ပန်းတောင်းမြို့နယ်တွင်ပြည်ခိုင်ဖြိုးပါတီမှ အမာခံကေဒါများဖွဲ့စည်းလျက်ရှိ

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင်ပန်းတောင်းမြို့နယ်တွင် ဧပြီ ၃ဝ ရက်မှစ၍ ရပ်/ကျေး ၄၈ အုပ်စုအတွင်း အမာခံ(ကေဒါ)များကို ကွင်းဆင်းဖွဲ့စည်းလျက်ရှိရာ ယခုအခါ ၄၁အုပ်စု၌ အမာခံများဖွဲ့စည်း ပြီးဖြစ်ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် ခရိုင်ကော်မတီဝင် ဦးမျိုးအောင်နှင့် မြို့နယ်အတွင်းရေးမှူး ဦးလှမင်း တို့က ကြီးကြပ်၍ မြို့နယ် ကော်မတီဝင်များဖြစ်ကြသော အဖွဲ့(၁)တွင် ဦးခင်မြိုင်ထွန်း(ခေါင်း ဆောင်)၊ ဦးကျော်ဌေးအောင်၊ ဦးရဲဝင်းခိုင်၊ ဦးရဲမင်းသူကျော်၊ ဦးမင်း မင်းခန့်၊ အဖွဲ့(၂)တွင် ဦးမင်းဇော်(ခေါင်းဆောင်)၊ ဦးထွန်းထွန်းနိုင်၊ ဦးကျော်မင်းသူ၊ ဦးရဲလင်းထွန်း၊ ဒေါ်ဇင်မာဝင်း၊ ဦးမိုးဝေတို့ကနှစ်ဖွဲ့ ဖွဲ့၍ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

ပေါင်းတည်မြို့နယ်တွင် ပြည်ခိုင်ဖြိုးပါတီအမာခံကေဒါများဖွဲ့စည်း

ပဲခူးတိုင်းဒေသကြီး(နောက်) ပြည်ခရိုင် ပေါင်းတည်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ဧပြီ ၂၃ ရက်မှ စတင်၍ ရပ်/ကျေးအုပ်စု ၅၅ စု တွင်းအမာခံကေဒါများကိုဖွဲ့စည်း ဆောင်ရွက်ခဲ့ရာ ယခုအခါ ၃၉ အုပ်စုအထိ ပြည်ခိုင်ဖြိုးပါတီ၏ အမာခံကေဒါများ ဖွဲ့စည်းဆောင် ရွက်ပြီးဖြစ်ကြောင်း သိရသည်။

တွဲဖက်အထွေထွေအတွင်းရေးမှူး ပုသိမ်ကြီးမြို့နယ်မှ လေ့လာရေးခရီး လာရောက်ကြသော ပါတီဝင် များအား တွေ့ဆုံ

13224161_241921859499477_706598381_o

13184690_241921819499481_1691348617_o(1)

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်း၊ ဗဟို အတွင်းရေးမှူး ဒေါက်တာကျော်ကျော်ဌေး တို့သည် နေပြည်တော်သို့ လေ့လာရေးခရီး လာ ရောက်ကြသော မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ်၊ ရပ်ကွက် ကျေးရွာများမှ စည်းရုံးရေး မှူးများ၊ မန္တလေးခရိုင် ပါတီအတွင်းရေးမှူး ဦးဘိုသင်း၊ ခရိုင်ပါတီကော်မတီဝင်များ ဖြစ်ကြသည့် ဦးသိန်းထွန်းဦး၊ ဦးကျော်ဆန်း၊ ပုသိမ်ကြီးမြို့နယ်ပါတီ အတွင်းရေးမှူး ဦးဆွေသန်း ဦးဆောင်သော ပါတီဝင် အင်အား (၁၅၉) ဦးတို့အား မေလ (၁၀)ရက်နေ့ နံနက် (၈း၃၀) နာရီအချိန်က ပါတီဌာနချုပ်ရုံး အစည်းအဝေးခန်းမဆောင်တွင် လက်ခံတွေ့ဆုံခဲ့သည်။

