အသည်း ကင်ဆာ မဖြစ်အောင် သဘာဝ ဆေးနည်း များဖြင့် ကာကွယ် တားဆီး လို့ ရပါတယ်

ဆိုးရွားစွာ ခံစားနေရသော အသည်း ကင်ဆာ ကို သဘာဝ ဆေးနည်း တွေနဲ့ အမြစ်ပြတ် ပျောက်ကင်းအောင် ကုသဖို့ ဆိုတာတော့ သိပ်ပြီး အာမမခံပါ။ ကံကောင်းရင်လည်း သဘာဝ ဆေးနည်း တွေနဲ့ ပျောက်ကင်းအောင် ကုသလို့ရပါတယ်။ ဆေးစားတော့ မှန်ရမှာပေါ့။

အသည်း ကင်ဆာကို ကြိုတင်ကာကွယ်တားဆီးဖို့နဲ့ အသည်း ကင်ဆာ ရောဂါ စတင်ဖြစ်ပွားနေသူများအတွက် သဘာဝ ဆေးနည်းကောင်း များကို ဖော်ပြပေးပါ့မယ်။ စမုံစပါးစေ့ ( Cumin ) ကို အမှုန့်ကြိတ်၍ နေ့စဉ်ပုံမှန် လက်ဖက်စားဇွန်းနဲ့ မနက်ညရေအေးဖြင့် သောက်သုံးပေးပါက အသည်းကင်ဆာ ရောဂါကို ကာကွယ်တားဆီး ပေးပါတယ်။

( Cumin ) ဟာ ဇီရာစေ့ မဟုတ်ပါဘူးနော် မှားနေမှာစိုးလို့။ ဂျင်း ( Ginger ) တက်ကို နေအခြောက်လှန်းပြီး အမှုန့်ကြိတ်ပါ။ ရရှိလာသော ဂျင်းအမှုန့် ကို လက်ဖက်စားဇွန်းဖြင့် မနက်ည ရေအေးဖြင့် သောက်သုံးပေးပါ။
နနွင်း ( Turmeric ) အမှုန့် ကို ရေအေးဖြင့် မနက်ည ပုံမှန် သောက်သုံးပေးပါကလည်း အသည်းကင်ဆာကို ပျောက်ကင်းသက်သာ စေပါတယ်။

ကြက်သွန်ဖြူ ( Garlic ) ကို နံနက်အိပ်ယာထ မျက်နှာ မသစ်ခင် အစိမ်းစားပေးပါက အသည်းကင်ဆာ ရောဂါကို ကာကွယ်တားဆီး ပေးပါတယ်။

Credit: lwinpyin