အမေရိကန်တွင် လျှပ်စစ်ကား ဘက်ထရီစက်ရုံတည်ထောင်ရန် ဟွန်ဒါနှင့် အယ်လ်ဂျီပူးပေါင်း

ဂျပန်အခြေစိုက် မော်တော်ကားကုမ္ပဏီဖြစ်တဲ့ ဟွန်ဒါဟာ အမေရိကန်မှာ လျှပ်စစ်ကားဘက်ထရီစက်ရုံ တည်ထောင်ဖွင့်လှစ်ဖို တောင်ကိုရီးယားအခြေစိုက် အယ်လ်ဂျီနဲ့ ပူးပေါင်းလိုက်ပါတယ်။

ဒေါ်လာ ၄ ဒသမ ၄ ဘီလီယံရင်းနှီးမြှုပ်နှံမယ့် အဲဒီဘက်ထရီစက်ရုံရဲ့ ရှယ်ယာ ၄၉ ရာခိုင်နှုန်းကို ဟွန်ဒါက ပိုင်ဆိုင်မှာဖြစ်ပြီး ကျန် ၅၁ ရာခိုင်နှုန်းကိုတော့ အယ်လ်ဂျီက ပိုင်ဆိုင်မှာဖြစ်ကာ ၂၀၂၅ ခုနှစ်မှာ လျှပ်စစ်ကားတွေအတွက် ဘက်ထရီတွေစတင်ထုတ်လုပ်ဖို ရည်မှန်းထားပါတယ်။ ဘက်ထရီတွေကိုတော့ အမေရိကန်နဲ့ အခြားနိုင်ငံတွေမှာရှိတဲ့ ဟွန်ဒါရဲ့မော်တော်ကားစက်ရုံတွေကို ထောက်ပံ့ပေးသွားမှာဖြစ်ပြီး လျှပ်စစ်ကားတွေ တိုးမြှင့်ထုတ်လုပ်ဖို ဟွန်ဒါရဲ့ အားထုတ်မှုတစ်စိတ်တစ်ပိုင်းလည်းဖြစ်ပါတယ်။ ဟွန်ဒါဟာ ၂၀၄၀ ပြည့်နှစ်မှာ ကုမ္ပဏီက ထုတ်လုပ်တဲ့ကားအားလုံးကို လျှပ်စစ် သိုမဟုတ် ဟိုက်ဒရိုဂျင်စွမ်းအင်သုံးကားတွေသာ ထုတ်လုပ်သွားမယ်လို ကြေညာထားပါတယ်။ ဟွန်ဒါဟာ အမေရိကန်မှာ လျှပ်စစ်ကားတွေအတွက် ဘက်ထရီစက်ရုံတည်ထောင်တဲ့ နောက်ဆုံး ဂျပန်ကုမ္ပဏီဖြစ်ပြီး တိုယိုတာကေတာ့ ၂၀၂၅ ခုနှစ်မှာ သူ့ရဲ့ စက်ရုံကိုလည်ပတ်ဖို စီစဉ်နေပါတယ်။