Sales and Marketing Career Conference 2017 ကျင်းပ

jobnet.com.mm မှဦးစီးကျင်းပတဲ့ အလုပ်အကိုင်ပြပွဲကို ယနေ့နံနက်ပိုင်းမှစတင်ကာ ကမ္ဘာအေးဘုရားလမ်းရှိ ဆီဒိုးနား ဟိုတယ်မှာ ကျင်းပပြုလုပ်လျက်ရှိပါတယ်။ “ရည်ရွယ်ချက်ကတော့ လူငယ်တွေအနေနဲ့ ဒီပွဲကိုလာရင် လက်ရှိသူတို့လုပ်ချင်တဲ့နေရာတွေမှာ အလုပ်တွေလျှောက်ထားနိုင်မယ်။ ပြီးတော့ Sales and Marketing ပိုင်းကိုကျွမ်းကျင်တဲ့ ဆရာ/ဆရာမ တွေကလည်း ဟောပြောပို့ချပေးသွားမှာဖြစ်တဲ့အတွက် လူငယ်တွေ အတွက် အများကြီး အကျိုးဖြစ်ပါတယ်” ဟု Jobnet မှ VP of Sales မဇင်မာကပြောပါတယ်။

အလုပ်အကိုင်ပြပွဲတွင် အလုပ်ပြခန်းပေါင်း ၂၆ ခန်းကျော်ပါဝင်ခဲ့ပြီး Sales and Marketing ပိုင်းကို အဓိကထား ခေါ်ယူသွားမယ်လို့ သိရပါတယ်။ ” အတွေ့အကြုံရှိတဲ့ အစ်ကို/အစ်မတွေက ဈေးကွက်နဲ့ပတ်သက်တဲ့ ဝယ်သူ ကို ဘယ်လိုမျိုးဆွဲဆောင်ရမလဲဆိုတဲ့ အသေးစိတ်အချက်အလက်တွေကို ပြောပြပေးတဲ့အတွက် မသိသေးတာ တွေကိုလည်း သိခွင်ရခဲ့ပါတယ်။

Marketing ပိုင်းကို အဓိကထားပြီး ဟောပြောပေးတဲ့ အတွက် ကျေနပ်ရပါတယ်” ဟု ပြပွဲသို့လာရောက် အလုပ်လျှောက်ထားသည့် မသိမ့်စမ်းအေးကပြောကြားခဲ့ပါတယ်။ အဆိုပါ အလုပ်အကိုင်ပြပွဲကို လာရောက်သူ ခြောက်ထောင်ခန့် တက်ရောက်ရန်ခန့်မှန်းထားပြီး မနက်ပိုင်းတွင် တက်ရောက်သူ နှစ်ထောင်ခန့်ရှိတယ်လို့ သိရပါတယ်။

-အောင်သက်ကို