ကံမမြို့နယ် ပြည်သူ့ဆေးရုံကြီးအဝင်လမ်း ကွန်ကရစ်လမ်းခင်းရန် ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူးမှ အလှူငွေများ လှူဒါန်း

 

မေ ၁၇၊ ကံမ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေးသည် ၁၇-၅-၂၀၁၉ ရက်နေ့ နံနက်တွင် ကံမြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိခဲ့ပြီး ဆေးရုံအဝင်လမ်းအား ကွန်ကရစ်လမ်းခင်းရန်အတွက် အလှူငွေ များအေးပ်လှူဒါန်းခဲ့ ပါသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ ဦးသန်းဌေး ပေါင်းတည်မြို့နယ်များမှ ပါတီဝင်များနှင့် တွေ့ဆုံ

 

နေပြည်တော်၊ မေ ၁၇

ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်းသို့ ရောက်ရှိနေသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ ဦးသန်းဌေးသည် ယနေ့ မေလ ၁၇ ရက်နေ့ နံနက် ၁၀ နာရီ အချိန်၌ ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်း ပြည်ခရိုင် ပေါင်းတည်မြို့သို့ ရောက်ရှိကာ ပေါင်းတည်မြို့နယ် ပါတီရုံးခန်းမ၌ ပြည်ခိုင်ဖြိုးပါတီဝင်များ၊ ရပ်မိရပ်ဖများ၊ လူမှုရေးအဖွဲ့အစည်းများနှင့် တွေ့ဆုံကာ အမှာစကား ပြောကြားခဲ့သည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီ ဥက္ကဋ္ဌဦးသန်းဌေး ပြည်၊ ပန်းတောင်း၊ သဲကုန်း၊ ရွှေတောင်မြို့နယ်များမှ ပါတီဝင်များနှင့် တွေ့ဆုံ

 

နေပြည်တော်၊ မေ ၁၆

ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်းသို့ ရောက်ရှိနေသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ ဦးသန်းဌေးသည် ယနေ့ မေလ ၁၆ ရက်နေ့ ညနေ ၄ နာရီ အချိန်၌ ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်း ပြည်မြို့သို့ ရောက်ရှိကာ တိုင်းဒေသကြီး အနောက်ပိုင်း ပါတီရုံးခန်းမ၌ ပြည်၊ ပန်းတောင်း၊ သဲကုန်း၊ ရွှေတောင်မြို့နယ်များမှ ပြည်ခိုင်ဖြိုး ပါတီဝင်များ၊ ရပ်မိရပ်ဖများနှင့်တွေ့ဆုံကာ အမှာစကား ပြောကြားခဲ့သည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ ဦးသန်းဌေး ပေါက်ခေါင်းမြို့နယ်ရှိ ပါတီဝင်များနှင့် တွေ့ဆုံ

 

နေပြည်တော်၊ မေ ၁၆

ပဲခူးတိုင်းဒေသကြီးသို့ရောက်ရှိနေသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ ဦးသန်းဌေးသည် ယမန်နေ့ မေလ ၁၆ ရက်နေ့ မွန်းလွဲ ၂ နာရီ အချိန်၌ ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်းရှိ ပေါက်ခေါင်းမြို့နယ် ပါတီရုံးခန်းမ၌ ပေါက်ခေါင်းမြို့နယ်မှ ပြည်ခိုင်ဖြိုးပါတီဝင်များ၊ ရပ်မိရပ်ဖများနှင့် တွေ့ဆုံကာ အမှာစကား ပြောကြားခဲ့သည်။

ကယားပြည်နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ အလှူငွေသွားရောက်လှူဒါန်းခြင်း

 

