သီပေါမြို့နယ် ပြည်ခိုင်ဖြိုးပါတီ တွေ့ဆုံပွဲ ကျင်းပ

 

သီပေါ ဇွန် ၆

ရှမ်း/မြောက် ကျောက်မဲခရိုင် သီပေါမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရပ်/ကျေးပါတီ အဖွဲ့ဝင်များ၏ တွေ့ဆုံပွဲကို ယမန်နေ့ နံနက် ၉ နာရီခွဲက သီပေါမြို့နယ် ပါတီရုံး ခန်းမတွင် ကျင်းပခဲ့သည်။

ဒဂုံမြို့သစ်အရှေ့ပိုင်း ပြည်ခိုင်ဖြိုးပါတီ မြို့နယ်ရပ်ကွက်နှင့် ကျေးရွာပါတီ ကော်မတီဝင်များ ပုံမှန်အစည်းအဝေး ကျင်းပ

 

ရန်ကုန် ဇွန် ၆

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ် မြို့နယ်ပါတီ ကော်မတီသည် ရပ်ကွက်နှင့် ကျေးရွာပါတီ ကော်မတီဝင်များဖြင့် လစဉ်ပုံမှန် အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁ နာရီက မြို့နယ် ပါတီရုံး အစည်းအဝေး ခန်းမဆောင်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

မင်္ဂလာဒုံပြည်ခိုင်ဖြိုးပါတီမှ အမှတ် (၆) မူလတန်းကျောင်းသို့ စားပွဲနှင့် ကုလားထိုင်များ လှူဒါန်း

 

ရန်ကုန်၊ ဇွန် ၆

မင်္ဂလာဒုံမြို့နယ်​ ပြည်​ခိုင်​ဖြိုးပါတီမှ စမ်းကြီးဝရပ်​ကွက် ရပ်​/​ကျေးပါတီနှင့်​ ပူး​ပေါင်း၍ ရပ်​ကွက်အတွင်းရှိ အမှတ်​(၆) အ​ခြေခံပညာမူလတန်း​ကျောင်းသို့ ​ကျောင်းတွင်းလိုအပ်​လျက်​ရှိ​သော စားပွဲခုံ ၁၀ ခုံနှင့်​ ထိုင်​ခုံ ၄၂ လှူဒါန်းပွဲကို ယမန်နေ့ ၁၀ နာရီအချိန်​က အဆိုပါ​ကျောင်း ရုံးခန်းတွင်း ကျင်းပလှူဒါန်း ခဲ့သည်​။

ကော့မှူးမြို့နယ် ပြည်ခိုင်ဖြိုး ပါတီလုပ်ငန်း အစည်းအဝေး ပြုလုပ်

 

ရန်ကုန် ဇွန် ၆

ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ အပတ်စဉ် အစည်းအဝေးအား ရက်သတ္တပတ်၏ ကြာသပတေးနေ့တိုင်း ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ မွန်းတည့် ၁၂ နာရီက မြို့နယ်ပါတီရုံး ခန်းမ၌ ပြုလုပ် ခဲ့သည်။

ညောင်ဦးခရိုင် ပြည်ခိုင်ဖြိုးပါတီ ပုံမှန်အစည်းအဝေး ကျင်းပ

 

ညောင်ဦး ဇွန် ၆

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်နှင့် ပြည်ခိုင်ဖြိုးပါတီ မြို့နယ်အစည်းအဝေးကို ယမန်နေ့ နံနက် ၉ နာရီခွဲက ညောင်ဦးခရိုင် နှင့် မြို့နယ်အစည်းအဝေး ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

နတ်မောက်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ သောက်ရေရှားပါးသည့် ကျေးရွာများသို့ သောက်သုံးရေ သွားရောက် လှူဒါန်း

 

