ထပ်ဆောင်းကာကွယ်ဆေးထိုးထားပါက ကိုဗစ်ကြောင့်သေဆုံးနိုင်ခြေ ၁.၅ရာခိုင်နှုန်းသာရှိ

ကိုဗစ်-၁၉ ထပ်ဆောင်းကာကွယ်ဆေးထိုးထားပါက ကိုဗစ်ရောဂါကြောင့်သေဆုံးနိုင်ခြေမှာ  ၁.၅ရာခိုင်နှုန်းသာ ရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံမှာ (၂၈-၁-၂၀၂၂) ရက်နေ့မှ (၇-၉-၂၀၂၂) ရက်နေ့အထိ တွေ့ရှိရတဲ့ ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူတွေရဲ့  ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးထိုးနှံထားရှိမှု အခြေအနေတွေ ကို ဆန်းစစ်ချက်အရ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားသူတွေရဲ့ (၈၄.၁) ရာခိုင်နှုန်းမှာ ကာကွယ်ဆေးလုံးဝ ထိုးနှံထားခြင်း မရှိသူတွေနဲ့ ကာကွယ်ဆေး အကြိမ်ပြည့်မထိုးနှံထားတဲ့သူတွေ ဖြစ်ကြပြီး  (၁၄.၄) ရာခိုင်နှုန်းမှာ ကာကွယ်ဆေး အကြိမ်ပြည့် ထိုးနှံ ထားရှိသူတွေဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

(၁.၅) ရာခိုင်နှုန်းက တော့  ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံထားသူတွေဖြစ်တယ်လို့ သိရပါတယ်။ ဒါ့ကြောင့် မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံမှုနဲ့ ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွား/ သေဆုံးမှုတို့ကို  လေ့လာသုံးသပ်ချက်အရ ကာကွယ်ဆေးထိုးနှံထားသူတွေမှာ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုနဲ့ သေဆုံးမှုကို လျှော့ချနိုင်တယ်လို့ ထုတ်ပြန်ချက်အရသိရပါတယ်။

ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံခြင်းဖြင့် ရောဂါဖြစ်ပွားမှုနဲ့ သေဆုံးမှုကို လျှော့ချနိုင်တာကို တွေ့ရှိရတဲ့အတွက် ပြည်သူတွေ အနေနဲ့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးစည်းမျဉ်းစည်းကမ်းတွေကို တိက်စြာ လိုက်နာပြီး ထပ်ဆောင်းကာကွယ်ဆေးများ ထိုးနှံတာတွေကို မပျက်မကွက် ဆောင်ရွက်ကြဖို ကျန်းမာရေးဝန်ကြီးဌာနက အသိပေး နှိုးဆော်ထားပါတယ်။