ပြည်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ အမာခံကေဒါများ ဖွဲ့စည်း

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင်/မြို့နယ်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အမာခံကေဒါများ ဖွဲ့စည်းဆောင်ရွက်လျက်ရှိပြီး ဧပြီ (၂၉) ရက်မှစ၍ ရပ်/ကျေး (၆၉) အုပ်စုသို့ကွင်းဆင်းဖွဲ့စည်းရာ မေလ (၁၃) ရက် အထိ ကျေးရွာခွဲပေါင်း (၈၈) ရွာ၌ အမာခံပါတီကေဒါ (၁၃၅ဝ) ဦး ကွင်းဆင်း ဆောင်ရွက်ပြီးဖြစ်ကြောင်း သိရသည်။

သံဃာတော်များအား ဆက်ကပ်လှူဒါန်း

ba2d097e1da224d525ff574370a5d2725cf254bb2d48642702fbe8c51d034b34_full

သံတွဲမြို့နယ်လုံးဆိုင်ရာ သံဃာတော်များ ဗုဒ္ဓဘာသာဝင်သူတော်စင်များ စုပေါင်း၍ နိုင်ငံသူနိုင်ငံသား ပြည်သူပြည်သား မြို့သူမြို့သားများ ဘေးဥပါဒ်အန္တရာယ်ကင်းစေရန်အတွက် “ဥပ္ပါတသန္တိ” အသံမစဲ ရွတ်ဖတ်ပူဇော်ပွဲကို သံတွဲမြို့၌ မေလ (၁၅) ရက်နေ့မှ (၁၇) ရက်အထိ (၃)ရက်တိုင် ကျင်းပခဲ့ပြီး ရွတ်ဖတ်ပူဇော်ပွဲပိတ်သိမ်းသော ယနေ့ (မေလ ၁၇ ရက်) နံနက် (၉) နာရီအချိန်က သံတွဲခရိုင်နှင့် မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ ဥက္ကဋ္ဌနှင့်ပါတီကော်မတီဝင်များက ရွတ်ဖတ် ပူဇော်ကြသော ဆရာတော်သံဃာတော်များအား သစ်သီးဆွမ်းနှင့်မုန့်ဆွမ်းများ ဆက်ကပ်လှူဒါန်း ခဲ့ကြသည်။

ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦး Japan NIPPON T.V မှ အဖွဲ့နှင့် တွေ့ဆုံ

13254228_259684604383730_3817364614163123370_n

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးအား Japan NIPPON T.V မှ Mr. NIKKI Matsunaga နှင့် ဒေါ်ဆင့်ဆင့်အောင်တို့အဖွဲ့မှ မေလ (၁၂) ရက်နေ့က နေပြည်တော်ရှိ ပြည်ခိုင်ဖြိုးပါတီဌာနချုပ်သို့ လာရောက်တွေ့ဆုံကြသည်။

13233003_259684881050369_8995997983438083582_n

ပြည်ခိုင်ဖြိုးပါတီဒုတိယဥက္ကဋ္ဌ ဦးဌေးဦး ဂဝံမြို့ဟောင်းစေတီတော် ရွှေထီးတော်ဆက်ကပ်လှူဒါန်း

GaWon 13178637_257835111235346_5771202416916684058_n

အင်္ဂပူမြို့နယ် ပျူခေတ် ဂဝံမြို့ဟောင်း ကြပ်ပြင်သာသနာ့နယ်မြေတွင် ကြပ်ပြင်တောရဆရာတော် ဘဒ္ဒန္တပညာသီရိက ဦးဆောင်၍ ပြုပြင်တည်ထားလျက်ရှိသော ဂဝံမြို့ဟောင်းဖောင်တော်ဦးစေတီမှာ ပြုပြင်ပြီးစီးခဲ့ပြီဖြစ်၍ ရွှေထီးတော်ဆက်ကပ်လှူဒါန်းခြင်းနှင့် ဌာပနာသွင်းမင်္ဂလာကို ဆင်ယင်ကျင်းပ ရန်အတွက် မေလ (၇)ရက် နံနက်ပိုင်းက ကြပ်ပြင်တောရဆရာတော်ဦးဆောင်သော တပည့် ဒါယကာ ဒါယိကာမများသည် ရွှေထီးတော်နှင့် ဌာပနာပစ္စည်းများဖြစ်သော ဘုရားရဟန္တာတို့၏ ဓာတ် တော်မွေတော်များ ပင့်ဆောင်ပူဇော်ရန် ဟင်္သာတမြို့ရှိ ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌနေအိမ်သို့ ကြွရောက်လာရာ ဒုတိယဥက္ကဋ္ဌဦးဌေးဦးနှင့်ဇနီး မြန်မာနိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ချုပ်နာယက ဒေါ်နီနီဝင်းနှင့် ပြည်ခိုင်ဖြိုးပါတီဝင်များက ကြိုဆိုကြသည်။

