လွှတ်တော်တွင်းရှိ လွှတ် တော်ကိုယ်စားလှယ် လစ်လပ်နေရာများအတွက် ကြားဖြတ်ရွေး ကောက်ပွဲကျင်းပပေးရန် လွှတ်တော်မှ အကြောင်းကြားစာပေးပို့လာပါက ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပပေးမည်ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ သတင်းရရှိသည်။
မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီး H.E. Mr.Andrew Patrick နှင့်အဖွဲ့အား ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌဦးလှသိန်းက မေလ ၁၈ ရက်တွင် နေပြည်တော်၌ လက်ခံတွေ့ဆုံရာတွင် ဦးလှသိန်းက ယင်းသို့ ပြောကြားဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ သတင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။