မြန်မာအပါအဝင် အာရှနိုင်ငံအချို့ ဒီဂျစ်တယ်စီးပွားရေးစနစ် ဆောင်ရွက်မည်

မြန်မာနိုင်ငံအပါအဝင် အာရှနိုင်ငံအချို့မှာ ဒီဂျစ်တယ်စီးပွားရေးစနစ်ကို ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ ဒီဂျစ်တယ်စီးပွားအတွက် ဦးတည်ပြီး နာမည်အမျိုးမျိုးနဲ့ ဆောင်ရွက်နေကြတာလို့ Huawei ရဲ့ Vice President Carrier Business Group ဖြစ်သူ Zhou Jianjun ကပြောပါတယ်။ မြန်မာနိုင်ငံအနေနဲ့ Myanmar Digital Economy နာမည်နဲ့ ဆောင်ရွက်နေသလို တရုတ်နိုင်ငံအနေနဲ့ Internet Plus အမည်၊ ထိုင်းနိုင်ငံအနေနဲ့ Digital Thailand အမည်နဲ့ ဆောင်ရွက်နေတယ်လို့ သူကပြောပါတယ်။

Xiaomi ရဲ့ Android One စမတ်ဖုန်းကို Mi A1 ဟုခေါ်ဆိုဖွယ်ရှိ

Xiaomi ဟာ Android One စမတ်ဖုန်းအတွက် Google နဲ့ ပူးပေါင်းလုပ်ဆောင် နေတယ်ဆိုတာကို အားလုံးသိထားကြပြီး ဖြစ်ပါတယ်။ အခုအခါမှာတော့ အဆိုပါဟန်းဆက်ရဲ့ အချက်အလက်အချို့ဟာ ထပ်မံ ထွက်ပေါ်လာခဲ့ပါတယ်။

သတင်းတွေရဲ့အဆိုအရ Xiaomi ရဲ့ Android One စမတ်ဖုန်းကို Mi A1 ဟုခေါ်ဆိုဖွယ်ရှိပြီး full screen display ပါဝင်လာမယ်လို့ သိရပါတယ်။ အဲ့ဒီသတင်းတွေဟာ Weibo post တစ်ခုကနေ ဓာတ်ပုံတွေနဲ့တကွ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

Touchscreen အပြည့်ပါဝင်တဲ့ BlackBerry ဖုန်းကို အောက်တိုဘာလတွင် တွေ့မြင်ရဖွယ်ရှိ

BlackBerry ဖုန်းတွေထုတ်လုပ်နေတဲ့ တရုတ်ကုမ္ပဏီ TCL ဟာ အောက်တိုဘာလမှာ keyboard မပါဝင်ဘဲ touchscreen ပဲ အသုံးပြုထားတဲ့ BlackBerry စမတ်ဖုန်းသစ်ကို မိတ်ဆက်သွားမယ်လို့ သိရပါတယ်။

Note 7 ပိုင်ရှင်တွေကို Note 8 မှာ Samsung Discount ပေးမယ်

Samsung ဟာ ဒီနေ့မှာ Note 7 ပိုင်ရှင်တွေကို Note 8 အတွက် ဒေါ်လာ ၄၂၅ အထိ လျှော့ချပေးမယ့် အစီအစဉ်တစ်ရပ်ကု ကြေညာလိုက်ပါတယ်။ ဒီ Discount ကြီးကို Note 7 အလုံးရေများစွာဟာ ဘက်ထရီ မီးလောက်ပေါက်ကွဲမှုတွေနဲ့ ကြုံတွေ့ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်ဆိုးကို ပြန်လည် ချေဖျက်တဲ့အနေနဲ့ ပေးခဲ့တာပါ။

Sales and Marketing Career Conference 2017 ကျင်းပ

jobnet.com.mm မှဦးစီးကျင်းပတဲ့ အလုပ်အကိုင်ပြပွဲကို ယနေ့နံနက်ပိုင်းမှစတင်ကာ ကမ္ဘာအေးဘုရားလမ်းရှိ ဆီဒိုးနား ဟိုတယ်မှာ ကျင်းပပြုလုပ်လျက်ရှိပါတယ်။ “ရည်ရွယ်ချက်ကတော့ လူငယ်တွေအနေနဲ့ ဒီပွဲကိုလာရင် လက်ရှိသူတို့လုပ်ချင်တဲ့နေရာတွေမှာ အလုပ်တွေလျှောက်ထားနိုင်မယ်။ ပြီးတော့ Sales and Marketing ပိုင်းကိုကျွမ်းကျင်တဲ့ ဆရာ/ဆရာမ တွေကလည်း ဟောပြောပို့ချပေးသွားမှာဖြစ်တဲ့အတွက် လူငယ်တွေ အတွက် အများကြီး အကျိုးဖြစ်ပါတယ်” ဟု Jobnet မှ VP of Sales မဇင်မာကပြောပါတယ်။

ကားလမ်းထက်တွင် ဇိမ်ခံရွက်လှေစီး နေရသကဲ့ သို့ရသကို ပေးစွမ်းမည့် မာစီဒီးကားသစ် FEATURED

ကားလမ်းထက်တွင် ဇိမ်ခံရွက်လှေစီး နေရသကဲ့ သို့ရသကိုပေးစွမ်းမည့် မာစီဒီးကားသစ် မာစီဒီးကားကုမ္ပဏီက နောက်ဆုံး ဖန်တီးထားသည့်ကားသည် မည်သည့်နေရာတွင် ရောက်ရှိ

