ပေါင်းတည်မြို့နယ်တွင် ပြည်ခိုင်ဖြိုးပါတီအမာခံကေဒါများဖွဲ့စည်း

ပဲခူးတိုင်းဒေသကြီး(နောက်) ပြည်ခရိုင် ပေါင်းတည်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ဧပြီ ၂၃ ရက်မှ စတင်၍ ရပ်/ကျေးအုပ်စု ၅၅ စု တွင်းအမာခံကေဒါများကိုဖွဲ့စည်း ဆောင်ရွက်ခဲ့ရာ ယခုအခါ ၃၉ အုပ်စုအထိ ပြည်ခိုင်ဖြိုးပါတီ၏ အမာခံကေဒါများ ဖွဲ့စည်းဆောင် ရွက်ပြီးဖြစ်ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်း ဆောင်ရွက်ခြင်းအား ခရိုင်ကော်မတီဝင် ဦးသောင်းထွန်းက ကြီးကြပ်၍ မြို့နယ်ကော် မတီဝင်များဖြစ်ကြသော အတွင်းရေးမှူး ဦးအောင်နိုင်ဦး၊ ဒေါ်ဝင်းဝင်းမော်၊ ဦးမျိုးမင်းဦး၊ ဦးသိန်းအောင်၊ ဦးဆန်းဝင်း၊ ဦးတင်ဦး၊ ဒေါ်ထားထားနုတို့ ပါဝင်သောအဖွဲ့(၁)နှင့် ဦးအေးကျော်၊ ဦးမျိုးမင်းဇော်၊ ဦးဟန်ဝင်းရွှေ၊ ဦးစိုးမင်းထွန်း၊ ဦးသန်းဝင်း၊ ဦးသန်းအောင်၊ ဦးထင်ပေါ် တို့ပါဝင်သည့်အဖွဲ့(၂)တို့က ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


Leave a Reply