လက်ပံတန်းမြို့နယ် ပြည်ခိုင်ဖြိုးမှ အမာခံကေဒါများ ကွင်းဆင်းဖွဲ့စည်း

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် ဧပြီ (၂၃) ရက်မှစ၍ ပြည်ခိုင်ဖြိုး ပါတီမှ အမာခံကေဒါများကို ရပ်/ ကျေး (၅၃) အုပ်စုအတွင်း ကွင်းဆင်းဆောင်ရွက်ခဲ့ရာ ယနေ့အချိန် ထိ (၃၆) အုပ်စုတွင် ကျေးရွာပေါင်း (၂၂၂) ရွာ၌ အမာခံကေဒါများ (၃၆၆) ဦး ဖွဲ့စည်းပြီးဖြစ်ကြောင်း သိရသည်။

တာချီလိတ်ပြည်ခိုင်ဖြိုး မီးဘေးသင့်ပြည်သူများထံ သွားရောက်လှူဒါန်း

IMG_5677

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ရှမ်းပြည်နယ် (အရှေ့ပိုင်း) ပြည်နယ်ပါတီ ကော်မတီဝင် ဒေါ်တင်မေထွန်းသည် ခရိုင်အတွင်းရေးမှူး ဦးဘိုစံ၊ မြို့နယ်ပါတီကော်မတီဝင်များဖြစ်ကြသည့် ဦးကျဒေါလော်၊ ဦးချမ်းမြ၊ ဦးအောင်ဝင်း၊ စည်းရုံးရေးမှူး ဦးစိုးကျော်အောင်၊ ဦးလော်ဖာ၊ ဦးဘိုဘိုမောင်၊ ပါတီဝင်လူငယ်များ၊ ပါတီဝင်အမျိုးသမီးအဖွဲ့ဝင်  အင်အား(၂၀)ဦးတို့သည် ဧပြီလအတွင်းက တောမီးမှ တစ်ဆင့် မီးကူးစက်လောင်ကျွမ်းသဖြင့် လူနေအိမ်(၁၃) လုံးနှင့် ဘုရားရှိခိုးကျောင်း (၁)ကျောင်း မီးလောင်ဆုံးရှုံးခဲ့ရသည့် လွယ်တော်ခမ်းကျေးရွာအုပ်စု ကျထိနားရွာသို့ မေလ (၉) ရက် နံနက်ပိုင်းက သွားရောက်၍ ထောက်ပံ့လှူဒါန်းမှုများ ပြုလုပ်ခဲ့ကြသည်။

ကချင်ပြည်နယ်ပြည်ခိုင်ဖြိုး လုပ်ငန်းညှိနှိုင်းစည်းဝေး

Kachin2

ကချင်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပြည်နယ်၊ ခရိုင်၊ မြို့နယ် ပြည်ခိုင်ဖြိုးပါတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ပြည်နယ်ပါတီရုံး၌ မေလ (၁၀) ရက် နံနက် (၉) နာရီအချိန်က မြစ်ကြီးနားမြို့ရှိ ပြည်နယ်ပါတီရုံးတွင် ကျင်းပပြုလုပ်ရာ ပြည်နယ်ပါတီဥက္ကဋ္ဌ ဦးလဂျွန်ငန်ဆိုင်း မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြည်နယ်၊ ခရိုင်၊ မြို့နယ်ပါတီကော်မတီဝင်များမှ ဆွေးနွေးခဲ့ကြ ကြောင်း သိရသည်။

မြင်းခြံပြည်ခိုင်ဖြိုး ကျေးရွာများသို့ သောက်သုံးရေများ သွားရောက်လှူဒါန်း

မန္တလေးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကော်မတီဝင် ဦးအောင်ဇံ၊ ခရိုင်ပါတီ ကော်မတီဝင် ဦးကျော်ဆန်းဦး၊ မြင်းခြံမြို့နယ်ပါတီ အတွင်းရေးမှူး ဦးမိုးဇော်နှင့် မြို့နယ်ပါတီ ကော်မတီဝင်များစုပေါင်း၍  မေလ (၈) ရက်နေ့က မြင်းခြံမြို့နယ်အဆုံး ငါန်းဇွန်မြို့နယ်နှင့် ထိစပ် နေသည့် ညောင်ဝန်းကျေးရွာသို့ သွားရောက်၍ သောက်သုံးရေများ လှူဒါန်းခဲ့ကြကြောင်း သိရသည်။

