ပြည်ခိုင်ဖြိုးပါတီဒုတိယဥက္ကဋ္ဌ ဦးဌေးဦး ဂဝံမြို့ဟောင်းစေတီတော် ရွှေထီးတော်ဆက်ကပ်လှူဒါန်း

GaWon 13178637_257835111235346_5771202416916684058_n

အင်္ဂပူမြို့နယ် ပျူခေတ် ဂဝံမြို့ဟောင်း ကြပ်ပြင်သာသနာ့နယ်မြေတွင် ကြပ်ပြင်တောရဆရာတော် ဘဒ္ဒန္တပညာသီရိက ဦးဆောင်၍ ပြုပြင်တည်ထားလျက်ရှိသော ဂဝံမြို့ဟောင်းဖောင်တော်ဦးစေတီမှာ ပြုပြင်ပြီးစီးခဲ့ပြီဖြစ်၍ ရွှေထီးတော်ဆက်ကပ်လှူဒါန်းခြင်းနှင့် ဌာပနာသွင်းမင်္ဂလာကို ဆင်ယင်ကျင်းပ ရန်အတွက် မေလ (၇)ရက် နံနက်ပိုင်းက ကြပ်ပြင်တောရဆရာတော်ဦးဆောင်သော တပည့် ဒါယကာ ဒါယိကာမများသည် ရွှေထီးတော်နှင့် ဌာပနာပစ္စည်းများဖြစ်သော ဘုရားရဟန္တာတို့၏ ဓာတ် တော်မွေတော်များ ပင့်ဆောင်ပူဇော်ရန် ဟင်္သာတမြို့ရှိ ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌနေအိမ်သို့ ကြွရောက်လာရာ ဒုတိယဥက္ကဋ္ဌဦးဌေးဦးနှင့်ဇနီး မြန်မာနိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ချုပ်နာယက ဒေါ်နီနီဝင်းနှင့် ပြည်ခိုင်ဖြိုးပါတီဝင်များက ကြိုဆိုကြသည်။

13138729_257835404568650_207410657879855578_n

ထို့နောက် ဦးဌေးဦးနှင့် ဇနီး ဒေါ်နီနီဝင်းတို့က ရွှေထီးတော်နှင့် ဌာပနာပစ္စည်းများကို ဆရာတော်ထံ သဟတ္ထိကဒါနမြောက် ဆက်ကပ်လှူဒါန်းကြလျက် လိုက်ပါလာ ကြသောအဖွဲ့များကို ဟင်္သာတ မြို့နယ် ပြည်ခိုင်ဖြိုးပါတီက အအေးနှင့်မုန့်များ ဒါနပြုကျွေးမွေးလှူဒါန်းကြသည်။

13139175_257835451235312_40135509855885241_n

ဆက်လက်ပြီး ထီးတော်ပင့်ဆောင်ရေးအဖွဲ့တွင် လိုက်ပါလာကြသော အိုးစည်၊ ဒိုးပတ်ဝိုင်းများက ပါတီဒုတိယ ဥက္ကဋ္ဌနေအိမ်ရှေ့တွင် တီးမှုတ်ကပြ ဖျော်ဖြေကြရာ ဒုတိယဥက္ကဋ္ဌ မိသားစုနှင့် ဟင်္သာတခရိုင်နှင့် မြို့ နယ်ပြည်ခိုင်ဖြိုးပါတီတို့က ဆုငွေ များချီးမြှင့်ခဲ့ကြောင်း သိရသည်။

အောင်ဆန်းဝင်း(ကြံခင်း)


Leave a Reply