၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် အောက်တိုဘာလကုန်အထိ လယ်ယာစိုက်ပျိုးရေး ကဏ္ဍတွင် နိုင်ငံခြားရင်းနှီး မြှုပ်နှံမှု ဒေါ်လာ ၃ ဒသမ ၅၀၀ သန်း ဝင်ရောက်မြှုပ်နှံ

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် အောက်တို ဘာလကုန်အထိ မြန်မာနိုင်ငံ၏ လယ်ယာ စိုက်ပျိုးရေးကဏ္ဍတွင် နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှု ဒေါ်လာ ၃ ဒသမ ၅၀၀ သန်း ဝင်ရောက် မြှုပ်နှံထားကြောင်း ရင်းနှီး မြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်ကုန်အထိ မြန်မာနိုင်ငံ၏ လယ်ယာ စိုက်ပျိုးရေးကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဝင်ရောက်မှုမှာ စုစုပေါင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု၏ တစ် ရာ ခိုင်နှုန်းအောက်သာရှိကြောင်း ရင်းနှီးမြှုပ်နှံမှု နှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ထုတ် ပြန်သည့်စာရင်းများအရ သိရသည်။

မြန်မာနိုင်ငံ၏ လယ်ယာစိုက်ပျိုးရေး ကဏ္ဍတွင် နှစ်အလိုက်ရင်းနှီးမြှုပ်နှံမှုဝင် ရောက်ခဲ့သည့်အခြေအနေကို လေ့လာကြည့်ပက ၂၀၁၈ခုနှစ် ဧပြီလမှ စက်တင်ဘာလ အထိ ခြောက်လအတွင်း နိုင်ငံခြားရင်းနှီးမြှုပ် နှံမှုဒေါ်လာ ၁၀ ဒသမ ၆၅၀ သန်းသာရှိသည်။ ၂၀၁၇-၂၀၁၈ဘဏ္ဍာနှစ်အတွင်းက လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် ဒေါ်လာ ၁၃၄ ဒသမ ၄၈၅ သန်းဝင်ရောက်ခဲ့သော်လည်း  ၂၀၁၆-၂၀၁၇ ဘဏ္ဍာတွင်မူ လယ်ယာ  ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှု မဝင်ရောက်ခဲ့ပေ။

၂၀၁၅-၂၀၁၆ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၇ ဒသမ ၁ သန်းကျော်၊၂၀၁၄- ၂၀၁၅ ဘဏ္ဍာ နှစ်တွင် ဒေါ်လာ ၃၉ ဒသမ ၆၆ သန်းကျော်၊ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၂၀ ဒသမ၂ သန်းကျော်၊ ၂၀၁၂-၂၀၁၃ ဘဏ္ဍာ နှစ်တွင် ဒေါ်လာ ၉ ဒသမ ၆ သန်းကျော်ဝင် ရောက်ခဲ့ပြီး၂၀၁၁-၂၀၁၂ဘဏ္ဍာ နှစ်တွင်မူ ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်ခြင်းမရှိခဲ့ပေ။ ၁၉၈၈-၁၉၈၉ ဘဏ္ဍာနှစ်မှ ၂၀၁၈ ခု နှစ် စက်တင်ဘာလကုန်အထိ မြန်မာနိုင်ငံ အတွင်းသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုစုစုပေါင်း ဒေါ်လာ ၇၇ ဒသမ ၇ ဘီလျံကျော်အထိ ဝင် ရောက်ခဲ့ပြီး လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စုစုပေါင်းဒေါ်လာ ၃၉၅ သန်း ကျော်ဝင်ရောက်ခဲ့ပြီး စုစုပေါင်း ဝင်ရောက်ခဲ့သည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏ၏  ၀ ဒသမ ၅၁ ရာခိုင်နှုန်းသာ ရှိခဲ့ သည်။