ဝုလ်ဗ် – မန်ယူ၊ ဆွမ်ဆီး – မန်စီးတီး တို့ တွေ့ဆုံတဲ့ အက်ဖ်အေဖလား ကွာတားဖိုင်နယ်အဆင့်ပွဲစဉ်များ

တနင်္လာနေ့က အက်ဖ်အေဖလား ပဉ္စမအဆင့်ပွဲစဉ်တွေ ပြီးဆုံးခဲ့ပြီးနောက်မှာတော့ ကွာတားဖိုင်နယ်ပွဲစဉ်တွေ အတွက် အတွဲအဖက်တွေ ပေါ်ထွက်လာပြိဖြစ်ပါတယ်။

လက်ရှိချန်ပီယံ ချယ်လ်ဆီးအသင်းကို ၀-၂ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ မန်ယူအသင်းက ကွာတာဖိုင်နယ်အဆင့်မှာ ၀ုလ်ဗ်အသင်းရဲ့ အိမ်ကွင်းကို သွားရောက် ကစားရမှာဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ချိန်ပီယံ မန်စီးတီးကတော့ ကွာတားဖိုင်နယ်အဆင့်မှာလည်း ပွဲချောင်ခဲ့တယ်လို့ ဆိုရမှာဖြစ်ပြီး ချန်ပီယံရှစ်ကလပ် ဆွမ်ဆီးစီးတီးနဲ့ အဝေးကွင်းမှာ ကစားရပါမယ်။

နောက်ထပ်အတွဲတွေကတော့ မီဝေါလ်အသင်းက အိမ်ကွင်းမှာ ဘရိုက်တန်နဲ့ ၀က်ဖို့ဒ်အသင်းက ခရစ္စတယ်လ်ပဲလေ့စ် ကို အိမ်ကွင်းမှာ အသီးသီး လက်ခံကစားကြမှာဖြစ်ပါတယ်။

ကွာတားဖိုင်နယ်ပွဲစဉ်တွေကို မတ်လ ၁၅-၁၈ ရက်တွေမှာ ကစားကြမှာဖြစ်ပြီး အနိုင်ရတဲ့အသင်းတွေကတော့ ဆုကြေးငွေ ပေါင် ၇၂၀,၀၀၀ ရရှိမှာဖြစ်ပါတယ်။

ကွာတားဖိုင်နယ်ပွဲစဉ်များ

ဆွမ်ဆီးစီးတီး – မန်စီးတီး

ဝက်ဖို့ဒ် – ခရစ္စတယ်လ်ပဲလေ့စ်

ဝုလ်ဗ် – မန်ယူ

မီဝေါလ် – ဘရိုက်တန်

—Ref: Skysports