ကယား ၊ မေ ၁၆

ယနေ့ ၁၆-၅-၂၀၁၉ရက်နေ့ နေ့လည် (၁း၀၀)နာရီအချိန် ကယားပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဗဟိုအလုပ်အမှုဆောင် ကယားပြည်နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ ဦးပိုးရယ်အောင်သိန်း ဦးဆောင်သောအဖွဲ့သည် လွိုင်ကော်မြို့နယ် ဒေါပေါ်ကလဲကျေးရွာအုပ်စု ဒေါဆော်လိရွာ (၁၅-၅-၂၀၁၉)ရက်နေ့ ည(၈း၁၅) နာရီအချိန် မီးလောင်သွားသော ဦးငါးရယ် နေအိမ်အား ဦးငါးရယ်မိသားစုကို သွားရောက်အားပေးစကား ပြောကြားပြီး အလှူငွေ ပေးအပ်လှူဒါန်း ပါသည်။

လေးမျက်နှာမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒေသဖွံ့ဖြိုးရေးနှင့် နယ်လှည့်ဆေးကုသမှု အလှူငွေများ လှူဒါန်း

 

လေးမျက်နှာ မေ ၁၅

တိုင်းဒေသကြီးပါတီ ကော်မတီဝင် ပါတီဆိုင်းဘုတ်တင်ပွဲသို့ တက်ရောက်ဖွင့်လှစ်

 

ဇီးကုန်း မေ ၁၅

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ဇီးကုန်းမြို့နယ် သရက်တပင်အုပ်စု ဝက်ကော်ကျေးရွာတွင် ပြည်ခိုင်ဖြိုး ဆိုင်းဘုတ်တင် အခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါဆိုင်းဘုတ်သစ်တင် အခမ်းအနားသို့ တိုင်းဒေသကြီး ပါတီကော်မတီဝင် ဦးသန်းဇော်ထွန်း၊ ခရိုင်ပါတီ ကော်မတီဝင် ဦးကျော်မင်းထွန်း၊ မြို့နယ်ပါတီအတွင်းရေးမှူး ဦးဇော်လင်းထွန်း၊ နယ်မြေတာဝန်ခံ ဦးကျော်ကျော်ဦး နှင့် မြို့နယ်ပါတီ ကော်မတီဝင်များ၊ ရပ်/ကျေးပါတီ ဥက္ကဋ္ဌနှင့် ပါတီဝင်များ၊ ရပ်မိရပ်ဖများ တက်ရောက် ခဲ့ကြသည်။

ကလေးမြို့ပြည်ခိုင်ဖြိုးပါတီမှ အောင်သစ္စာရပ်ကွက် မီးဘေးသင့် အိမ်ထောင်စုများအား အစားအသောက်နှင့် အသုံးအဆောင်ပစ္စည်းများ သွားရောက်လှူဒါန်း

 

ကလေး မေ ၁၅

ကောလင်းမြို့နယ် ရပ်ကျေးပါတီ ဆိုင်းဘုတ်တင်

 

ကောလင်း မေ ၁၅

ကောလင်းမြို့နယ် ရှမ်းကလုံးကျေးရွာ ရပ်ကျေးပါတီဥက္ကဋ္ဌ ဦးရဲစိန်၏ နေအိမ်တွင် ယမန်နေ့ နံနက် ၁၁ နာရီက ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်တင်ပွဲ ပြုလုပ်ခဲ့သည်။ ထိုဆိုင်းဘုတ်တင်ပွဲကို ကောလင်းမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ ဦးအောင်သန်းဦး၊ မြို့နယ်အမှုဆောင်များ၊ ရပ်ကျေးပါတီဥက္ကဋ္ဌများ၊ ရပ်မိရပ်ဖများ၊ ပါတီဝင်များ တက်ရောက် ခဲ့ကြသည်။ ဆိုင်းဘုတ်တင်အပြီးတွင် ရပ်မိရပ်ဖများနှင့် တက်ရောက် လာကြသော ပါတီဝင်များမေးမြန်းမှုကို ဦးအောင်သန်းဦးက ပြန်လည်ရှင်းလင်း ဆွေးနွေးပြီး ရေနွေးကြမ်း စကားဝိုင်း ဆွေးနွေးပွဲ ပြီးဆုံးခဲ့ကြောင်း သိရသည်။    ကျော်လွင်ဦး(ကောလင်း)