Credit – Myo Kyaw Zin

မြောင်းမြခရိုင်ပါတီအတွင်းရေးမှူး မြို့နယ်ပါတီကော်မတီဝင်များနှင့် တွေ့ဆုံဆွေးနွေး

မြောင်းမြမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကော်မတီဝင်များ တွေ့ဆုံဆွေးနွေးပွဲကို မေလ (၁၀) ရက် နံနက် (၁၀) နာရီအချိန်က မြောင်းမြခရိုင်ပါတီရုံးတွင် ပြုလုပ်ရာ မြောင်းမြခရိုင် ပါတီအတွင်းရေးမှူး ဒေါက်တာဌေးနိုင်နှင့် မြို့နယ်ပါတီကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။

ကယားပြည်နယ် ပြည်ခိုင်ဖြိုါ် ပါတီအဆင့်ဆင့် ပြန်လည်ပြင်ဆင်ရွေးချယ်ဖွဲ့စည်းရေး လုပ်ငန်း ကွင်းဆင်း ဆောင်ရွက်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအထွေထွေအတွင်းရေးမှူး ဦးတင်နိုင်သိန်း၏ ဧပြီလ (၂၇)ရက်နေ့ ကယားပြည်နယ် စည်းရုံးရေးခရီးစဉ်အတွင်း လမ်းညွှန်ခဲ့မှုများကို အကောင်အထည် ဖော်သည့်အနေဖြင့် ပြည်နယ်ပါတီဗဟိုကော်မတီဝင် ဦးလူရယ်ဘိုးလူ ဦးဆောင်၍ ပြည်နယ် ပါတီဝင်များ၊ လွိုင်ကော်ခရိုင်၊ လွိုင်ကော်မြို့နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဖရူဆိုမြို့နယ်၊ ရှားတောမြို့နယ် အတွင်းရေးမှူးများ ပါတီအဆင့်ဆင့် ပြန်လည်ပြင်ဆင်ဖွဲ့စည်းရေး ကော်မတီဝင်များသည် ယခုလ (၅)ရက်နေ့နှင့် (၉)ရက်နေ့တို့တွင် ပြည်နယ်ပါတီရုံး အစည်းအဝေးခန်းမ၌ ပါတီအဆင့်ဆင့် ပြန်လည် ပြင်ဆင်ဖွဲ့စည်းရေးတွင် အဓိကကျသော အောက်ခြေရပ်ကွက်နှင့် ကျေးရွာအဆင့် ပါတီကေဒါ ပြင်ဆင် ဖွဲ့စည်းရေးကို ဆွေးနွေးခဲ့ကြသည်။

မြ၀တီပြည်ခိုင်ဖြိုး လုပ်ငန်းညှိနှိုင်းစည်းဝေး

13219690_241322012892795_188500556_n

ကရင်ပြည်နယ်၊ မြဝတီမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ နှင့် ပါတီကော်မတီဝင်များ၊ ရွေးချယ်ဖွဲ့စည်းထားသော ရပ်/ကျေး ပါတီစည်းရုံးရေးမှူးနှင့် ပါတီကေဒါများ လပတ် လုပ်ငန်း ညှိနှိုင်းဆွေးနွေးပွဲကို မေလ (၉) ရက်နေ့က မြို့နယ်ပါတီရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။

ဆွေးနွေးရာ၌ ပါတီဗဟိုတွဲဘက်အထွေထွေအတွင်းရေးမှူး၏ လုပ်ငန်းလမ်းညွန် မှာကြားချက်များကို ပါတီကေဒါများ သိရှိလိုက်နာ ကျင့်သုံးစည်းရုံး ဆောင်ရွက်နိုင်ရန်အတွက် မြို့နယ်ပါတီဥက္ကဋ္ဌမှ ရှင်းလင်း ဆွေးနွေးပြောကြားခဲ့ပြီး တက်ရောက်လာသော ပါတီဝင်များမှ အပြန်အလှန် တင်ပြဆွေးနွေးခဲ့ကြ ကြောင်း သိရသည်။