ပြည်ခိုင်ဖြိုးပါတီနှင့် စေတနာရှင်များပူးပေါင်း၍ သောက်သုံးရေများလှူဒါန်း

ယခုအချိန်သည် ပူပြင်းခြောက်သွေ့သောရာသီသို့ ရောက်ရှိလျက်ရှိပြီး မြန်မာနိုင်ငံအရပ်ရပ်ရှိ အချို့ သောဒေသများတွင် ရေရှားပါးမှုပြဿနာများ ကြုံတွေ့နေရသည် ဖြစ်သည်။ ကြံခင်းမြို့နယ် ရေနံ တောင်ကျေးရွာအုပ်စုရှိ ကျေးရွာများဖြစ်ကြသော ရေငံ၊ ကျည်တိုင်ကွင်း၊ အေးချမ်းမာလာ စသောရွာများတွင်လည်း သောက်သုံးရေ ပြတ်လပ်မှုကို ဧပြီလဆန်းပိုင်းမှစတင်၍ ကြုံတွေ့နေရသည်ဖြစ်ရာ စေတနာရှင်ပြည်သူများက ရေသန့်များ၊ သုံးရေများကို နေ့စဉ်နှင့်ရက်ခြား လှူဒါန်းလျက် ရှိနေသည်ကို တွေ့မြင်ရသည်။
မေလ (၁၄) ရက် နံနက်ပိုင်းက ကြံခင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ မြို့နယ် ပါတီကော်မတီဝင် ဦးခင်လှ ဦးဆောင်သော စေတနာရှင်များသည် ရေငံရွာနှင့် ကျည်တိုင်ကွင်းရွာ များသို့ ရေဂါလန် ၄ဝဝဝ ကို သွားရောက်လှူဒါန်းခဲ့ကြသည်။

ပါတီအဆင့်ဆင့် ပြန်လည်ရွေးချယ်ဖွဲ့စည်းရေး တွေ့ဆုံဆွေးနွေး

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အဆင့်ဆင့် ရွေးချယ်ခြင်းကိစ္စများ တွေ့ဆုံဆွေးနွေးခြင်းကို မေလ (၁၅) ရက် ညနေ (၅) နာရီခွဲအချိန်ခန့်က ဒဂုံမြို့သစ် (အရှေ့ပိုင်း) ရှမ်းတဲကြီးကျေးရွာ အမှတ်(၂)လမ်းမကြီးပေါ်ရှိ ဦးကံညွှန့်နေအိမ်၌ ဆွေးနွေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

သံတွဲပြည်ခိုင်ဖြိုး လစဉ်ပုံမှန်စည်းဝေးကျင်းပ

သံတွဲမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ လစဉ်ပုံမှန် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မေလ (၁၅) ရက်နေ့ နေ့လည် (၁၁) နာရီခွဲအချိန်က ခရိုင်ပြည်ခိုင်ဖြိုးပါတီရုံးခန်းမ၌ ကျင်းပပြုလုပ်ရာ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးစန်းနိုင်နှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်/ကျေးပါတီခေါင်းဆောင်များ တက်ရောက်ခဲ့ကြသည်။

အစည်းအဝေးတွင် မြို့နယ်ပါတီဥက္ကဋ္ဌ ဦးစန်းနိုင်မှ မြို့နယ်အဆင့်ဆင့် ညီလာခံများ ကျင်းပပြုလုပ်ရေးကို အကျယ်တဝင့် ရှင်းလင်းတင်ပြခဲ့ပြီး အစည်းအဝေး တက်ရောက်လာသူများမှ ပြန်လည်တင်ပြ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သောက်သုံးရေအခက်အခဲ အဆင်ပြေစေရေး ပြည်ခိုင်ဖြိုးက ကူညီဆောင်ရွက်ပေး

13239295_773476222786872_4787232767756693329_n

မြောင်းမြခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ခရိုင်ပါတီကော်မတီဝင် ဦးလှဌေး ဦးဆောင်သော ရပ်/ကျေးစည်းရုံးရေးမှူးများ၊ ပါတီဝင်များသည် လပွတ္တာပြည်ခိုင်ဖြိုးပါတီမှ ကားတစ်စီး အပါအ၀င် စုစုပေါင်း ကား (၃) စီးဖြင့်  မေလ (၁၃) ရက်နေ့က သောက်သုံးရေ လိုအပ်လျက်ရှိသော လပွတ္တာမြို့နယ်ရှိ ကုန်းကြီးကျေးရွာ၊ ဂုံညင်းတန်းကျေးရွာများသို့ ရေဂါလံ (၄၅၀၀) သွားရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။

ပါတီအမာခံကေဒါများပြန်လည်ရွေးချယ်ရေး ကွင်းဆင်းဆောင်ရွက်

Kyone Pyaw15B

ပုသိမ်ခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကော်မတီဝင် (ကျုံပျော်၊ ရေကြည်) နယ်မြေ တာဝန်ခံ ဦးမြင့်ကြိုင် ဦးဆောင်၍ ကျုံပျော်မြို့နယ် ပါတီ ကော်မတီဝင်များဖြစ်ကြသော ဦးမောင်မောင်ဦး၊ ဦးမောင်ခိုင်နှင့် ဦးသန်းဝင်းတို့သည် ယနေ့ (မေလ ၁၆ ရက်) နံနက် (၉) နာရီအချိန်က အထောင်တိုက်နယ်အတွင်းရှိ သင်တောကျေးရွာသို့ သွားရောက်၍ ပါတီအမာခံကေဒါ ပြန်လည်ရွေးချယ်ခြင်းနှင့် ပါတီ၏လုပ်ငန်းတာဝန်များ ရှင်းလင်းဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီသတင်းမီဒီယာဥပဒေရှင်း လင်းဆွေးနွေး

ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီမှဦးဆောင်၍ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးမှ မြို့နယ်သတင်းတာဝန်ခံများ၊ Online မီဒီယာတာဝန်ခံများအား ပြည်ထောင်စုလွှတ်တော်မှအတည် ပြုပြဋ္ဌာန်းပြီးဖြစ်သည့် သတင်းမီဒီ ယာဥပဒေပါ အကြောင်းအရာ ကဏ္ဍရပ်များအား ကျယ်ပြန့်စွာ သိရှိနားလည်ရန်အတွက် ရှင်းလင်းဆွေးနွေးခြင်းအစီအစဉ်ကို ယမန်နေ့ နံနက် ၁ဝ နာရီက အဆိုပါ တိုင်းဒေသကြီးရုံး ဒုတိယထပ်ခန်းမ၌ ကျင်းပခဲ့သည်။