ဆေးလိပ်သောက်ခြင်းကြောင့် DNA များ ထိခိုက်ပျက်စီးနိုင်ကြောင်း တွေ့ရှိ

ဆေးလိပ်သောက်ခြင်းကြောင့် ကျန်းမာရေး ထိခိုက်နိုင်တယ်ဆိုတာ သိပြီးသားဖြစ်ပေမယ့် မကြာသေးမီက ပြု လုပ်ခဲ့တဲ့ သုတေသနတစ်ရပ်မှာ ဆေးလိပ်သောက်တာဟာ DNA ကို ထိခိုက်ပျက်စီးနိုင်ကြောင်းပါ တွေ့ရှိခဲ့ ပါတယ်။

images3

တစ်နေ့ကို စီးကရက်တစ်ဗူးနဲ့ တစ်နှစ်လောက် သောက်ခြင်းကြောင့် ခန္ဓာကိုယ်ရဲ့ မတူတဲ့ အစိတ်အပိုင်းတွေ မှာရှိတဲ့ ဆဲလ်တွေမှာ အပြောင်းအလဲတွေ များစွာဖြစ်ပေါ်နိုင်တာကို ယင်းသုတေသနအတွင်းမှာ တွေ့ရှိခဲ့ တာပါ။

ဆေးလိပ်ဒဏ်ကို တိုက်ရိုက်ပိုမိုခံစားရတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေဖြစ်တဲ့ အဆုတ်၊ ခံတွင်းနဲ့ လည်ချောင်း တို့ရဲ့ ဆဲလ်တွေဟာ ပိုမိုပြီးထိခိုက်ပျက်စီးပါတယ်။

တစ်နည်းအားဖြင့် ဆဲလ်တွေရဲ့ မျိုးဗီဇသန္ဓေပြောင်းမှု ဖြစ်စဉ်ကို ပျက်ယွင်းစေပြီး ကင်ဆာရောဂါ ဖြစ်ပွားနိုင် ချေကို မြင့်မားစေတာ ဖြစ်ပါတယ်။

ဆေးလိပ်သောက်ခြင်းဟာ DNA ကိုပါ ထိခိုက်ပျက်စီးစေနိုင်ပြီး ဆေးလိပ်သောက်တဲ့သူတွေရဲ့ DNA မှာ အပြောင်းအလဲတွေ ဖြစ်ပေါ်တယ်ဆိုတာကို သုတေသန ပညာရှင်တွေက တွေ့ရှိခဲ့ပါတယ်။

ဆေးလိပ်ဒဏ် တိုက်ရိုက်ထိတွေ့ရတဲ့နေရာက တစ်ရှုးတွေမှာ ပုံမှန်မဟုတ်တဲ့ အမှတ်လက္ခဏာတစ်ခုကို တွေ့ ရှိရပြီး အဲဒီအမှတ်လက္ခဏာမျိုးကို ဆေးလိပ်နဲ့ ဆက်နွယ်နေတဲ့ ကင်ဆာရောဂါတွေမှာ တွေ့ရများကြောင်း လည်း တွေ့ရှိခဲ့ရပါတယ်။


Leave a Reply