ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ တတိယအကြိမ်မြောက် စိမ်းလန်းရွှေပြည်စာပေပြိုင်ပွဲ(၂၀၂၀-ပြည့်နှစ်) ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပပြုလုပ်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ တတိယအကြိမ်မြောက် စိမ်းလန်းရွှေပြည်စာပေပြိုင်ပွဲ(၂၀၂၀-ပြည့်နှစ်) ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပပြုလုပ်


=======================================
ဇူလိုင် ၁၄၊ ရန်ကုန်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ကြီးမှူးကျင်းပသည့် တတိယအကြိမ်မြောက် စိမ်းလန်းရွှေပြည်စာပေပြိုင်ပွဲ (၂၀၂၀-ပြည့်နှစ်) ဆုချီးမြှင့်ပွဲအခမ်းအနားကို ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၄ ရက်နေ့၊ နေ့လည် ၁ နာရီမွ နေ့လည် ၃ နာရီအချိန်ထိ ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ သံလွင်လမ်းရှိ ပါတီဌာနချုပ်ရုံးခွဲ(ရန်ကုန်)ခန်းမ၌ ကျင်းပပြုလုပ်ရာ ပါတီဥက္ကဋ္ဌ ဦးခင်ရီ၊ ဒုတိယဥက္ကဋ္ဌ ဦးမျိုးဇော်သိန်း၊ ဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေး၊ ဗဟိုအလုပ်အမှုဆောင် ဦးတင့်လှိုင်မြင့်၊ ရန်ကုန်တိုင်းဒေသကြီး ဥက္ကဋ္ဌ ဦးခင်မောင်စိုး၊ ဆုရွေးချယ်ရေးအဖွဲ့တာဝန်ရှိသူများ၊ ဆုရရွိသူမ်ား၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဝဏ္ဏကျော်ထင် သီရိပျံချီ ဦးခင်ရီမှ အဖွင့်အမှာစကားပြောကြားရာ “မြန်မာစာပေဖွံ့ဖြိုးတိုးတက်ရေးနှင့် မြန်မာ့ရိုးရာဂန္တဝင်ကဗျာများ မပျောက်ပျက်မတိမ်ကောစေရေးအတွက် ပြိုင်ပွဲကိုကျင်းပရခြင်းဖြစ်ကြောင်း၊ စာပေလောကတိုးတက်မြင့်မားစေရေးကိစ္စများကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးခဲ့ကြသော စာပေပညာရှင်များအားလည်းကောင်း၊ ဆုရွေးချယ်ရေးအဖွဲ့ကိုလည်းကောင်း၊ မှတ်တမ်းတင်ဂုဏ်ပြုကြောင်း၊ ဆုရရှိသူများအတွက်လည်း ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း” ပြောကြားခဲ့ပါသည်။ ဤအခမ်းအနားသို့ စာပေ ရုပ်ရှင် ဂီတ လူမှုရေးအဖွဲ့အစည်းများနှင့် ပါတီလုပ်ဖော်ကိုင်ဖက်များအပါအဝင် အင်အား(၂၀၀)ခန့် တက်ရောက်ခဲ့ပါသည်။

အစီအစဉ်အရ ပါတီဥက္ကဋ္ဌ ဦးခင်ရီ၊ ဒုတိယဥက္ကဋ္ဌ ဦးမျိုးဇော်သိန်း၊ ဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေးတိုမှ ကဗျာပေါင်းချုပ်ဆု(စာအုပ်)၊ ဝတ္ထုတိုပေါင်းချုပ်ဆု၊ ဆောင်းပါးပေါင်းချုပ် စာပေဒသာ(စာအုပ်) အကောင်းဆုံးဆုရရှိသူများ၊ ကဗျာပေါင်းချုပ် စာမူဆု ပထမ၊ ဒုတိယ၊ တတိယရရွိသူမ်ား၊ ဝတ္ထုတို စာမူဆု ပထမ၊ ဒုတိယ၊ တတိယရရွိသူမ်ား၊ လူငယ်စာပေ စာမူဆု ပထမ၊ ဒုတိယ၊ တတိယရရွိသူမ်ား၊ ကလေးစာပေ စာမူဆု ပထမ၊ ဒုတိယ၊ တတိယရရွိသူမ်ားအား ဆုမ်ားအသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြပါသည်။ ထိုနောက် ဆောင်းပါးပေါင်းချုပ် စာပေဒသာ(စာအုပ်) အကောင်းဆုံးဆုရရှိသူ အမ်းသျှမ်း-သျှီသျှားမြေ မွ ဆုရရွိသူမ်ား၏ကိုယ္စား ကျေးဇူတင်စကားပြန်လည်ပြောကြားခဲ့ပါသည်။

ဆက်လက်ပြီး ပါတီဥက္ကဋ္ဌ ဦးခင်ရီမှ ဆုရွေးချယ်ရေးအဖွဲ့အား ဂုဏ်ပြုလက်ဆောင်များချီးမြှင့်ပေးအပ်ရာ ဆရာ မောင်ငြိမ်းသူ)ကြို့ပင်ကောက်မှ လက်ခံရယူခဲ့ပြီး ဆုရွေးချယ်မှုများနှင့်ပတ်သက်ပြီး ဆရာ မောင်နိုင်မိုး(မြင်းမူ)မွ ရှင်းလင်းတင်ပြခဲ့ပါသည်။ ထိုနောက် ပါတီဥက္ကဋ္ဌနှင့်အဖွဲ့သည် စာပေဆုရရှိသည့် စာအုပ္မ်ားအား ကြည့်ရှုခဲ့ကြပြီး ဆုရွေးချယ်ရေးအဖွဲ့၊ ဆုရရွိသူမ်ား၊ ဖိတ်ကြားထားသူများနှင့် အမှတ်တရမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကာ အခမ်းအနားအား ရုတ်သိမ်းခဲ့ပါသည်။

#USDP #Myanmar
#Yangon