဆွေဦးတို့အား ကော်မတီ ဝင်အသစ်များက ရွေးချယ်တင် မြှောက်ကြသည်။ ဆက်လက်၍ မြို့နယ်ကော်မတီဝင်အသစ်နှင့် အရန်ကော်မတီဝင်များက သဘာပတိရှေ့မှောက်တွင် ကတိသစ္စာပြု ၍ ဥက္ကဋ္ဌအသစ် ဦးစိုးစိုးထွန်းက နှုတ်ခွန်းဆက်အမှာစကားပြော ကြားပြီး သဘာပတိက နိဂုံးချုပ် အမှာစကားပြောကြားခဲ့သည်။

သီဟထွန်း(နဝရတ်မြေ)


Leave a Reply