လေးမျက်နှာမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒေသဖွံ့ဖြိုးရေးနှင့် နယ်လှည့်ဆေးကုသမှု အလှူငွေများ လှူဒါန်း

 

လေးမျက်နှာ မေ ၁၅

ဧရာဝတီတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ ကော်မတီဝင် လေးမျက်နှာ ပြည်ခိုင်ဖြိုး ပါတီနာယက ဦးကျော်ဝင်းနိုင် သည် မြို့နယ်ပါတီဥက္ကဋ္ဌ ဦးသိန်းထွန်း၊ အနောက်ခြမ်းဒေသ နယ်မြေတာဝန်ခံ ပါတီကော်မတီဝင်များနှင့်အတူ ယမန်နေ့ နံနက် ၉ နာရီက လေးမျက်နှာမြို့နယ် ကညင်တိုင်းအုပ်စု ကညင်တိုင်းကျေးရွာနှင့် ရထားကွင်းကျေး ရွာတို့အား ဆက်သွယ်တည်ဆောက်မည့် လဲခုံကြီးချောင်းပေါ်ရှိ အရှည်ပေ ၁၂ဝ၊ အကျယ်ခြောက်ပေရှိ ကြိုးတံတား တည်ဆောက်ရေးလုပ်ငန်းခွင်သို့ သွားရောက်ပြီး ရပ်မိရပ်ဖများ၊ တံတားတည်ဆောက်ရေး ကော်မတီ ဝင်များ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍ တံတားတည်ဆောက်ရေးအတွက် အလှူငွေကျပ်နှစ်သိန်း၊ ရေသန့်ဘူး များနှင့် စားသောက်ဖွယ်ရာများအား ပေးအပ်လှူဒါန်းကာ တံတားတာဝန်ခံနှင့် လုပ်သားများအား တွေ့ဆုံ၍ အားပေးစကား ပြောကြားခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီး ကော်မတီဝင်နှင့်အဖွဲ့သည် မွန်းလွဲပိုင်းတွင် လေးမျက်နှာမြို့နယ် သဲနုကုန်းအုပ်စု စောပြာကျေးရွာ အခြေခံပညာအလယ် တန်းကျောင်း (ခွဲ) သို့ သွားရောက်၍ အနောက်တောင်တိုင်း စစ်ဌာနချုပ် အမှတ် (၄) စစ်မြေပြင်ဆေးတပ်ရင်းမှ တပ်မတော်နယ် လှည့်ဆေးကုသရေး အဖွဲ့၏ ဒေသခံကျေး လက်နေပြည်သူများအား ဆေးကုသမှု အခြေအနေအား သွားရောက်ကြည့်ရှု အားပေးစကား ပြောကြား၍ အလှူငွေ၊ ရေသန့်နှင့် စားသောက်ဖွယ်ရာများ လှူဒါန်းခဲ့ပြီး ဆေးဝါးကုသမူ ခံယူနေကြသည့် ဒေသခံပြည်သူများအား လိုက်လံနှုတ်ဆက်ခဲ့သည်။ အဆိုပါ ဆေးကုသမှုအဖွဲ့အနေဖြင့် လေးမျက်နှာ အနောက်ခြမ်း ဒေသတွင် ယနေ့နှင့် အရှေ့ဘက်ခြမ်းဒေသရှိ ပြည်သူများအား ယခုလ ၁၇ ရက်တွင် လေး မျက်နှာမြို့ အမှတ် (၃) ရပ်ကွက်ရှိ ဒက္ခိဏာရုံ (ပရဟိတ) စာသင်တိုက်၌ ဆက်လက် ကုသပေးနိုင်ရန် စီစဉ်ထားကြောင်း သိရသည်။    ရွှေမိုး(လေးမျက်နှာ)