နတ်မောက် ဇွန် ၆

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ကျောက်ပုံကျေးရွာအုပ်စု ဂွေးကန် (တ) ကျေးရွာအား နတ်မောက် မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ပါတီဥက္ကဋ္ဌ ဦးဇော်လတ်မိုးနှင့်အတူ မြို့နယ်ပါတီကော်မတီဝင် ဦးထွန်းမှီ၊ ဦးအောင်မြငြိမ်း၊ ဦးသန်းဝင်း၊ ဦးစိန်ကျော်လင်းနှင့် ပြည်ခိုင်ဖြိုးပါတီဝင်များ လိုက်ပါပြီး သောက်သုံးရေ သန့်များ လှူဒါန်းခဲ့ကြောင်း သိရသည်။

မိတ္ထီလာမြို့ ဘုန်းတော်ကြီး သင်ပညာရေးကျောင်းသို့ ပြည်ခိုင်ဖြိုးပါတီ လွှတ်တော်ကိုယ်စားလှယ် စာအုပ်များ လှူဒါန်း

 

မန္တလေး ဇွန် ၆

မိတ္ထီလာမြို့ စက်ဦးဘုန်းတော်ကြီးသင် ပညာရေးကျောင်းသို့ အလှူရှင် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်မိုးနှင့်ဇနီး ဒေါ်ချယ်ရီစိုးသိမ်း မိသားစုက ကျောင်းသုံးစာအုပ်၊ စာရေးကိရိယာ၊ အဖြူအစိမ်းအဝတ် အထည်၊ မုန့်သရေစာများအား ယမန်နေ့ နံနက် ၉ နာရီက လှူဒါန်းခဲ့သည်။

ရှမ်းအရှေ့ ပြည်ခိုင်ဖြိုးပါတီမှ လုပ်ငန်းညှိနိုင်း အစည်းအဝေး ကျင်းပ

 

ဇွန် ၅

(5-6-2019)ရက်နေ့ နေ့လည် (14:00) နာရီအချိန်တွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းယောင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီရုံး၌ ခရိုင်ပါတီအတွင်းရေးမှူး မြို့နယ်ပါတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူး မြို့နယ်ပါတီ ကော်မတီဝင်များ လူငယ်ရေးရာ တာဝန်ခံနှင့် အဖွဲ့ဝင်များသည် ပါတီ၏ ရှေ့ဆောင်ရွပ်မည့် လုပ်ငန်းစဉ်များအား ညှိနှိုင်းဆွေးနွေး ခဲ့သည်။

တာချီလိတ် ပြည်ခိုင်ဖြိုးပါတီမှ လစဉ်ပုံမှန် အစည်းအဝေး ကျင်းပ

 

ဇွန် ၅

(၅.၆.၂၀၁၉) ရက်နေ့တွင် တာချီလိတ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ရေးပါတီရုံး၌ ဗဟိုကော်မတီဝင် ဦးဝီလ်ဆင်မိုး ဦးဆောင်၍ ခရိုင်ဥက္ကဌ၊ ခရိုင်အတွင်းရေးနှင့် ကော်မတီဝင်များ၊ မြို့နယ်ဥက္ကဌ၊ မြို့နယ် အတွင်းရေးမှူးနှင့် ကော်မတီဝင်များ၊ အရန်ကော်မတီဝင်များ၊ ရပ်ကွက်ပါတီဥက္ကဌများ၊ အမျိုးသမီးအဖွဲ့များဖြင့် ရှေ့ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

ဥတ္တရသီရိမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မြို့နယ်ရပ်ကျေးပါတီဝင်များနှင့် တွေ့ဆုံ

 

နေပြည်တော် ဇွန် ၅

ပြည်ထောင်စုနယ်မြေ နေပြည်တော်ခရိုင် ဥတ္တရသီရိမြို့နယ်ရုံး အစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက် ၁ဝ နာရီတွင် မြို့နယ်နှင့် ရပ်/ ကျေး လပတ်ပုံမှန် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပခဲ့ကြောင်း သိရသည်။