နေသည်ဖြစ်စေ လည်ပြန်ငေးကြည့် ရမည်မှာ မလွဲဧကန်ပင်ဖြစ်သည်။

ထိုင်ဝမ် လမ်းမပေါ်မှာ မောင်းသူမဲ့ဘတ်စ်ကား စတင်စမ်းသပ်

ထိုင်ဝမ်နိုင်ငံဟာ ကျောင်းပရဝုတ်များ၊ လေဆိပ်များနှင့် စက်မှုဇုန်များကဲ့သို့ ထိန်းချုပ်လို့ရတဲ့ နေရာများရှိ လမ်းမများပေါ်မှာ မောင်းသူမဲ့ဘတ်စ်ကားများကို စတင်စမ်းသပ် မောင်းနှင်နေပြီ ဖြစ်ပါတယ်။

တနင်္လာနေ့က ထိုင်ဝမ်မြို့တော်ရှိ လမ်းမတစ်ခုကို ပိတ်လိုက်ပြီး မောင်းသူမဲ့ ဘတ်စ်ကားရဲ့ ကွန်ပျူတာစနစ်က လမ်းရဲ့ မြေပုံကို ရေးဆွဲရန်၊ လမ်းအနေအထား ရင်းနှီးကျွမ်းဝင်းမှု ရရှိရန် နှင့် ဖြစ်လာနိုင်တဲ့ ထိခိုက်မှုတွေ တုံ့ပြန်သင်ယူရန် မနက် ၁ မှ ၄ နာရီအထိ၊ ၅ ရက်ကြာ စမ်းသပ်မှုကို ပြလုပ်မှာဖြစ်ပါတယ်။

16MP selfie ကင်မရာပါဝင်တဲ့ Redmi Note 5A ကို Xiaomi မိတ်ဆက်

အံ့အားသင့်ဖွယ်ရာ selfie ဓာတ်ပုံများရိုက်ကူးနိုင်ပြီး အရည်အသွေးကောင်းမွန်တဲ့ ဖုန်းတည်ဆောက်ပုံနဲ့ ကောင်းမွန်တဲ့ screen နဲ့ ဘက်ထရီသက်တမ်းတို့ကို ဈေးသက်သက်သာသာနဲ့ရရှိနိုင်မယ့် Redmi Note 5A ကို Xiaomi က မိတ်ဆက်ပေးလိုက်ပါတယ်။

စီးပွားရေးလုပ်ငန်းသုံး ဖုန်းခေါ်ဆိုသူအတွက် အခမဲ့ဝန်ဆောင်မှုတစ်ခု ပြုလုပ်လိုက်တဲ့ MPT

စီးပွားရေးလုပ်ငန်းသုံး ဖုန်းခေါ်ဆိုသူအတွက် အခမဲ့ဝန်ဆောင်မှုကို MPT က ဆောင်ရွက်လိုက်ပါတယ်။ မိုဘိုင်းဖုန်း အသုံးပြုသူတွေအနေနဲ့ မိမိတို့သိလိုတဲ့ အရောင်းတွေ၊ ဝန်ဆောင်မှုတွေ၊ သတင်းအချက် အလက် တွေနဲ့ ပတ်သက်ပြီး ယင်းတို့ ဆက်သွယ်လိုက်တဲ့ စီးပွားရေးလုပ်ငန်းတွေမှာ MPT ဝန်ဆောင်မှု ရယူထားခဲ့ရင် ဖုန်းခေါ်ခကျသင့်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ ၀၈၀၀ ၈၀၀ နဲ့စတဲ့ ဖုန်းခေါ်ဆိုသူတွေအတွက် အခမဲ့ ဖုန်းနံပါတ်တွေကို အော်တိုတယ်လီဖုန်း လိုင်းကနေတစ်ဆင့် လက်ခံနိုင်ဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။ MPT ရဲ့မိုဘိုင်းဖုန်း အသုံးပြုသူတွေနဲ့ အော်တိုတယ်လီဖုန်း အသုံးပြုသူတွေဟာ ဖုန်းခေါ်ဆိုခပေး စရာမလိုဘဲ ခေါ်ဆိုနိုင်မှာ ဖြစ်ပါတယ်။

၂၀၁၇ ဒုတိယသုံးလပတ်မှာ iPhone 7 က အရောင်းရဆုံးစမတ်ဖုန်းအဖြစ် ရပ်တည်ခဲ့

၂၀၁၇ ခုနှစ် ဒုတိယသုံးလပတ်အတွင်း အရောင်းရဆုံး စမတ်ဖုန်းစာရင်းကို Strategy Analytics က ဖော်ပြခဲ့ပါတယ်။

အဲ့ဒီစာရင်းအရ Apple ရဲ့ iPhone 7 နဲ့ iPhone 7 Plus တို့က ပထမနဲ့ ဒုတိယနေရာမှာ ရပ်တည်ခဲ့ပြီး Galaxy S8 နဲ့ Galaxy S8+ တို့က တတိယနဲ့ စတုတ္ထနေရာတို့မှာ အသီးသီးရပ်တည်ခဲ့တယ်လို့ သိရပါတယ်။ ဧပြီလ ကနေ ဇွန်လအတွင်း အရောင်းရဆုံး စမတ်ဖုန်းစာရင်းရဲ့ ပဉ္စမနေရာမှာတော့ Xiaomi Redmi 4A က ကမ္ဘာ တစ်ဝန်းတင်ပို့ရောင်းချမှုအရေအတွက် ၅.၅ သန်းနဲ့ ရပ်တည်ခဲ့ပါတယ်။