လွိုင်ကော်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ချိကယ်ကျေးရွာအုပ်စု ဒေါတခြား (ကယား) ရွာ ပါတီဝင်များနှင့်တွေ့ဆုံ

 

လွိုင်ကော် မတ် ၁၅

လွိုင်ကော်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ယနေ့နံနက် ၉ နာရီခွဲတွင် ချိကယ်ကျေးရွာအုပ်စု ဒေါတခြား(ကယား) ရွာ လူငယ်ရိပ်သာ၌ ပါတီဝင်များနှင့် သွားရောက်တွေ့ဆုံသည်။
ယင်းသို့ တွေ့ဆုံရာတွင် လွိုင်ကော်ခရိုင် ပြည်ခိုင်ဖြိုးပါတီ ခရိုင်ကော်မတီဝင်နှင့် လွိုင်ကော်မြို့နယ် ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌတို့က ပြည်ခိုင်ဖြိုးပါတီ ရှေ့ဆက်လက်လုပ်ဆောင်ရမည့်ပါတီလုပ်ငန်းစဉ်များ၊ ရည်ရွယ်ချက်များ၊ ပါတီ မူဝါဒများ၊ ပါတီဝင်များ သိသင့်သိအပ်သောအကြောင်းအရာများ၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံတော် တည်ငြိမ်အေးချမ်းရေး အစရှိသော ကိစ္စရပ်များအား အကျယ်တဝင့်ဆွေးနွေးပြီး ပါတီဝင်လက်ထဲသို့ ပြည်ခိုင်ဖြိုး ပါတီမှ ထုတ်ဝေသော သတင်းစာများ၊ ဂျာနယ်များ ပေးအပ်ဝေငှသွားကာ လူငယ်မောင်မယ်များအတွက် ရန်ပုံငွေပေးအပ်ခဲ့သည်။
အဆိုပါတွေ့ဆုံပွဲသို့ လွိုင်ကော်ခရိုင် ပြည်ခိုင်ဖြိုးပါတီ ခရိုင်ကော်မတီဝင် ဦးစူးရယ်၊ လွိုင်ကော်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးမောင်ရွှေနှင့် မြို့နယ်ကော်မတီဝင်များ၊ ဒေါတခြား (ကယား) ရွာရှိ ပါတီဝင် ရပ်မိရပ်ဖများ၊ အမျိုးသမီးများနှင့် လူငယ်များ စုစုပေါင်းအင်အား ၁ဝဝ တက်ရောက်ခဲ့သည်။

မမောင်(ချိကယ်သူ)