ဒဂုံမြို့သစ်အရှေ့ပိုင်း ပြည်ခိုင်ဖြိုးပါတီ မြို့နယ်ရပ်ကွက်နှင့် ကျေးရွာပါတီ ကော်မတီဝင်များ ပုံမှန်အစည်းအဝေး ကျင်းပ

 

ရန်ကုန် ဇွန် ၆

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ် မြို့နယ်ပါတီ ကော်မတီသည် ရပ်ကွက်နှင့် ကျေးရွာပါတီ ကော်မတီဝင်များဖြင့် လစဉ်ပုံမှန် အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁ နာရီက မြို့နယ် ပါတီရုံး အစည်းအဝေး ခန်းမဆောင်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အစည်းအဝေးတွင် မြို့နယ်ပါတီဥက္ကဋ္ဌ ဦးမြင့်ခိုင်က အမှာစကား ပြောကြားပြီး ပါတီဗဟိုဌာနချုပ်နှင့် တိုင်း၊ ခရိုင် ပါတီအဆင့်ဆင့်တို့မှ လမ်းညွှန်ချက်များအား ရှင်းလင်းပြောကြားကာ မြို့နယ်၊ ရပ်ကွက်နှင့်ကျေးရွာပါတီ အဆင့်ဆင့်မှ ဆောင်ရွက်ရမည့် လုပ်ငန်းလမ်းစဉ်များအား ဆွေးနွေးပြောကြား ခဲ့သည်။ ဆက်လက်၍ မြို့နယ်ပါတီ အတွင်းရေးမှူးနှင့် မြို့နယ်ပါတီကော်မတီဝင်များက ရေးရာအလိုက် ဆောင်ရွက်မှုနှင့် ရပ်ကွက်နှင့် ကျေးရွာပါတီ ကော်မတီဝင်များက ဆောင်ရွက်ရမည့် ရေးရာအလိုက် တာဝန်များအား ရှင်းလင်းဆွေးနွေး ကြသည်။ ထို့နောက် တက်ရောက် လာသောရပ်ကွက်နှင့် ကျေးရွာပါတီကော်မတီဝင်များက မိမိတို့ နယ်မြေအလိုက် ဆောင်ရွက်ချက် များ၊လိုအပ်ချက်များအား ပြန်လည်တင်ပြ ဆွေးနွေးကြပြီး မြို့နယ်ပါတီဥက္ကဋ္ဌနှင့် ပါတီကော်မတီဝင် (နယ်မြေ တာဝန်ခံ) များက သက်ဆိုင်ရာ နယ်မြေများအလိုက် ပြန်လည်ရှင်းလင်း ဆွေးနွေးကြပြီး အစည်းအဝေးအား မွန်းလွဲ ၃နာရီတွင် အောင်မြင်စွာ ပြီးစီးခဲ့ကြောင်း သိရသည်။

စိုးမိုး(ဒဂုံအရှေ့)